Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, October 6, 2014

ထိုင်းမှာ စွပ်စွဲခံ မြန်မာလူငယ်နှစ်ဦး လူသတ်တရားခံအစစ် ဖြစ်နိုင်သလား

ထိုင်းနိုင်ငံတောင်ပိုင်းက လိပ်ကျွန်းလို့ လူသိများတဲ့ ခိုတောင်းကျွန်းမှာ ဖြစ်ပွားခဲ့တဲ့ ဗြိတိသျှလူမျိုးနှစ်ဦး သတ်ဖြတ်ခံရမှုမှာ တရားခံအဖြစ် စွပ်စွဲဖမ်းဆီးခံထားရတဲ့ အသက် ၂၀ ခန့် မြန်မာလူငယ်နှစ်ဦးဟာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မိကျောင်းရေသောက်ကျေးရွာက ဖခင် (စုံစမ်းဆဲ)နဲ့ ဒေါ်ဖြူချေနုတို့၏ သားဖြစ်သူ ကိုဇော်လင်းနဲ့ ကျောက်ဖြူမြို့နယ် ကာပီချောင်းကျေးရွာက ဦးထွန်းထွန်းထိုက်နဲ့ ဒေါ်မေသိန်းတို့ရဲ့သား ကိုဝင်းဇော်ထွန်း တို့ဖြစ်ကြောင်း စုံစမ်းသိရပါတယ်။

ဒါ့ပြင် ရသေ့တောင်မြို့နယ် လိုင်ဂွင်ကျေးရွာဇာတိ ကိုမောင်မောင်ဆိုသူကိုပါ ထိုင်းရဲတွေက စွပ်စွဲထားပြီး၊ သူက တရားခံအဖြစ်ဝန်ခံဖို့ ငြင်းဆန်နေတယ်လို့ သိရပါတယ်။ အဲဒီ ဗြိတိသျှစုံတွဲ အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုဖြစ်ရပ်မှာ မြန်မာလူငယ်တွေ တရားခံအဖြစ် စွပ်စွဲဖမ်းဆီးခံထားရမှုနဲ့ ပတ်သက်လို့ လိပ်ကျွန်းမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာတွေအကြား ထိုင်းရဲတွေရဲ့ အကွက်ဆင်ဖန်တီး စွပ်စွဲမှုတစ်ခုအဖြစ် ရှုမြင်နေကြပါတယ်။

အဲဒီကျွန်းမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ကိုကျော်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။







ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ