Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, October 5, 2014

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် လမ်းဖြတ်ကူးသည့်နွားအား အရှိန်မထိန်းနိုင်သည့်ယာဉ်မှ ၀င်ရောက်တိုက်မိ၍ သေဆုံး၊ ဒဏ်ရာရ

နေပြည်တော်၊ အောက်တိုဘာ ၎

၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်အချိန် မန္တလေးတိုင်း ဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ရန်ကုန်- မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၅၉/၇)တွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ ပေပင်လေး အမြန်လမ်း ရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေး ခဲ့သည်။

စစ်ဆေးချက်အရ မန္တလေးမှရန်ကုန်သို့ မဟာအောင်မြေမြို့နယ်၊ မျက်ပါးရပ်နေ ထွန်းမင်းလွင်(၄၀)နှစ် မောင်းနှင်လာသည့် ၆ဃ/xxxx ဟိုင်းလပ်ဆပ်ခဲရောင်ယာဉ်မှာ အရှေ့မှ အနောက်သို့ ယာတောသွားရန် ပျော်ဘွယ်မြို့နယ်၊ စည်းခုံကျေးရွာနေ ၀င်းဦး(၄၈)နှစ်ထိန်းကျောင်း မောင်းနှင်ပြီး လမ်းဖြတ်ကူးသွားနေသောနွားအုပ်မှ ကျန်နေသည့်နွား(၁)ကောင်ကို အရှိန်မထိန်းနိုင်ဘဲ ၀င်ရောက်တိုက်မိ၍ လမ်းလယ်ကျွန်းအားကျော်ကာ တစ်ဖက်ယာဉ်ကြောတွင် လမ်းပြောင်းပြန်ရပ်တန့် သွားခဲ့ကြောင်း သိရှိရသည်။

ထိုသို့တိုက်မိမှုကြောင့် ယာဉ်ပေါ်ပါ စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦး မြို့နယ်၊ သဲအင်းဂူ၊ အောင်ပန်းရွာတောရကျောင်းနေ ဦးဥုက္ခရ(၆၀)နှစ်၊ ၀ါတော်(၇)၀ါ၊ ရန်ကုန်တိုင်း ဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ လေးဒေါင့်ကန်ရပ်နေ ဒေါ်မြမြ(၈၃)နှစ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ မလိခ အိမ်ယာနေ ဒေါ်ဖွားစိန်(၈၁)နှစ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ မြို့သစ်ရပ်နေ ဦးလှထွန်းအောင်(၅၄)နှစ်တို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် တောညောင်ကုန်းတိုက်နယ်ဆေးရုံသို့ တင်ပို့ကုသစဉ် ဆရာတော် ဦးဥုက္ခရမှာ ရရှိသောဒဏ်ရာများဖြင့် ဆေးရုံ၌ပျံလွန်တော်မူသွားခဲ့ကြောင်းနှင့် ယာဉ်မောင်း ထွန်းမင်းလွင်အား ပေပင်လေးအမြန်လမ်းရဲစခန်း ယာဉ်(ပ)၂၈/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/ ၃၃၈ ဖြင့်လည်းကောင်း၊ ၀င်းဦးအား ပေပင်လေးအမြန်လမ်းရဲစခန်း၊ ရဲအရေးမပိုင်မှုအမှတ်စဉ် (၁၆၀/၂၀၁၄)၊ လမ်းမကြီးများဥပဒေပုဒ်မ ၉(ခ)ဖြင့်လည်းကောင်း အသီးသီး အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ