ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, October 13, 2014

မြေယာသိမ်းမှုများ ရပ်တန့်ဖို့ လူမှုအဖွဲ့အစည်းများ တိုက်တွန်း

ငြိမ်းချမ်းရေး ဆွေးနွေးနေချိန်ကာလအတွင်း တိုင်းရင်းသားဒေသတွေမှာ သဘာဝသယံဇာတ ထုတ်ယူသုံးစွဲတဲ့ စီမံကိန်းတွေနဲ့ မြေယာသိမ်းဆည်းမှုတွေကို ရပ်တန့်ဖို့ ထားဝယ်မြို့အခြေစိုက် လူမှုအဖွဲ့အစည်းတွေက အစိုးရအဖွဲ့နဲ့ ကရင်အမျိုးသားအစည်းအရုံး ကေအဲန်ယူကို ဒီကနေ့ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

အစိုးရစစ်တပ်နဲ့ ကေအဲန်ယူတို့ အပစ်ခတ်ရပ်စဲပြီးနောက်ပိုင်း တနင်္သာရီတိုင်းကို ဝင်ရောက်လာတဲ့ စီမံကိန်းတွေကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးတာတွေ ရှိလာတဲ့အတွက် အခုလိုကြေညာချက် ထုတ်ပြန်တောင်းဆိုရတာဖြစ်တယ်လို့ ထားဝယ်မြို့အခြေစိုက် တာကပေါလူမှုအဖွဲ့က မနော်လောရာက ပြောပါတယ်။

"အထူးသဖြင့် သဘာဝပတ်ဝန်းကျင် ထိခိုက်တဲ့အရာတွေပေါ့နော်၊ စစ်ကြောင့်မပျက်စီးပေမယ့်လည်း အခုအချိန်မှာက ကုမ္ပဏီအရင်းရှင်တွေကြောင့် ပျက်စီးသွားတဲ့နေရာတွေ ရှိတယ်ပေါ့နော်၊ ကျမတို့ လူမှုဘဝအနေနဲ့ကတော့ သူတို့မှီခိုနေရတဲ့ ချောင်းတွေက မကြည်လင်တော့ဘူးလေ"

အစိုးရနဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေ ငြိမ်းချမ်းရေးဆွေးနွေးနေပေမယ့် ဒေသခံတိုင်းရင်းသားတွေမှာ လူမှုဘဝထိခိုက်ပျက်စီးမှု၊ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးမှုတွေကို ရင်ဆိုင်ကြုံတွေ့နေရတဲ့အတွက် အဲဒီအခက်အခဲတွေကို ဖြေရှင်းပေးဖို့နဲ့ ငြိမ်းချမ်းရေးရရှိပြီး နောက်ပိုင်းကာလမှာမှ ဒေသခံတွေရဲ့ သဘောထားကို ကောက်ခံပြီး စီမံကိန်းတွေကို ပြန်လည်လုပ်ကိုင်ဖို့ အဲဒီ ကြေညာချက်မှာ ပါရှိပါတယ်။

အဲဒီကြေညာချက်ကို ထားဝယ်မြို့အခြေစိုက် ထားဝယ်ဖံွ့ဖြိုးမှုအဖွဲ့၊ တာကပေါလူမှုအဖွဲ့ အပါအဝင် အဖွဲ့အစည်း ၅ ဖွဲ့က ဒေသခံတွေရဲ့ သဘောထားကောက်ခံပြီး ထုတ်ပြန်တာဖြစ်ပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ