Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, October 13, 2014

တပ်သိမ်းမြေ ဧက ၃၀၀၀ ကျော် မကြာခင် ဝင်ရောက်စိုက်ပျိုးမည်

မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ် ညောင်ဝန်းကျေးရွာမှာ နှစ် ၄၀ ကျော်ကြာ တပ်မြေအဖြစ် သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေဧက သုံးထောင်ကျော်အတွင်း ဒေသခံလယ်သမားတွေက ဝင်ရောက်စိုက်ပျိုးသွားမယ်လို့ သိရပါတယ်။

အဲဒီ လယ်ဧက ၃ဝဝဝ ကျော်အနက် ဧက ၂ဝဝဝ လောက်မှာ တပ်မတော်က ကြံတွေ စိုက်ပျိုးထားပြီး အဲဒီကြံပင်တွေကို အချိုန်တန်လို့ခုတ်လှဲပြီးတဲ့အခါမှာ လယ်သမားတွေက ဝင်ရောက်စိုက်ပျိုးဖို့ စီစဉ်ထားကြတာဖြစ်တယ်လို့ ညောင်ဝန်းရွာသား ဦးမျိုးသိန်းက ပြောပါတယ်။

ပြီးခဲ့တဲ့သြဂုတ်လ ၁၄ရက်နေ့က ညောင်ဝန်းကျေးရွာ လယ်မြေပိုင်ဆိုင်မှုအပေါ် မြို့နယ်ရဲတပ်ဖွဲ့နဲ့ ဒေသခံတွေအကြား အငြင်းပွားမှုဖြစ်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်ခတ်တာကြောင့် ဒေသခံ ၉ ဦး ဒဏ်ရာရရှိပြီး နေအိမ်တစ်လုံးပျက်စီးခဲ့ပါတယ်။

အဲဒီပစ်ခတ်မှုမှာပါဝင်သူတွေကို အရေးယူပေးဖို့နဲ့ သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေကို ပြန်ပေးဖို့ ဒေသခံတွေက စက်တင်ဘာလကုန်မှာ ဆန္ဒပြခဲ့ကြတဲ့အတွက် စဥ့်ကူးမြို့နယ်အုပ်ချုပ်ရေးမှူးက လယ်သမားတွေကို ဒီလဆန်းမှာ လာရောက်တွေ့ဆုံပြီး လယ်ယာမြေဧက ၃ဝဝဝ ကျော်ထဲက ၇၅ ဧကကို ပြန်ပေးမှာဖြစ်ကြောင်းနဲ့ ပျက်စီးခဲ့တဲ့ နေအိမ်တစ်လုံးအတွက် လျော်ကြေးအဖြစ် ကျပ် လေးသိန်းပေးမှာဖြစ်ကြောင်း ပြောဆိုခဲ့ပေမယ့် ဒေသခံတွေက ငြင်းပယ်လိုက်တယ်လို့ သိရပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ