Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, October 1, 2014

အမျိုးသားနိုင်ငံရေးဆိုပြီး ခွဲခြားပြောဆိုတာဟာ မရိုးသားဟု ဒေါ်အောင်ဆန်းစုကြည်ပြော

နိုင်ငံရေး ပါတီတွေရဲ့ အခန်း ကဏ္ဍနဲ့ ပတ်သက်ပြီး အမျိုးသား နိုင်ငံရေးနဲ့ ပါတီနိုင်ငံရေးကို ခွဲခြား ပြောဆို မှုဟာ အရင်စစ်အစိုးရ ခေတ်က အတိုက်အခံ ဒီမိုကရေစီရေး ဆောင်ရွက်သူတွေကို အဆင့်အတန်းချ ဆက်ဆံဖို့ သုံးစွဲခဲ့တဲ့ စကားဖြစ်ပြီး ဒီစကားကို ပြောဆို သုံးစွဲတာဟာ ရိုးသားမှု မရှိတဲ့ လုပ်ရပ် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။

နေပြည်တော် လွှတ်တော် အစည်းအဝေးကို စက်တင်ဘာ ၂၉ ရက် မနေ့က လာရောက်လေ့လာတဲ့ နိုင်ငံရေး ဦးဆောင်သင်တန်းကျောင်းက သင်တန်းသားတွေနဲ့ တွေ့ဆုံစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

"ပါတီနိုင်ငံရေးနဲ့ အမျိုးသားနိုင်ငံရေးကို ခွဲခြားပြီးပြောတယ်၊ ဒါက အမှန်ပြောရမယ်ဆိုလို့ရှိရင် NLD ကို တိုက်ချင်လို့ပြောတာပဲ၊ NLD က ပါတီနိုင်ငံရေး လုပ်နေတယ်ပေါ့၊ ပါတီနိုင်ငံရေးက နှိမ့်ကျတယ်၊ အမျိုးသားနိုင်ငံရေးက မြင့်တယ်ပေါ့၊ တကယ်တော့ ပါတီနိုင်ငံရေးပဲလုပ်လို့ရမယ် အခုခေတ်ဒီမိုကရေစီအရ၊ ပါတီနိုင်ငံရေးနဲ့ အမျိုးသားနိုင်ငံရေးကို ခွဲခြားပြီးပြောတာဟာ ပွင့်ပွင့်လင်းလင်းပြောရရင် ရိုးသားမှုမရှိဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ဘယ်လိုမှ နိုင်ငံရေးပါတီတွေမရှိပဲနဲ့ ခုခေတ်မှာ ဒီမိုကရေစီနိုင်ငံရေး လုပ်လို့မရဘူး"

နိုင်ငံရေးပါတီဆိုတာ ခေတ်ရဲ့လိုအပ်ချက်အရ ပေါ်ပေါက်လာတာဖြစ်ပြီး ဒီနိုင်ငံရေးပါတီတွေအနေနဲ့ ကိုယ့်ရဲ့အခန်းကဏ္ဍကို နားလည်သဘောပေါက်ဖို့ လိုအပ်ကြောင်း နိုင်ငံရေးပါတီမရှိဘဲ ဒီမိုကရေစီ ဖော်ဆောင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးဆိုတာ သိနားလည်ရမှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားပါတယ်။

မနေ့က လွှတ်တော်ကို လာရောက်လေ့လာခဲ့တဲ့ နိုင်ငံရေးဦးဆောင် သင်တန်းကျောင်းက လေ့လာရေး သင်တန်းသားတွေဟာ နိုင်ငံရေးပါတီပေါင်းစုံက အဖွဲ့ဝင်တွေ ဖြစ်ကြတယ်လို့ သိရပါတယ်။



ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ