Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, October 13, 2014

ပုဂံကို ကမ္ဘာ့အမွေအနှစ် သတ်မှတ်ဖို့ ယဉ်ကျေးမှု ဝန်ကြီးဌာန ကြိုးပမ်း

စစ်အစိုးရ လက်ထက်က ရှေးဟောင်း ဘုရားတွေကို ပညာရှင်တွေနဲ့ မတိုင်ပင်ပဲ ပြန်လည် ပြုပြင် တည်ဆောက်မှုတွေ ရှိခဲ့ ပုဂံကို ကမ္ဘာ့အမွေအနှစ်တခုအဖြစ် သတ်မှတ် နိုင်ရေးအတွက် မြန်မာနိုင်ငံ ယဉ်ကျေးမှု ဝန်ကြီးဌာနက ကြိုးပမ်း ဆောင်ရွက်နေပါတယ်။

ယူနက်စကိုက ချမှတ်ထားတဲ့ ကမ္ဘာလုံး ဆိုင်ရာ စံတန်ဘိုး သတ်မှတ်ချက် ၆ချက်ထဲမှာ ဘယ်အချက် တွေနဲ့ ကိုက်ညီမှု ရှိနေသလဲ၊ ဘယ်လို တင်ပြကြမလဲ ဆိုတာတွေကို အစိုးရ၊ ပြည်တွင်း ပြည်ပ ပညာရှင် တွေနဲ့ အရပ်ဖက် အဖွဲ့အစည်းတွေ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၀ရက်နေ့ကနေ ၁၂ရက် နေ့အထိ ပုဂံမှာ ဆွေးနွေး ပြောဆိုခဲ့ကြပါတယ်။

ပုဂံကို ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ် စာရင်းထဲ ထည့်သွင်း သတ်မှတ်ပေးဖို့ ၁၉၉၆ခုနှစ်တုန်းက ယူနက်စကိုကို တင်ခဲ့ဖူးပေမယ့် အချက်အလက် မပြည့်စုံခဲ့တာကြောင့် ပယ်ချခံခဲ့ရကြောင်း၊ မြန်မာနိုင်ငံမှာ ရှေးဟောင်း ဝတ္ထု ပစ္စည်း ဥပဒေသာ ရှိခဲ့ပြီး ယူနက်စကိုရဲ့ ထောက်ပြချက်အရ ရှေးဟောင်း အမွေအနှစ် ဒေသတွေကို ကာကွယ် စောင့်ရှောက်တဲ့ ဥပဒေကို ၁၉၉၈ ခုနှစ်မှာ ပြဌာန်းခဲ့ကြောင်း၊ အဲဒီ ဥပဒေအရ ရှေးဟောင်း အမွေအနှစ် ကာကွယ် စောင့်ရှောက်ဖို့ ဇုံ ၃ဇုံ သတ်မှတ် ထားရှိခဲ့ကြောင်း ရှေးဟောင်း သုတေသနနဲ့ အမျိုးသား ပြတိုက် ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က ဘီဘီစီကို ပြောပါတယ်။

ဟိုတယ်တွေအတွင်းမှာ ရှေးဟောင်း ဘုရားတွေ ရောက်ရှိနေတဲ့အတွက် ရှေးဟောင်း အမွေအနှစ် ဘုရားတွေ ပျောက်ဆုံး ပျက်စီးကုန်မယ့် အန္တရာယ်ကို ကာကွယ်ဖို့ သုတေသန လုပ်ငန်းတွေ၊ ထိန်းသိမ်းရေး လုပ်ငန်းတွေ၊ ရှေးဟောင်း အမွေအနှစ် စာရင်း ကောက်ယူမှု လုပ်ငန်းတွေ ဆောင်ရွက်နေတယ် လို့လည်း ပြောပါတယ်။

စစ်အစိုးရ လက်ထက်တုန်းက ပုဂံဘုရားတွေကို ကျွမ်းကျင်သူ ပညာရှင်တွေနဲ့ မတိုင်ပင်ပဲ ပြုပြင် တည်ဆောက်ခဲ့မှုတွေကြောင့် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင် ဖြစ်လာရေးမှာ ပြဿနာ အခက်အခဲ တခု ဖြစ်နေရတယ်လို့လည်း ရှေးဟောင်း သုတေသနနဲ့ အမျိုးသား ပြတိုက် ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က ပြောပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ