Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, October 13, 2014

UWSA နယ်နှင့်ကပ်လျက်ရှိသည့် SSPP/SSA တပ်များဆုတ်ဖို့ ဗိုလ်မှူးကြီးအောင်သူပြော

အောက်တိုဘာ ၁၂ ရက် ၂၀၁၄

ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် UWSA ထိန်းချုပ်နယ်မြေနှင့် ကပ်လျက်ရှိသည့် သံလွင်အနောက်ခြမ်းရှိ သျှမ်းပြည်တပ်မတော် SSPP/SSA တပ်စခန်းများ၊ လှုပ်ရှားစစ် ကြောင်းများရုပ်သိမ်းပေးရန် သျှမ်းပြည်အစိုးရ လုံခြုံရေး နှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူး ကြီးအောင်သူက စာရေး အသိပေး လိုက်သည်။

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် မိုင်းကောဝ်တိုက်နယ်အတွင်းရှိ လွယ်လန်း၊ နမ့်ဆီ ကျိန်းဒေသ နှင့် ကွန်ပန်ကွန်ခုံးဒေသအတွင်း အခြေစိုက်နေသည့် သျှမ်းပြည်တပ်မတော် SSPP/SSA တပ်စခန်း များ၊ လှုပ်ရှား စစ်ကြောင်းများ ပန်ချောင်းအနောက်ဘက်ကမ်းသို့ တပ်များအားလုံးရုပ်သွားရန် သျှမ်း ပြည် အစိုးရ လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူး ကြီးအောင်သူက သျှမ်းပြည်နယ် ဝန်ကြီးချုပ် ကိုယ်စား လက်မှတ်ရေးထိုးကာ အောက်တိုဘာ လ ၉ ရက် ၂၀၁၄ ဖြင့် အသိပေးလိုက်ခြင်းဖြစ်သည်။

“လွန်လန်းနဲ့နမ့်ဆီကျိန်း (္မမှ်ူသ္ပှီဵငှ်) ဘက်ကို ကျနော်တို့ကျူးကျော်အခြေချ လှုပ်ရှားတယ် တဲ့ဗျာ။ အရှက်မရှိ သူခိုးက လူပြန်ဟစ်နေပြီ။ မြန်မာ့တပ်မတော်ကဘဲ ၁၉၄၇ သဘောတူညီ ချက်ကို ဖေါက်ဖျက်ပြီး တရုတ်ဖြူတိုက်ဖို့ အကြောင်းပြချက်နဲ့ ကျနော်တို့ သျှမ်းပြည်ကို ၁၉၅၂ ကတည်းက တက်လာတယ်။ အဲ့ကတည်းက ခုချိန်အထိ ဗမာပြည်ကို ပြန်ကို မပြန်တော့တာ။ ဒါကြောင့် ကျနော်တို့နယ်မြေထဲ ဝင်လာရင်တော့ အထက်အမိန့်ကို စောင့်မှာမဟုတ်ဘူး။ ကြုံတဲ့ နည်းနဲ့ ခုခံသွားမယ်။ ဒါ ကျနော်တို့မွေးမြေဗျ” - ဟု ရှေ့တန်းစစ်မျက်နှာရောက် SSPP/SSA တပ်မှူးကြီး တဦးက ပြောသည်။

သျှမ်းပြည်တပ်မတော်မှ ကျူးကျော်နေရာချထားသည့် တာ့ဖါဆောင်တံတားထိပ်စခန်းအား တပ်မတော်ဘက် ညွှန်ကြားချက်အတိုင်း တပ်ဆုတ်ပေးခြင်းမရှိသောကြောင့် အင်အားသုံး တိုက်ခိုက်ရသည်ဟု ပြော ၏။ သို့သော် တာ့ဖာဆောင်စခန်းအား သျှမ်းပြည်တပ်မတော်ဘက်မှ ဆုတ်ပေးလိုက်သော်လည်း ကျူးကျော် အခြေချစာရင်း မပါသည့် နမ့်ပုတ်၊ ကောင်းမတ် ဟင် တန့်၊ ကောင်းမိုက်ညောင်၊ ကောင်းမတ်မုန့် လောင်း၊ ကောင်းစဝ်မိန်း စသည့် စခန်းများ လည်း အစိုးရတပ်မတော်က တိုက်ခိုက်ခဲ့သည်။

“ငြိမ်းချမ်းရေးအတွက် ကောင်းတဲ့ အလားအလာမဟုတ်ဘူး။ အခုထပ်ပြောလာတာက နမ့်ပန် ချောင်းအရှေ့ခြမ်း၊ ဝ နယ်နဲ့ကပ်တဲ့ သံလွင်မြစ်အနောက်ကြောဒေသတွေ၊ တိုက်ပွဲဆက်ဖြစ် လာ ဖို့ရှိတယ်။ ငြိမ်းချမ်းရေး လက်မှတ်က ထိုးထိုးမထိုးထိုး ဒီလိုဘဲဖြစ်မှာဘဲ။ ဆွေးနွေးလဲ ဒီတိုင်း ဘဲ ထပ်ဖိအားပေးခံရမှာဘဲ ” - ဟု အမည်မဖေါ်လိုသည့် SSPP ဗဟိုကော်မတီ အရာရှိ တဦးကပြောသည်။

သျှမ်းပြည်တပ်မတော် SSPP/SSA နှင့်မြန်မာအစိုးရတို့သည် ပြည်ထောင်စု အဆင့်ငြိမ်းချမ်း ရေးလက်မှတ်ရေးထိုးထားကြပြီးဖြစ်သည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ