Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, October 10, 2014

မောင်မောင်ဝမ်း ရေးသားထုတ်ဝေခဲ့သည့် "ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးသားပုံရိပ်များ" စာအုပ်

ဒေါ်အောင်ဆန်းစုကြည်၏ ၆၉ နှစ်မြောက်မွေးနေ့ အမှတ်တရအဖြစ် ရည်ရွယ်ထုတ်ဝေခဲ့သည့် "ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးသားပုံရိပ်များ"စာအုပ်သည် ယနေ့ အချိန်၌ စာဖတ်ပရိသတ်များ၏ အားပေးခြင်းခံရသည့် စာအုပ်အဖြစ် စာပေလောကတွင် ရပ်တည်လျက် ရှိသည်။
31aug7

ယင်းစာအုပ်ကို  မောင်မောင်ဝမ်းက ရေးသားထားပြီး ဇွန်လတွင် Home စာပေတိုက်မှ ထွက်ရှိခဲ့ခြင်း ဖြစ်သည်။
အဆိုပါစာအုပ်၌ စာရေးသူ မောင်မောင်ဝမ်းက ဒေါ်အောင်ဆန်းစုကြည် ၏ စိတ်နေစိတ်ကို ရေးသားထားပြီး အဆိုပါစာအုပ်သည် တခြားသောသူများလို ဖော်လံဖားရေးသားထားခြင်း မဟုတ်ကြောင်း ရေးသားထားသည်။ ယင်းအပြင် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာပြည်သူလူထုကို ဦးဆောင်နိုင်ခြင်းရှိသူ ဟုတ်မဟုတ်ကို ပြည်သူလူထုသိစေရန် သုံးသပ်ရေးသားထားခြင်း ဖြစ်သည်။
အဆိုပါစာအုပ်တွင် စာရေးသူသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲစဉ်က သိရှိခဲ့သည့် ၎င်း၏ စိတ်ဓာတ်နှင့် လူထုအပေါ်ထားရှိသည့် မေတ္တာတချို့ကို ရေးသားဖော်ပြထားသည်။ စာအုပ်၏ အမှတ်တရ ရေးသားထားသည့် မှတ်ချက်တွင် ဇာဂနာက "ယင်းစာအုပ်သည် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့တွင် ထုတ်ချင်သည့် စာအုပ်ဖြစ်ပြီး ကျွန်တော်၏ လက်ထဲသို့ စာမူရောက်သည့်နေ့သည် ဇွန် ၃ ရက်ဖြစ်သည်။ စာရေးသားခဲ့သည့် မောင်မောင်ဝမ်းသည် ရာသီစာမဟုတ်၊ လမ်းကြုံလို့ ရေဝင်ခပ်သူမဟုတ်၊ သူ့စာတွေက သက်သေခံပါလိမ့်မည်"ဟု ၎င်းက သုံးသပ်ရေးသားထားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးသားပုံရိပ်များ စာအုပ်သည် ပထမအကြိမ် ထုတ်ဝေခြင်းဖြစ်ပြီး အုပ်ရေ ၁ဝဝဝ ထုတ်လုပ်ကာ ငွေကျပ်၂ဝဝဝ သတ်မှတ်ထားပြီး စာအုပ်အတွင်းပိုင်း၌ ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူပန်းချီများကို ပန်းချီထိန်းလင်းက ရေးဆွဲထားခြင်း ဖြစ်သည်။


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ