Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, October 16, 2014

တစ်နိုင် တစ်ပိုင် ငါးရံ့ခြောက် ပြုလုပ် သူများ ယင် မနားသည့် ဆေးများ သုံးစွဲ နေကြ

ငါးရံ့ခြောက် ပြုလုပ်သည့် လုပ်ငန်းများ၌ တစ်နိုင်တစ်ပိုင် ငါးရံ့ခြောက် ပြုလုပ် ရောင်းချသူများသည် ငါးရံ့ခြောက် ပြုလုပ်ရာတွင် ယင်မနားစေရန် ဓာတုဆေးဝါးများ အသုံးပြုနိုင်ဖွယ် ရှိကြောင်း မြန်မာနိုင်ငံ ငါးပိ၊ ငါးခြောက်၊ ငံပြာရည် ထုတ်လုပ် ရောင်းချသူ လုပ်ငန်းရှင်များ အသင်းမှ သိရသည်။

မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်းမှ ဈေးများအတွင်း စစ်ဆေးရာ ငါးရံ့ခြောက်များတွင် ယင်မနားစေရန် ဆေးဝါးများ အသုံးပြုထားသည့် တွေ့ရှိချက်ကို ထုတ်ပြန်လိုက်ပြီး နောက်ပိုင်းတွင် မြန်မာနိုင်ငံ ငါးပိ၊ ငါးခြောက်၊ ငံပြာရည် ထုတ်လုပ် ရောင်းချသူများ အသင်း အတွင်းရေးမှူး ဦးထွန်းအောင်က တောင်ဒဂုံ ငါးပိ၊ ငါးခြောက်၊ ငံပြာရည် ဇုန်တွင် ငါးခြောက်များ ပြုလုပ်ရာ၌ ယင်မနားသည့်ဆေး အသုံးပြုခြင်း လုံးဝမရှိကြောင်း၊ ငါးရံ့ခြောက်များကို တစ်နိုင်တစ်ပိုင် ထုတ်လုပ်သူများကသာ အသုံးပြုဖွယ်ရှိနေကြောင်း အောက်တိုဘာ ၁၄ ရက်က ကျင်းပသော ငါးလုပ်ငန်း ပုံမှန် တွေ့ဆုံပွဲ အစည်းအဝေး၌ ရှင်းလင်း ပြောကြားခဲ့သည်။

ငါးခြောက် ပြုလုပ်ရာတွင် အဓိက အသုံးပြုရသည့် ပစ္စည်းမှာ ဆားဖြစ်ပြီး ငါးခြောက် မပြုလုပ်မီ ငါးများကို ဆားဖြင့် သိပ်ထားကာ နှစ်ရက်ခန့် ကြာသောအခါ ငါးခြောက် ပြုလုပ်ပါက ငါးများမှာ ဆားဝနေပြီဖြစ်၍ ပုပ်အဲ့နံစော်ခြင်း မရှိသောကြောင့် ယင်နားမှုမှလည်း လျော့ကျသွားတတ်ကြောင်း ငါးပိ၊ ငါးခြောက် ထုတ်လုပ်သူများထံမှ သိရသည်။

''ငါးခြောက်လုပ်မယ့် ငါးရလာရင် ခွဲစိတ်ပြီး ငါးခြောက်လုပ်တာ။ အဲဒီမှာ ငါးကို ဝနေအောင် ဆားသိပ် ထားတော့ ယင်ကောင်က သိပ်မနားတော့ဘူး။ တောင်ဒဂုံ ငါးပိ၊ ငါးခြောက်၊ ငံပြာရည် ဇုန်ထဲမှာတော့ အဲဒီ ယင်မနားတဲ့ ဆေးကို လုံးဝ မသုံးဘူး။ ငါးပိ၊ ငါးခြောက် လုပ်တဲ့သူတွေက ဆားကိုနာနာ သုံးရတာ'' ဟု ၎င်းက ဆက်လက်ပြောသည်။

ငါးခြောက်ပြုလုပ်ရာတွင် ယင်မနားစေရန် အသုံးပြုသည့်ဆေးကို သစ်သီးများ စိုက်ပျိုးရာတွင် အသုံးပြုကြောင်း၊ တရုတ်နိုင်ငံမှ စစ်ဆေးချက်များအရ ယင်မနားသည့် ဆေးသည် ကျောရိုး ရှိသည့် သတ္တဝါများကို အန္တရာယ် မပြုနိုင်ကြောင်းနှင့် များစွာအသုံးပြုပါက ထိခိုက်မှု ရှိနိုင်ကြောင်း ၎င်းက သုံးသပ် ပြောသည်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ