Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, October 16, 2014

မက္ကာသို့ အိမ်အကူ တရားမ၀င်စေလွှတ်ခဲ့သောအေးဂျင့် ရာသက်ပန်ပိတ်သိမ်းခံရ

ပြည်ပသို့ အိမ်အကူလုပ်သား တရားမ၀င် စေလွှတ်ခဲ့သည့် အေးဂျင့်တခုအား ရာသက်ပန် ပိတ်သိမ်း အရေးယူ လိုက်ကြောင်း သတင်းရရှိသည်။ ယင်းအပြင် မလေးရှားနိုင်ငံသို့ ဗီဇာအတုဖြင့် လုပ်သား စေလွှတ်မှု ပြုလုပ်ခဲ့သည်ဆိုသော အေးဂျင့် အချို့ကိုလည်း စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေသည်ဟု ပြည်ပ အလုပ်အကိုင်ရှာဖွေရေး ၀န်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်မှ သိရသည်။

ပြည်ပသို့ အိမ်အကူ လုပ်သားစေလွှတ်မှု ရပ်နားထားချိန်အတွင်း အဆိုပါကုမ္ဗဏီက တရားမ၀င်ပို့ဆောင် ခဲ့သည့်အတွက် ထိုသို့အရေးယူခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

““သူက မက္ကာကို အိမ်ဖော် ခိုးပို့လိုက်တာပါ။ ဟိုရောက်တော့ အလုပ်သမားတွေ အဆင်မပြေဖြစ်ပြီး ကောင်စစ်ဝန်ရုံးကို သွားတိုင်တဲ့အခါ ကောင်စစ်ဝန်ရုံးက ဒီကိုလှမ်းမေးတယ်။ အဲဒီအချိန်ကျမှ ခိုးပို့ထားမှန်းသိရတာ””ဟု မြန်မာပြည် ပြည်ပအလုပ်အကိုင် ရှာဖွေရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ရုံး အတွင်းရေးမှူးဦးကျော်ထင်ကျော်က ပြောသည်။

ထိုသို့ တရားမ၀င် အလုပ်သမား ခိုးပို့သည့် ကုမ္ဗဏီ(အေးဂျင့်)အမည်ကို ထုတ်ဖော်ပြောကြားခြင်းမရှိသော်လည်း လွန်ခဲ့သော သုံးလကျော်က အလုပ်သမား ခိုးပို့ခဲ့ခြင်းဖြစ်ပြီးသည်။ယင်းအေးဂျင့်မှ တရားမ၀င် ခိုး၍ပို့ဆောင်ခဲ့သည့် အိမ်အကူလုပ်သားငါးဦးမှာလည်း ယခုအခါ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိနေပြီဟု သိရသည်။

ယင်းအပြင် အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနထံ ပြည်ပသို့ စေလွှတ်မည့်လုပ်သားဦးရေကို ကြိုတင်တင်ပြခြင်းမရှိဘဲ ဗီဇအတုဖြင့် တရားမ၀င် လုပ်သားစေလွှတ်မှု ပြုလုပ်ခဲ့သည်ဟုဆိုသော အေးဂျင့်အချို့ကို သက်ဆိုင်ရာ စစ်ဆေးဆောင်ရွက်လျက်ရှိပြီး မှန်ကန်ကြောင်းတွေ့ရှိပါက အလားတူ ထိရောက်သော အရေးယူမှုပြုလုပ်ရန် တာဝန်ရှိသူတဦးက ပြောသည်။

““အေးဂျင့် ၄/၅ ခုရှိတယ်။ ဗီဇာ အတုနဲ့ ပို့တယ်လို့ သတင်းရထားတဲ့သူတွေကို စစ်ချက်ယူနေပါပြီ။ မကြာခင် ၀န်ကြီးဌာနကို တင်ပြပြီး ၀န်ကြီးဌာနရဲ့ ဆုံးဖြတ်ချက်အတိုင်း ပြုလုပ်အရေးယူ သွားမှာပါ””ဟု ဦးကျော်ထင်ကျော်က ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဖြည့်စွက်ပြော ကြားသည်။

မကြာခင်က မလေးရှားသို့ မြန်မာ လုပ်သား ၇၀ ကျော်ကို တရားမ၀င်စေ လွှတ်မှုဖြစ်စဉ် ဖြစ်ပေါ်ခဲ့ရာ ယင်းလုပ်သား အများစုမှာ ဗီဇာအတုများ ကိုင်ဆောင်ထားသည့်အတွက် မလေးရှားနိုင်ငံတွင် ဖမ်းဆီးခံရပြီး ထောင်ဒဏ်တနှစ် ချမှတ် ခံနေရသည်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ