Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, October 15, 2014

ထိုင်းရဲချုပ်ကို သံအမတ်ကြီး ၂ ယောက် မေးခွန်းထုတ်

ထိုင်းနိုင်ငံ ကော့တောင်ကျွန်းမှာဗြိတိန် နိုင်ငံသား နှစ်ယောက် အသတ်ခံရမှု အတွက် စစ်မေးဖို့ သက်သေအဖြစ် ရဲက တင်ထားသူ မြန်မာနိုင်ငံသား သုံးယောက်ကို အောက်တိုဘာလ ၁၄ ရက်နေ့က စတင် စစ်ဆေးခဲ့ ပါတယ်။

သူတို့ကို အစိုးရရှေ့နေက ကော်စမွီကျွန်း တရားရုံးမှာ တရားသူကြီးကို သက်သေ ထားပြီး ကြိုတင် စစ်ချက်ယူတာဖြစ်ပါတယ်။

ထိုင်းဥပဒေအရ သက်သေဟာ နိုင်ငံခြားသားဖြစ်မယ်ဆိုရင် သူ့နိုင်ငံ သူပြန်နိုင်အောင် ကြိုတင် စစ်ချက်ယူခွင့်ရှိပါတယ်။

ဒီအမှုကို တရားရုံးကိုတော့ မတင်ရသေး ပါဘူး။

ကြိုတင် စစ်ချက်ယူရာမှာ သက်သေတွေရဲ့ ထွက်ဆိုချက်တွေက လူသတ်မှု ကျူးလွန်တဲ့ အထောက်အထား ပြနိုင်သူ မရှိဘူးလို့ မြန်မာသံရုံး ကိုယ်စားလှယ် အဖြစ် တရားရုံးကို ရောက်နေတဲ့ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။

ဒီအမှုနဲ့ ပတ်သက်လို့ပဲ ထိုင်းနိုင်ငံ ဆိုင်ရာ ဗြိတိန်နဲ့ မြန်မာ သံအမတ်ကြီး နှစ်ယောက်တို့ကလည်း မနက်ပိုင်းမှာ တစ်နာရီကြာ တွေ့ဆုံပြီး အချက်အလက် ဖလှယ်ကြဖို့နဲ့ နိုင်ငံတကာ အဆင့် စုံစမ်းစစ်ဆေးမှုတွေ လုပ်ပေးဖို့ ထိုင်းရဲချုပ်ကို တောင်းဆိုခဲ့ကြပါတယ်။

ဒါ့အပြင် ထိုင်းရဲချုပ်နဲ့ တွေ့ဆုံရာမှာ DNA စစ်ဆေးချက်တွေကို အဓိက မေးမြန်းခဲ့ပြီး ဗြိတိန်နဲ့ မြန်မာနိုင်ငံက ကျွမ်းကျင်တဲ့ ပညာရှင်တွေ လာရောက် စစ်ဆေးခွင့် ပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။

ရဲချုပ် ဘက်တော့ တရားခံလို့ စွပ်စွဲခံထား ရသူတွေက ဝန်ခံကြောင်းကို အဓိကထား ပြောခဲ့တဲ့ အပြင် ကျွမ်းကျင်သူတွေ လာရောက် စစ်ဆေးဖို့ ခွင့်မပြုဘဲ လေ့လာသူနဲ့ အကြံပေးအဆင့် ကိုပဲ ခွင့်ပြုမယ်လို့ သာ ပြောခဲ့တယ်လို့ မြန်မာ သံအမတ်ကြီး ဦးဝင်းမောင်က ပြောပါတယ်။

ဗြိတိန် နဲ့ မြန်မာ သံအမတ်ကြီး နှစ်ယောက်စလုံးက အမှုကို တရားမျှမျှ တတနဲ့ လွတ်လပ်စွာ စစ်ဆေးစေလိုတယ်၊ တရားခံ အစစ်အမှန်ကို ပေါ်ပေါက်စေချင်ပြီး အစားထိုးတာ လက်မခံနိုင်ကြဘူးလို့ သူက ပြောပါတယ်။

အမှုမှန် ပေါ်ပေါက်ရေးကတော့ တရားခံလို့ စွပ်စွဲခံရသူ နှစ်ယောက်ပေါ်မှာသာ မူတည်နေပြီး အမှုမှာ တခြားလူတွေလည်း ပါနိုင်တယ်၊ သူတို့ နောက်ကွယ်မှာ ဘာတွေ ကြိုးကိုင်မှု ရှိတယ်ဆိုတာ ဖော်ထုတ်ဖို့ တိုက်တွန်း ထားတယ်လို့ သံအမတ်ကြီး ဦးဝင်းမောင်က ပြောပါတယ်။



ဗြိတိသျှ နှစ်ယောက်ကို သတ်မှုနဲ့ မြန်မာ နိုင်ငံသား နှစ်ယောက် စွပ်စွဲခံထားရ


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ