Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, October 15, 2014

ခေါဇာမြို့ခံ ၄ ဦး ပြန်ပေးလက်မှ ပြန်လည်လွတ်မြောက်

မွန်ပြည်နယ် တောင်ပိုင်း၊ ရေးမြို့နယ် လက်အောက်ခံ ခေါဇာမြို့ခံ ၄ ဦးအား အမည် မသိ လက်နက်ကိုင် အဖွဲ့က တစ်လနီးပါးခန့် ပြန်ပေးဆွဲခဲ့ရာမှ အောက်တိုဘာ ၁၃ ရက်နေ့တွင် ပြန်လည် လွတ်မြောက်လာ ပြီဟု လွတ်လပ်သော မွန်သတင်း အေဂျင်စီ IMNA က စုံစမ်း သိရှိ ရသည်။

လွန်ခဲ့သည့် စက်တင်ဘာ ၁၉ ရက်နေ့တွင် ခေါဇာမြို့ အောက်ကျောင်း(ဘုန်းတော်ကြီးကျောင်း) ၌ မဟာဒုက်အလှူဆွမ်းကိစ္စဝေယျာဝစ္စ များ စီစဉ်နေကြသော မြို့မျက်နှာဖုံး ခြံမြေပိုင်ရှင် အမျိုးသား ၄ ဦး၊ အမျိုးသမီး ၂ ဦးတို့ ပြန်ပေးဆွဲခံလိုက်ရပြီး ၂ ယောက်လွတ်မြောက် လာသော်လည်း ကျန် ၄ ဦးမှာ တစ်လနီးပါးခန့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်း ဖြစ်သည်။

လွတ်မြောက်လာသူ မိသားစုဝင်တစ်ဦးက “အားလုံးလွတ်မြောက်လာပါပြီ၊ အသက်အန္တရာယ်က လွတ်မြောက်လာလို့ မိသားစုတွေအား လုံး စိုးရိမ်စိတ်တွေကနေ ကင်းလွတ်သွားပါပြီ” ဟု ပြောသည်။

သို့သော် မည်ကဲ့သို့လွတ်မြောက်လာသည်ကို ကာယကံရှင်အနေဖြင့် ၄င်းတို့၏လုံခြုံရေးအရ ထုတ်ဖေါ်ပြောကြားမည်မဟုတ်ဟု ဆိုသည်။

ပြန်ပေးသမားများက ငွေကျပ်သိန်း ၇၅၀ တောင်းခံသော်လည်း ကာယကံရှင်များအနေဖြင့် ပေးစရာငွေမရှိဟု ဆိုသည်။

အမည်မဖေါ်လိုသော ခေါဇာမြို့ခံတစ်ဦးက “ကျနော်တို့မြို့မှာ ပြန်ပေးသမားတွေ အချိန်မရွေးဝင်ဆွဲသွားနိုင်တယ်၊ လူစိမ်းတွေများတယ်၊ သူ့လူကိုယ့်လူ မခွဲခြားနိုင်ဘူး၊ စစ်တပ်၊ ရဲတို့က သူတို့စခန်းမှာပဲ အနေများတယ်” ဟု ပြောသည်။

ခေါဇာမြို့သည် ရေးမြို့ တောင်ဘက် ၂၄ မိုင်အကွာတွင် တည်ရှိရာ ၂၀ဝဝ ခုနှစ်နောက်ပိုင်းတွင် ကျေးရွာအုပ်စုမှ မြို့နယ်ခွဲအဆင့်သို့ တိုးမြှင့်သတ်မှတ်ခံရပြီး ရဲစခန်းနှင့် ဌာနဆိုင်ရာရုံးများအပြင် ခလရ ၃၁ တပ်ရင်း အခြေစိုက်ရာ မြို့လည်းဖြစ်သည်။

သို့ရာတွင် ခေါဇာမြို့သည် လုံခြုံမှုမရှိဟု ရေးမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မိမြင့်သန်းက လွတ်လပ်သောမွန်သတင်း အေဂျင်စီ (IMNA) သို့ ပြောကြားခဲ့သည်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ