ကမ္ဘောဇ ဘဏ်ဟာ သူ့ရဲ့ ငွေလွှဲခတွေကို အရင်က ကျပ် တစ်သိန်း ငွေ ၁၀၀ ကျပ်နှုန်း
ကောက်ခံ နေရာကနေ အောက်တိုဘာ ၂ ရက်နေ့ကစပြီး ကျပ် ၁ သိန်းကို ငွေကျပ် ၅၀
နှုန်းပဲ ကောက်ခံ တော့မယ်လို့ ထုတ်ပြန် ကြေညာ လိုက်ပါတယ်။ ဒါဟာ ငွေလွှဲခ ကို
ထက်ဝက်တိတိ လျှော့ချ လိုက်တာလည်း ဖြစ်ပါ တယ်။
ဒီအတွက် ကမ္ဘောဇဘဏ် အသုံးပြုသူတွေဟာ အရင်က ငွေ ၁၀ သိန်း လွှဲမယ်ဆိုရင်
ငွေလွှဲခ ကျပ် ၁၀၀၀၊ ဆက်သွယ်ခ ကျပ် ၅၀၀၊ စုစုပေါင်း ကျပ် ၁၅၀၀ ပေးနေရာကနေ
အခု ငွေလွှဲခ ကျပ် ၅၀၀ နဲ့ ဆက်သွယ်ခ ကျပ် ၅၀၀ စုစုပေါင်း ကျပ် ၁၀၀၀ ပဲ
ကုန်ကျတော့မှာဖြစ်ပါတယ်။
ကမ္ဘောဇဘဏ်ဟာ မြန်မာနိုင်ငံမှာ ဘဏ်ခွဲ အများဆုံး ဖွင့်လှစ်ထားနိုင်တဲ့
ဘဏ်ကြီးဖြစ်ပြီး နိုင်ငံတကာက ပေးအပ်တဲ့ ၀န်ဆောင်မှုကောင်း ဆုတွေကိုလည်း
လက်ခံရရှိထားပါတယ်။
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ
No comments:
Post a Comment