Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, October 6, 2014

အမေရိကန်တွင် အီဘိုလာရောဂါ ကူးစက်ခံ ရသူကြောင့် ပြည်သူများ စိုးရိမ်မှုမြင့်တက်

အမေရိကန် ပြည်ထောင်စု တက္ကဆတ်ပြည်နယ်မှာ အီဘိုလာ ရောဂါကူးစက်ခံရသူ တယောက်ကို အတည်ပြုနိုင်ပြီးနောက် ပြည်သူတွေ စိုးရိမ်မှု မြင့်တက်နေပါတယ်။

အသက် ၄၂ နှစ်အရွယ် သောမက် အဲရစ် ဒန်ကန် ဟာ လိုက်ဘေးရီးယား ကနေ ဒေါလက်စ် မြို့ဆီကို ပြန်ရောက်သွားပြီး သိပ်မကြာခင်မှာပဲ အီဘိုလာ ရောဂါကူးစက်ခံထားရတယ်ဆိုတာကို သိရပြီး ဆေးရုံတင်ထားရပါတယ်။

နောက်ဆုံး အခြေအနေဟာ စိုးရိမ်ရတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ လူနာကို ဆေးရုံမတင်ခင်က မိသားစုတွေကို အလည်အပတ်သွားခဲ့သလို၊ အာရှနဲ့ အာဖရိကန် နွယ်ဖွားတွေ နေထိုင်တဲ့ ရပ်ကွက်ထဲမှာ နေထိုင်ခဲ့ပါတယ်။ ရက်ကွက်တွင်းက ပြည်သူတွေကြားမှာ ရောဂါကို စိုးရိမ်နေပြီး အတတ်နိုင်ဆုံး အိမ်ပြင် မထွက်ဘဲ နေကြတယ်လို့ တရက်ကွက်ထဲမှာ နေတဲ့ ကျောင်းသားတယောက် ပြောပါတယ်။

လူနာကို ဆေးရုံတင်လိုက်ရပြီးနောက် သူ့ရဲ့ မိသားစုတွေကိုလည်း သီးသန့်ထားခဲ့ပြီးနောက် စောင့်ကြည့်နေပါတယ်။ လူနာနဲ့ တိုက်ရိုက် ဆက်ဆံခဲ့တဲ့ ၁၀ ယောက် အပါအ၀င် လူ ၅၀ ကို စောင့်ကြည့်နေတယ်လို့ ကျန်းမာရေး တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီအတောအတွင်း ၀ါရှင်တန် ဒီစီက ဟောင်းဝပ် တက္ကသိုလ်ဆေးရုံမှာလည်း အိုဘိုလာ ရောဂါသံသယရှိသူ တယောက်ကို စောင့်ကြည့်နေတယ်လို့ ဆေးရုံက ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ရောဂါသံသယရှိသူဟာ နိုက်ဂျီးရီးယားကို ခရီးသွားခဲ့သူဖြစ်ပြီး အခုတော့ အခြေအနေ တည်ငြိမ်နေတယ်လို့ ဆေးရုံပြောခွင့်ရသူက ပြောပါတယ်။ လူနာကို ငဲ့ကွက်တဲ့အနေနဲ့ အသေးစိတ်ကိုတော့ မပြောပါဘူး။ ဒါ့အပြင် လိုက်ဘေးရီးယားမှာ အလုပ်တာဝန်နဲ့ သွားရင် အီဘိုလာရောဂါ အပေါင်းလက္ခဏာပြနေတဲ့ အမေရိကန် အလွတ်တမ်း ဓာတ်ပုံသတင်းထောက် ဟာလည်း အောက်တိုဘာလ ၆ ရက်နေ့မှာ နီဘရာစကာပြည်နယ် အိုမာဟာမြို့က ဆေးရုံကို ပြန်ရောက်ဖို့ ရှိပါတယ်။

ဒီနှစ်အတွင်း အနောက်အာဖရိကဒေသမှာ ရှိတဲ့ လိုက်ဘေးရိးယား၊ ဂီနီ၊ ဆီရာလီယွန်းတို့မှာ အီဘိုလာရောဂါကြောင့် သေဆုံးသူ ၃၃၃၈ ယောက် ရှိသွားပါပြီ။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ