Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, October 26, 2014

အမှုပွဲစားများ ပပျောက်ရေး၊ အမြန်ရှင်းလင်းပေးစေချင်

မြို့ သစ်မြို့ ၊ အောက် (၂၆)

မကွေးတိုင်း၊ မြို့ သစ်မြို့ ၌ ခရီးတစ်ခေါက် ရောက်ခဲ့စဉ် တရားရုံးတွင် လည်းကောင်း၊ ကျေးရွာအပိုင် ရဲစခန်းများ၌ လည်းကောင်း၊ အမှုပွဲစားများဖြင့် မသိနားမလည်သော တောသူ တောင်သား များအား လူလည်လုပ်၊ အမြတ်ထုတ် နေသည်များကို တွေ့ ခဲ့ရပါသည်။

မြို့ သစ်မြို့ တရားရုံးမှ တာဝန်ရှိသူနှင့် တွေ့ ဆုံမေးမြန်းခဲ့ရာတွင် ‘ကျွန်တော်တို့ ရုံးမှာ အမှုပွဲစားများကို ဖော်ထုတ် တိုင်တန်းဘို့ နဲ့  ထိရောက်စွာ အရေးယူသွားမှာဖြစ်ကြောင်း’ ရုံးရှေ့ မှာလည်း စာကပ်ထားပါတယ်။ တရားရေး မဏ္ဍိုင်ကို တိမ်းစောင်းစေမယ့် အမှုပွဲစားများကို အားမကိုးဘဲ မသိနားမလည်တဲ့ အမှုသည်တွေကို နားမလည်တာ၊ မရှင်းလင်းတာရှိရင် ကိုယ်တိုင်၊ကိုယ်ကြ သက်ဆိုင်ရာတာဝန်ရှိတဲ့ မြို့ နယ်တရားသူကြီးထံ တိုက်ရိုက် လာရောက် မေးမြန်းနိုင်ကြောင်း အများပြည်သူကို သိစေချင်ပါတယ်။

ဥပဒေအကြံပေးတစ်ဦးမှ ပြောရာတွင် အမှုတွေကို အကျင့်ပျက်ဝန်ထမ်းများနဲ့ ပေါင်းပြီး သေးတဲ့အမှုတွေကို ကြီးအောင်၊ ငွေကြေးလာဘ်လာယူပြီး လိုက်ပါပြုလုပ်နေတဲ့ အမှုပွဲစားတွေကို ဖော်ထုတ်ဖမ်းဆီးအပြစ်ပေးရမှာပါ ဟု ရင်ဖွင့်ပြောဆိုခဲ့ပါတယ်။

ဥပဒေဆိုတာ သမာဓိတရားပါ။ မှန်မှန်ကန်ကန် မားမားမတ်မတ် မျက်နှာကြီးငယ်မကြည့်ဘဲ အမှား၊အမှန် ဝေဖန် ပိုင်းခြားပြီး တိတိကျကျ လုပ်ဆောင်မှသာ ကြီးတဲ့အမှုငယ်စေပြီး ငယ်တဲ့အမှု ပပျောက်စေမှာပါ။

တရားရုံးတော်တော်များများမှာ တရားရုံးနှင့်စပ်လျဉ်းသော လုပ်ငန်းများ ဥပဒေလုပ်ထုံးလုပ်နည်းနဲ့ အညီ မှန်မှန် ကန်ကန် ဆောင်ရွက်ပေးပါ့မယ်၊ အခက်အခဲရှိပါက ခရိုင်၊မြို့ နယ် တရားသူကြီးများထံ လူကိုယ်တိုင် သို့ မဟုတ် ရုံးဖုန်းနံပါတ်များဖြင့် ဆက်သွယ်မေးမြန်းနိုင်ကြောင်း အကူအညီတောင်းနိုင်ကြောင်း စာများ တရားရုံးများမှာ ချိတ် ဆွဲထားခြင်းများနှင့် တရားရုံးချုပ် ညွှန်ကြားချက်အမှတ် (၁/၉) ရက်စွဲ ………… တရားရုံးများ၌ နယ်ရှေ့ နေများ ရှိ နေခြင်းကိစ္စ၊

အပုဒ် (၁) တရားရုံးအသီးသီးတွင် လိုက်ပါဆောင်ရွက်နေကြသည့် ရှေ့ နေများအနက်မှ နယ်စားရှေ့  နေဟုဆိုသော ရှေ့ နေအချို့ သည် တရားသူကြီးနှင့် နီးစ်မှုရယူ၍လည်းကောင်းတို့ လိုက်ပါဆောင်ရွက်သည့် အမှု များကို တရားရုံးက ဦးစားပေးဆောင်ရွက်စေခြင်း၊ အနိုင်ရအောင် ဆောင်ရွက်ပေးစေခြင်း၊ ရှုံးနိမ့်ခြေရှိလာလျင် နည်းမျိုးစုံဖြင့် အချိန်ဆွဲနေခြင်း စသည်တို့ ကို ပြုလုပ်ခြင်းဖြင့် တစ်ဖက်အမှုသည်များ စိတ်ဓါတ်ကျဆင်းအောင် ဆောင်ရွက်မှုများ ရှိနေကြောင်း စွပ်စွဲတိုင်ကြားမှုများ ရှိနေပါသည်။

အပိုဒ် (၂) လည်းကောင်းအပြင် အချို့ တရားရုံး၌ တရားသူကြီးများနှင့် တရားရုံးဝန်ထမ်းများကိုယ်တိုင် မည်သည့် ရှေ့ နေကို ဌားပါဟူ၍ပင် လမ်းညွှန်မှု ပြုနေကြောင်းလည်း စွပ်စွဲတိုင်ကြားမှုများ ရှိနေပါသည်။

အပိုဒ် (၃) ဤသို့ စွပ်စွဲတိုင်ကြားမှုအတိုင်း မှန်ကန်ပါက ရိုးသားတည်ကြည်စွာ ဆောင်ရွက်နေကြသော တရားသူကြီး များ၊ တရားရေးဝန်ထမ်းများ၏ ဂုဏ်သိက္ခာကို ထိခိုက်နစ်နာစေပါသည်။

အပိုဒ် (၄) သို့ ဖြစ်၍ တရားရုံးအဆင့်ဆင့်တွင် တာဝန်ထမ်းဆောင်နေကြသော တရားသူကြီးများ၊ တရားရုံးဝန်ထမ်း များ အထက် အပိုဒ် (၁) နှင့် (၂) တွင် ဖော်ပြပါ မမှန်မကန်လုပ်ဆောင်မှုမျိုး မပြုလုပ်ကြပါရန် သတိပေးအကြောင်း ကြားပါသည်။ လိုက်နာမှု မရှိကြောင်း တွေ့ ရှိပါက ထိရောက်စွာ အရေးယူမည်ဖြစ်သည်။

အပုဒ် (၅) ဤညွှန်ကြားချက်ကို တရားရုံးတိုင်းတွင် ကြော်ငြာသင်ပုန်း၌ အများပြည်သူသိရှိစေရန်အတွက် ကပ်ထား ရမည်။ (ပုံ) အောင်တိုး (တရားသူကြီးချုပ်) တရားရေး

ဟု ၀န်ထမ်းများ အဂတိလိုက်စားပြီး တရားရေးမဏ္ဍိုင် ငွေများ တရားနိုင် ဖြစ်မည်ကိုစိုး၍ အမိန့် ထုတ်ခဲ့သည်ဆိုလျင် တရားဥပဒေကို မှောက်ထိုးမှောက်လှန်ပြုလုပ်ခြိမ်းခြောက်ပြီး နည်းမျိုးစုံသုံး၍ ရိုးသားလှသော တောသူတောင်သားများ၊ ရပ်မိရပ်ဖများ အများပြည်သူများနှင့် တရားရေးနှင့် မြန်မာ နိုင်ငံရဲတပ်ဖွဲ့ များအကြား၌ ဘယ်သူသေသေ၊ငတေမာရင်ပြီးရော ပြုလုပ် စီးပွားရှာနေသော အမှုပွဲစားများအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ထိရောက်စွာ အရေးယူဖယ်ရှား ရှင်းလင်းပေးရန် မကွေးမြို့ နယ် တောင်တွင်းကြီး မြို့ နယ် မြို့ သစ်မြို့ နယ်အတွင်း နေထိုင်ကြသော နယ်မြေခံ ပြည်သူလူထုများမှာ လိုလားလျက်ရှိကြောင်း သိခဲ့ ရသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ