Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, October 26, 2014

အလုပ်အကိုင် ရှာဖွေရေးအေဂျင်စီများ စည်ကမ်း မလိုက်နာလျှင် အမည်ပျက်စာရင်း တင်သွင်းမည်

ရန်ကုန် ၊ ၂၅-၁၀-၂၀၁၄

မြန်မာနိုင်ငံ မှ ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် လုပ်သားများ စေလွှတ်လျက် ရှိသော အေဂျင်စီများ အနေဖြင့် စည်းကမ်း လိုက်နာမှု မရှိပါက အမည်ပျက်စာရင်း ( Black List ) တင်သွင်း သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ပြည်ပ အလုပ်အကိုင် ရှာဖွေရေး ၀န်ဆောင်မှု လုပ်ငန်းရှင်များ အသင်းချုပ် ( MOEAF ) ဥက္ကဋ္ဌ ဦးမင်းလှိုင် က ပြောသည်။

အဆိုပါ MoU စနစ်ဖြင့် စေလွှတ်သော အေဂျင်စီများ မှ MoU ချိုးဖောက်မှုများ လုပ်ဆောင် သည်ဟု နစ်နာသူ အလုပ်သမား များက တိုင်ကြားမှုများ ရှိလာလျှင် အသင်းချုပ်သည် စစ်ဆေးမှုများ ပြုလုပ်ပြီး အလုပ်သမား ၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန သို့ တင်ပြပြီး ၀န်ကြီးဌာန မှ အချက်အလက် များကို သေချာစွာ စစ်ဆေး၍ အမည်ပျက် စာရင်းသွင်းကာ လုပ်သား စေလွှတ်ခွင့်ကို ပိတ်ပင်သွားမည် ဖြစ်သည်။

" လုပ်သားတွေကို MoU စနစ်နဲ့ စေလွှတ်တဲ့ အခါ ထိုင်းနိုင်ငံက သတ်မှတ် ထားတဲ့ သတ်မှတ် လုပ်အားခ တစ်နေ့ ဘတ် ၃၀၀ နဲ့ အချိန်ပို တစ်နာရီ ၅၆ ဘတ် မရတာရယ် ၊ ဒီမှာ ပြောသွားတာက လျှပ်စစ်စက်ရုံ ၊ ဟိုရောက်တော့ အခြားလုပ်ငန်း တစ်ခုခု ဖြစ်နေခဲ့ရင် အမည်ပျက် စာရင်းသွင်းပြီး ခြောက်လ ၊ တစ်နှစ် စသည်ဖြင့် လုပ်သား စေလွှတ်ခွင့် ပိတ်သွားမှာ ဖြစ်ပါတယ် ... " ဟု ၄င်းက ဆက်လက် ပြောသည်။

MoU ချိုးဖောက်ခြင်း နှင့် စည်းကမ်း မလိုက်နာခြင်း များကြောင်း အမည်ပျက် စာရင်း တင်သွင်းပြီး လုပ်သား စေလွှတ်ခွင့် ပိတ်ပင်ခြင်း ခံရသော အေဂျင်စီ လုပ်ငန်းများသည် အသင်းချုပ် တည်ထောင် ပြီးနောက်ပိုင်း တွင် အေဂျင်စီ ၁၀ ခုခန့် ရှိကြောင်း သိရသည်။

အဆိုပါ အေဂျင်စီများ စာရင်းကို အလုပ်သမား ၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန ၀က်ဘ်ဆိုက် (http://www.mol.gov.mm/mm/)တွင် ဖော်ပြထားသည်။ လက်ရှိတွင် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ လုပ်သား စေလွှတ်သော အေဂျင်စီပေါင်း ၆၀ ကျော် ရှိကြောင်း သိရှိရသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ