Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, October 5, 2014

နာမည်ကြီး အမျိုးသမီးများ၏ ၀တ်လစ်စားလစ် ဓာတ်ပုံများကို ဂူးဂဲလ် ပယ်ဖျက်

ဝါရှင်တန် ၊ ၅-၁၀-၂၀၁၄

အမည်မသိ ဟက်ကာ တစ်စုက နာမည်ကြီး အမျိုးသမီး အနုပညာရှင် များ၏ ဝတ်လစ်စားလစ် ဓာတ်ပုံများ ကို ခိုးယူပြီး အင်တာနက်ပေါ် တင်ခဲ့ရာ Google Search Engine ၏ အကူအညီဖြင့် အဆိုပါ ဓာတ်ပုံများ ကို လူအများက အလွယ်တကူ ကြည့်ရှု နိုင်ခဲ့သောကြောင့် ယင်း ဓာတ်ပုံများကို ပယ်ဖျက်ပေးရန် မင်းသမီးများ ၏ ရှေ့နေ များမှ တောင်းဆို လာသဖြင့် Google က နာရီပိုင်းအတွင်း အရေးယူ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ဟောလိဝုဒ် ဖျော်ဖြေရေး ရှေ့နေ Marty Singer က မင်းသမီးများ ၏ ဓာတ်ပုံများ ပေါက်ကြားမှု နှင့် ပတ်သက်၍ Google ကို ကိုယ်ရေးကိုယ်တာ ကိစ္စကို ဝင်ရောက် စွက်ဖက်မှုဖြင့် တရားစွဲဆိုရန် စာရွက်စာတမ်း များပြသကာ ခြိမ်းခြောက် ခဲ့သည်။

Marty Singer ၏ စာရွက်စာတမ်း ထဲတွင် လူအများ၏ ကိုယ်ရေးကိုယ်တာ ကိစ္စကို စွက်ဖက်ကာ ဓာတ်ပုံများ ခိုးယူသည့် တဏှာရူး များ၏ ရွံမုန်းစရာ ကောင်းသော လုပ်ရပ်များ က Google ပေါ်တွင် အဆက်မပြတ် ဖြစ်ပေါ် နေသော်လည်း Google က ဓာတ်ပုံများကို ဖယ်ရှားရန် နှောင့်နှေး ခဲ့ရုံသာမက တာဝန် ကျေပွန်ခြင်း လည်း မရှိခဲ့ကြောင်း၊ Google က ဟက်ကာများ တရားမဝင် ခိုးယူထားသည့် အနုပညာရှင် များ၏ ဓာတ်ပုံ နှင့် ဗီဒီယိုများကို သိလျက်နှင့် နေရာ ပေးထား သောကြောင့် ပုံ အခိုးခံရသော အမျိုးသမီး သရုပ်ဆောင်များ နှင့် အဆိုတော်များက Google ကို တရား စွဲဆိုခြင်းများ ပြုလုပ် သွားရလိမ့်မည် ဖြစ်ကြောင်း Mirty Singer က ရေးသား ထားသည်။

မင်းသမီးများ ၏ေ ရှ့နေများက အင်တာနက် ပေါ်တွင် ပေါက်ကြား နေသော ဓာတ်ပုံများကို Google အနေဖြင့် ဖျက်ဆီးပေးရန် တောင်းဆိုချက် ကြောင့် Google က နာရီပိုင်း အတွင်း ဖျက်ပေး ခဲ့သည်။

Google က ၄င်းတို့၏ အပြောင်းအလဲမှာ နာရီပိုင်းအတွင်း ဖြစ်နိုင်ကြောင်း၊ အခြား အွန်လိုင်း ဝန်ဆောင်မှုများ ကဲ့သို့ Google ကလည်း ပရိသတ် များ၏ အကြောင်း ကြားခြင်းကို မှတ်တမ်းယူကာ အရေးယူ လုပ်ဆောင် ရကြောင်း ပြောပြသည်။

ဟက်ကာ များသည် ရာနှင့်ချီသော နာမည်ကြီး အမျိုးသမီး အနုပညာရှင် တို့၏ ကိုယ်ပိုင် အချိန်တွင် ရိုက်ကူး ထားသည့် ဓာတ်ပုံများ၊ ဝတ်လစ်စားလစ် ဓာတ်ပုံများ၊ အပျော်ရိုက်ကူး ထားသည့် ဓာတ်ပုံများကို ခိုးယူကာ 4Chan နှင့် အခြား ဝက်ဘ်ဆိုဒ် များပေါ်တွင် တင်ခဲ့သည်။

ထို့ပြင် အနုပညာရှင် တို့၏ ဓာတ်ပုံ အမြောက်အမြား ကို နှစ်သုတ်ခွဲ၍ အင်တာနက်ပေါ် တင်ခဲ့ပြီး ဖြစ်ကာ Harry Potter မင်းသမီး Emma Watson အပါအဝင် အခြား အနုပညာရှင် များ၏ ဝတ်လစ်စားလစ် ဓာတ်ပုံများ ပါဝင်သည့် ဓာတ်ပုံတစ်စု ကိုလည်း ဆက်လက် ဖြန့်ချိ သွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ