Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, October 27, 2014

လက်ဘနွန်စစ်တပ်နှင့် အစ္စလာမ္မစ် စစ်သွေးကြွအဖွဲ့များကြား ပဋိပက္ခပြင်းထန်

လက်ဘနွန်နိုင်ငံ မြောက်ပိုင်း ထရီပိုလီမြို့က လမ်းတွေပေါ်မှာ ပေါက်ကွဲမှုတွေနဲ့ သေနတ်ပစ်ခတ်မှုတွေ အပြီး အောက်တိုဘာလ ၂၅ ရက်နေ့က လက်ဘနွန်စစ်တပ်နဲ့ အစ္စလာမ္မစ် စစ်သွေးကြွတွေကြား ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပါတယ်။

အောက်တိုဘာလ ၂၄ ရက်နေ့ကလည်း ထရီပိုလီမြို့တွင်း စစ်တပ်နဲ့ အစ္စလာမ္မစ်သေနတ်သမား တွေကြား အရင်တိုက်ပွဲအတွင်း အနည်းဆုံး စစ်သွေးကြွ ၂ ယောက် သေဆုံးပြီး အရာရှိ တယောက် အပါအဝင် စစ်သား ၆ ယောက် ဒဏ်ရာရ ထားပါတယ်။

ဒီစစ်သွေးကြွတွေ ဘယ်အုပ်စုကလဲ ဆီးရီးယားကလား လက်ဘနွန်တွေပဲလားဆိုတာ ချက်ချင်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဆီးရီးယားသူပုန်တွေနဲ့ အမာခံ လက်ဘနွန် ဆွန်နီ အစ္စလာမ္မစ်တွေကတော့ လက်ဘနွန်စစ်တပ်ဟာ ရှီးယိုက် ဟဇ်ဘိုလာတွေနဲ့ အတူတွဲလုပ်နေ တယ်လို့ စွပ်စွဲ ထားပါတယ်။

ဟဇ်ဘိုလာတွေဟာ ဆီးရီးယားသမ္မတ ဘတ်ရှားအယ်လ်အာဆတ်ကို ကူညီဖို့ တိုက်ခိုက်ရေး သမားတွေ စေလွှတ်ပေးခဲ့တာပါ။

အောက်တိုဘာလ ၂၄ ရက်နေ့ကလည်း မြောက်ပိုင်းမြို့ အာဆွန်က တိုက်ခန်းစီးနင်းမှုအတွင်း လက်ဘ နွန်စစ်သားတွေက ယောက်ျား ၃ ယောက်ကို အသေဖမ်းမိပြီး တခြားလူ အတော်များများကို အရှင်ဖမ်းမိခဲ့ ပါသေးတယ်။

လက်ဘနွန်နိုင်ငံတလွှား တိုက်ပွဲတွေ ဗုံးခွဲမှုတွေ ပြန်ပေးဆွဲမှုတွေဖြစ်နေပြီး လူမျိုးစုတွေကြား ဆက်ဆံရေးက ဆီးရီးယား ပြည်တွင်းစစ်နဲ့ ဆက်နွှယ်နေပါတယ်။ ကျန်ခဲ့တဲ့နွေ ရာသီကလည်း ဆီးရီးယားက အစ္စလာမ္မစ်သေနတ်သမားတွေက လက်ဘနွန်နယ်စပ်မြို့အာဆယ်လ် ကို သိမ်းပိုက်ခဲ့လို့ စစ်တပ်နဲ့ တိုက်ပွဲ ဖြစ်ပြီး စစ်သားအယောက် ၂၀ လောက် သေဆုံးခဲ့ပါတယ်။

ဓားစားခံတွေကို ဖမ်းဆီးဆုတ်ခွာသွားခဲ့ပြီး အများအပြားက ခုထိ ပြန်ပေးဆွဲခံထားရဆဲပါ။


ဓာတ်ပုံ - ရိုက်တာ


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ