Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, October 19, 2014

လိပ်ကျွန်းလူသတ်မှု ဗြိတိန်ရဲစစ်ဆေးမည်

ထိုင်းနိုင်ငံ Koh Toa ကျွန်းပေါ်မှာ စက်တင်ဘာလက အသတ်ခံခဲ့ရတဲ့ ဗြိတိန်ခရီးသွား နှစ်ယောက်ရဲ့အမှုကို ဗြိတိန်ရဲတပ်ဖွဲ့က ထိုင်းရဲတပ်ဖွဲ့နဲ့ ပူးပေါင်းစစ်ဆေးမယ်လို့ ဗြိတိန်အစိုးရက ပြောကြားလိုက်ပါတယ်။

အီတလီနိုင်ငံ Milan မြို့မှာကျင်းပခဲ့တဲ့ ASEM ထိပ်သီးစည်းဝေးပွဲဘေးပန်းမှာ ဗြိတိန်ဝန်ကြီးချုပ် David Cameron နဲ့ ထိုင်းဝန်ကြီးချုပ် Prayuth Chan-ocha တို့သဘောတူခဲ့ပြီးနောက် ဗြိတိန်မှုခင်းစစ်ရဲအဖွဲ့ တဖွဲ့ ထိုင်းနိုင်ငံမှာ သွားရောက်စုံစမ်းမယ်လို့ ဝန်ကြီးချုပ် Cameron ရုံးက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ထိုင်းကိုစေလွှတ်မယ့် ဗြိတိန်ရဲတွေနဲ့ ပတ်သက်လို့ အသေးစိတ်ကိုတော့ ကြေညာချက်ထဲမှာ ဖော်ပြထားခြင်း မရှိပေမယ့် ဗြိတိန်ထုတ် Guardian သတင်းစာကြီးမှာတော့ ထိုင်းရဲတွေက မသင်္ကာသူတွေလို့ ပြောနေကြသူနှစ်ယောက်ရဲ့ DNA တွေက လူသတ်မှုနဲ့ ပတ်သက်နေတဲ့ DNA နဲ့ တကယ်တူနေသလားဆိုတာကို သီးခြားလွတ်လပ်တဲ့ စစ်ဆေးမှုတွေ လုပ်သွားမှာဖြစ်တယ်လို့ ရေးသားထားပါတယ်။

ဗြိတိန်ခရီးသွား Hannah Witheridge နဲ့ David Miller တို့ကို သတ်တယ်လို့ စွပ်စွဲပြီး မြန်မာရွှေ့ပြောင်းလုပ်သား ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ကို
ထိုင်းရဲက ဖမ်းဆီးထားပါတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်လုံးက သူတို့သတ်ပါတယ်လို့ ဝန်ခံအောင် ထိုင်းရဲက ရိုက်နှက်နှိပ်စက်ခဲ့တယ်လို့
ပြောပါတယ်။

ဒီလူသတ်မှုနဲ့ပတ်သက်လို့ ထိုင်းရဲတွေရဲ့ ကိုင်တွယ်ပုံပေါ်မှာလည်း နိုင်ငံတကာက လူ့အခွင့်အရေးအဖွဲ့တွေက စိုးရိမ်ကြောင်း ပြောခဲ့ကြပါတယ်။ ဗြိတိန်ရဲနဲ့ ထိုင်းတာဝန်ရှိသူတို့ အတူစုံစမ်းဖို့ကိစ္စ အသေးစိတ်ကို ညှိနှိုင်းရဦးမှာဖြစ်ပေမယ့် အမှုမှန်ဖော်ထုတ်နိုင်ဖို့ ထိုင်းအာဏာပိုင်တွေနဲ့ ဘန်ကောက်က ဗြိတိန်သံရုံးကြားမှာ အနီးကပ် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ ထိုင်းစစ်တပ် ဒုတိယပြောခွင့်ရသူရဲ့ အပြောကို Bangkok Post သတင်းစာထဲမှာ ဖော်ပြထားပါတယ်။

ဒီအမှုစုံစမ်းမှုကို လွတ်လပ်မျှတပြီး ဥပဒေအတိုင်းဆောင်ရွက်ဖို့လည်း မြန်မာအစိုးရက တိုက်တွန်းထားပါတယ်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ