Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, October 19, 2014

၂၀၁၆ ခုနှစ်ထဲရောက်မှ နိုင်ငံရေးဆွေးနွေးပွဲ စတင်နိုင်လိမ့်မယ်လို့ MPC ပြောကြား

တိုင်းရင်းသား လက်နက်ကိုင်တွေ၊ နိုင်ငံရေးပါတီတွေ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေဟာ လာမယ့် ၂၀၁၆ ခုနှစ်ထဲရောက်မှသာ ဖြစ်နိုင်ခြေရှိကြောင်း MPC မြန်မာငြိမ်းချမ်းရေးစင်တာ တာဝန်ရှိသူတွေက ဒီနေ့ နေပြည်တော်မှာပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ ရှင်းပြခဲ့ကြောင်း သိရပါတယ်။

နေပြည်တော် MAX ဟိုတယ်မှာ ဒီနေ့စတင်ကျင်းပတဲ့ “ပြည်တွင်းငြိမ်းချမ်းရေးအတွက် လွှတ်တော်ရဲ့ အခန်းကဏ္ဍ” ဆိုတဲ့ ဆွေးနွေးပွဲမှာ မြန်မာငြိမ်းချမ်းစင်တာ တာဝန်ရှိသူတွေက ရှင်းပြခဲ့တာလို့ အဲဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ပြောပါတယ်။

"အခု နိုင်ငံရေးဆွေးနွေးပွဲကို မရောက်သေးဘူး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို သွားတဲ့ဟာက ၂ဝ၁၅ မကဘူး၊ ၂ဝ၁၆ ကို ကူးသွားမယ်လို့ သူတို့ထင်တယ်ဆိုပြီး အဲ့လိုဆွေးနွေးသွားတယ်၊ နောက်ဆုံးပိတ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကြီးတစ်ခုလုံးဟာ လွှတ်တော်ထဲမှာပဲ ငြင်းကြခုန်ကြရမှာပဲ၊ နောက်ဆုံး နိုင်ငံရေးဆွေးနွေးပွဲဆိုတာလည်း လွှတ်တော်ထဲမှာပဲ အဆုံးအဖြတ်ပေးမှာပဲ၊ တကယ်တမ်းကျတော့ လွှတ်တော်ကို ဂရုမစိုက်လို့မရဘူးလေ၊ လွှတ်တော်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကြီးမှာတော့ ဦးဆောင်နေတဲ့အခန်းကဏ္ဍမှာပါတယ်"

အဲဒီဆွေးနွေးပွဲကို မနက်ဖြန်အထိ နှစ်ရက်ကြာ ကျင်းပသွားမယ်လို့ သိရပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဟာ ပြည်တွင်းငြိမ်းချမ်းရေး ပထမအဆင့်အဖြစ် တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖို့အတွက် ဆွေးနွေးနေဆဲဖြစ်ပါတယ်။ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲကို အောက်တိုဘာလထဲမှာ ကျင်းပနိုင်မယ်လို့ မူလကခန့်မှန်းခဲ့ကြပေမယ့် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား နှစ်ဖက်လက်မှတ်ရေးထိုးနိုင်မယ့် နောက်ဆုံးအဆင့် သဘောတူမူကြမ်း မရရှိသေးဘူးလို့ သိရပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ