Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, October 3, 2014

ဟောင်ကောင် အစိုးရကို တရုတ် ကျားကန်ပေး

ဟောင်ကောင် ဒီမိုကရေစီရေး ဆန္ဒပြသူတွေ အနေနဲ့ ငြိမ်းငြိမ်း ချမ်းချမ်း လူစုခွဲ ကြဖို့ တောင်းဆို လိုက်တဲ့ ဟောင်ကောင် အုပ်ချုပ် ရေးမှူး စီဝိုင် လုံ CY Leung ကို တရုတ် အစိုးရပိုင် သတင်းဌာနက လှိုက်လှိုက် လှဲလှဲ ထောက်ခံလိုက်ပြီး သူ့ရဲ့ ဆောင်ရွက်ချက်တွေ အတွက် ချီးကျူး ဂုဏ်ပြု လိုက်ပါတယ်။

ဟောင်ကောင် အုပ်ချုပ်ရေးမှူး စီဝိုင်လုံ အနေနဲ့ ဒီကနေ့ည သန်းခေါင် အချိန် နောက်ဆုံးထားပြီး ရာထူးက နုတ်ထွက် ပေးဖို့နဲ့ အဲဒီလို နှုတ်ထွက် မပေးဘူး ဆိုရင် အစိုးရ အဆောက်အဦး တွေကို ဝင်သိမ်းမယ်လို့ ဆန္ဒပြ ကျောင်းသား ခေါင်းဆောင် တွေက တောင်းဆိုလိုက် အပြီးမှာ တရုတ် ကွန်မြူနစ် ပါတီရဲ့ People's Daily သတင်းစာက စီဝိုင်လုံကို အခုလို အားပေး ထောက်ခံလိုက်တာပါ။

ဆန္ဒပြမှုတွေ ဟောင်ကောင် မြို့အနှံ့ ဖြစ်ပွားနေတာ ၅ ရက်မြောက် ရှိလာနေပြီ ဖြစ်ပြီး တင်းမာမှုတွေ မြင့်တက်လာနေတဲ့ လက္ခဏာတွေကိုလည်း တွေ့လာနေရပြီ ဖြစ်ပါတယ်။

ဆန္ဒပြသူတွေက အစိုးရရုံး နေရာတွေကို ပိတ်ဆို့ ထားကြပေမယ့် ရုံးတွေ ပြန်ဖွင့်မယ့် သောကြာနေ့မှာ ဝန်ထမ်းတွေ အလုပ်ပြန်ဆင်းကြမှာ ဖြစ်တယ်လို့ ဟောင်ကောင် အစိုးရက ပြောပါတယ်။

အစောပိုင်းကလည်း မစ္စတာ စီဝိုင်လုံနဲ့ ဟောင်ကောင် ရဲတပ်ဖွဲ့ကို အပြည့်အဝ ထောက်ခံကြောင်း တရုတ် အစိုးရက ထုတ်ဖော် ပြောကြားခဲ့ပါသေးတယ်။


ဒီကနေ့ ကြာသပတနေ့ ည သန်းခေါင် နောက်ဆုံးထားပြီး အုပ်ချုပ်ရေးမှူး နှုတ်ထွက် ပေးဖို့ တောင်းဆိုထား


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ