Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, October 18, 2014

ဖမ်းထားတဲ့ ကျောင်းသူ ၂၀၀ ကျော် Boko Haram ပြန်လွှတ်ပေးမည်

နိုင်ဂျီးရီးယားအစိုးရနဲ့ အစ္စလာမ်မစ် ဘိုကိုဟာရမ် စစ်သွေးကြွအဖွဲ့တို့ ကြားမှာ အပစ်အခတ်ရပ်စဲဖို့ အတွက် သဘောတူညီမှု ရရှိခဲ့ကြပြီး၊ ဘိုကိုဟာရမ် အဖွဲ့ကလည်း ပြီးခဲ့တဲ့ ဧပြီလက ပြန်ပေးဆွဲခဲ့တဲ့ ကျောင်းသူ ၂၀၀ ကျော် ကို ပြန်လွှတ်ပေးဖို့ အတွက် သဘောတူ ခဲ့ကြပါတယ်။

နိုင်ဂျီးရီးယားစစ်တပ်ရဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး Alex Badeh က အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ကို သောကြာနေ့ မှာ ကြေညာခဲ့ တာဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ဂျီးရီးယားစစ်တပ် အကြီးအကဲတွေ အားလုံးကိုလည်း ဒီသဘောတူညီချက် ကို လိုက်နာဖို့ အမိန့်ထုတ်လိုက်ပါတယ်။

ဘိုကိုဟာရမ်စစ်သွေးကြွတွေဘက်က ဒီကျောင်းသူတွေကို ပြန်လွှတ်ပေးဖို့ မူအားဖြင့် သဘောတူညီခဲ့တယ်လို့ နိုင်ဂျီးရီးယားသမ္မတရဲ့ ထိပ်တန်းအကြံပေး Hasan Tukur က ဗီအိုအေ Hausa ဌာနကို ပြောကြားခဲ့ပါတယ်။

အသေးစိတ်အချက်အလက်တွေကိုတော့ ဆက်လက်ညှိနှိုင်းရအုံးမှာဖြစ်ကြောင်း ၊ ဒါပေမဲ့လည်း ဘိုကိုဟာရမ်အဖွဲ့နဲ့ သဘောတူညီချက်အပေါ်မှာ သံသယမဖြစ်မိပါဘူးလို့ သူကပြောပါတယ်။

အဲဒီကျောင်းသူလေးတွေရဲ့ ကျန်းမာရေးအခြေအနေဟာ ကောင်းမွန်တယ်လို့ ဘိုကိုဟာရမ်အဖွဲ့က အစိုးရကို အာမခံခဲ့တယ်လို့ သူက ထပ်ပြောပါတယ်။ ဒါပေမဲ့ ဘိုကိုဟာရမ်အဖွဲ့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ အောင်မြင်ဖို့ကိစ္စကိုတော့ သူက သတိထားပြီး တုံ့ပြန်ပြောဆိုသွားပါတယ်။



Boko Haram က ဖမ်းဆီးထားတဲ့ ကျောင်းသူတွေ။ 


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ