Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, October 3, 2014

အပစ်ရပ်ရေး မြန်မာ့ အကျိုးစီးပွါး ရှေ့ရှု ညှိနှိုင်းဖို့ EU ပန်ကြား

မြန်မာနိုင်ငံရဲ့ လက်ရှိပြုလုပ်နေဆဲ တနိုင်ငံလုံး အပစ်ခတ် ရပ်စဲရေး ဆွေးနွေးပွဲမှာ ပါဝင်တဲ့ အဖွဲ့အစည်းတွေ အားလုံးအနေနဲ့ မြန်မာနိုင်ငံရဲ့ အကျိုးစီးပွား ကို ရှေ့ရှုပြီး ဆွေးနွေး ညှိနှိုင်းကြဖို့  EU ဥရောပ သမဂ္ဂက တောင်းဆို လိုက်ပါတယ်။

ပြည်သူလူထု တွေ့ကြုံနေရတဲ့ အခက်အခဲတွေ၊ ပဋိပက္ခတွေ၊ ဖွံ့ဖြိုး တိုးတက်မှု နောက်ကျနေရတာတွေကို အဆုံးသတ်စေဖို့ အတွက် ရည်ရွယ် လုပ်ဆောင်ကြဖို့ တိုက်တွန်းကြောင်း ဥရောပသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး Roland Kobia က ပြောဆိုတဲ့အကြောင်း ကြာသာပတေးနေ့မှာ ထုတ်ပြန်တဲ့ သတင်းကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

EU ဥရောပသမဂ္ဂ အနေနဲ့  လက်ရှိသွားနေတဲ့ ညှိနှိုင်းဆွေးနွေးပွဲတွေရဲ့ အရေးပါမှုနဲ့ ခက်ခဲရှုတ်ထွေးတဲ့ အခြေအနေတွေကို နားလည်သဘောပေါက်ကြောင်းလဲ သံအမတ်ကြီး Roland Kobia က ပြောဆိုပါတယ်။

တနင်္လာနေ့မနက်ပိုင်းမှာ သံအမတ်ကြီး ကိုဘီးယား EU အဖွဲ့ဝင်နိုင်ငံတွေက တာဝန်ရှိသူတွေဟာ တိုင်းရင်းသား လူမျိုးစုအဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တွေ၊ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး  ညှိနှိုင်းရေးအဖွဲ့  NCCT ရဲ့ ကိုယ်စားလှယ် တွေနဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ ရဲ့ ခေါင်းဆောင်တွေ နဲ့ တွေ့ဆုံခဲ့ကြပြီး နောက်ဆုံး ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အခြေအနေတွေ နဲ့ အောက်တိုဘာလအတွင်း ဆက်လက်ပြုလုပ်ဖို့ရှိတဲ့ ညှိနှိုင်းရေး ကိစ္စတွေ အကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

နိုင်ငံတကာအဖွဲ့အစည်းအနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ဆက်လက် အားပေး ပါဝင်လုပ်ဆောင်ဖို့ NCCT က မေတ္တာ ရပ်ခံခဲ့တယ်လို့ ဆိုပါတယ်။ EUဟာ မြန်မာ့နိုင်ငံရေး ငြိမ်းချမ်းရေး ရရှိရေး ဖြစ်စဉ်မှာ အဓိက ငွေကြေးထောက်ပံ့မှု အများဆုံး ပေးတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ