ယူကရိန်းအရှေ့ပိုင်းမှာ ပျက်ကျသွားတဲ့ မလေးရှားပိုင် MH 17 လေယာဉ်ပေါ်မှာ သြစတြေးလျနိုင်ငံသား ၂၇ ယောက်နဲ့ PR လို့ခေါ်တဲ့ အမြဲတမ်းနေထိုင်ခွင့်ရှိသူ ၁၁ ယောက် ပါဝင်သေဆုံးတဲ့အတွက် ရုရှားသမ္မတနဲ့ ဆွေးနွေးမှု လုပ်မယ်လို့ ပြောသွားခဲ့တာပါ။
MH 17 ကိစ္စနဲ့ ပတ်သက်ပြီး မစ္စတာ ပူတင်နဲ့ ထိပ်တိုက် ရင်ဆိုင် ပြောဆိုသွားမယ့်အကြောင်း ဒီလူတွေဟာ ရုရှားက ထောက်ပံ့ထားတဲ့ သူပုန်တွေရဲ့ လက်ချက်ကြောင့် သေဆုံးရတာ ဖြစ်တဲ့အတွက် ရုရှားသမ္မတနဲ့ ဆွေးနွေးမှု လုပ်သွားမှာဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောသွားခဲ့တာပါ။
အတိုက်အခံပါတီကတော့ ရုရှားသမ္မတကို သြစတြေးလျနိုင်ငံမှာ ကျင်းပမယ့် G-20 အစည်းအဝေး တက်ရောက်ဖို့ မဖိတ်ခေါ်သင့်သလို မျက်နှာချင်းဆိုင် တွေ့ဆုံတာမျိုး မလုပ်သင့်ဘူးလို့ ပြောဆိုခဲ့ပါတယ်။
ယူကရိန်းအရေးမှာ ရုရှားပါဝင်မှုနဲ့ MH 17 လေယာဉ် ပျက်ကျမှုနဲ့ ပတ်သက်ပြီး ရုရှားကို ဆန့်ကျင်တဲ့အနေနဲ့ G-20 အစည်းအဝေး တက်ရောက်ဖို့ ဖိတ်ခေါ်ဖို့ သင့်မသင့် ဆွေးနွေးခဲ့ရာက မကြာသေးခင်ကပဲ ရုရှားသမ္မတက အစည်းအဝေး တက်ရောက်မယ့်အကြောင်း သြစတြေးလျ ဘဏ္ဍာရေးဝန်ကြီး Joe Hockey က အတည်ပြုခဲ့ပါတယ်။
![]() |
| သြစတြေးလျ ဝန်ကြီးချုပ် တိုနီအာဘော့တ် (ဝဲ) နှင့် ရုရှားသမ္မတ ဘလာဒီမီယာ ပူတင် (ယာ |




































No comments:
Post a Comment