Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, October 14, 2014

ရာဇီဒီအမျိုးသမီးတွေကို IS စစ်သားတွေအတွက် ပေးပို့

အစ္စလာမ်မစ်နိုင်ငံ ​တည်ထောင်သူ ​IS ​စစ်သွေးကြွအဖွဲ့က ​သူတို့ ​ဖမ်းဆီးရမိထားတဲ့ ​ရာဇီဒီ ​အမျိုးသမီးနဲ့ ​ကလေးငယ်တွေကို ​အီရတ်မြောက်ပိုင်းမှာ ​တိုက်ခိုက်မှု ​လုပ်နေတဲ့ ​IS ​တပ်ဖွဲ့တွေရဲ့ ​လက်ထဲ ​ထည့်ပေးလိုက်တယ်လို့ ​ပြောပါတယ်။

စစ်အတွင်းမှာ ​စစ်သားတွေကို ​အလိုလိုက်၊ ​အကြိုက်လုပ်ပေးတဲ့အနေနဲ့ ​အဲဒီ ​အမျိုးသမီးတွေကို ​IS ​စစ် ​သား ​တွေ ​အတွက် ​ပေးလိုက် ​တာလို့ ​ပြောဆို ​ပြီးတဲ့နောက် ​IS ​အဖွဲ့ရဲ့ ​ကျွန်ပြုမှုကို ​ပိုမို ​သိလာ ​ရတာ ​ဖြစ်ပါတယ်။

အရင်တုန်း ​ကလည်း ​ရာဇီဒီအမျိုးသမီးတွေကို ​ကျွန်လို ​ရောင်းစားတာတွေ ​ရှိတယ်ဆိုတဲ့ ​သတင်းတွေ ​ထွက်ပေါ်ခဲ့ပြီး ​အခုအခါမှာ ​Dabiq ​လို့ခေါ်တဲ့ ​ဝါဒဖြန့်ချီရေး ​မဂ္ဂဇင်းမှာ ​ဖော်ပြလာတဲ့အတွက် ​ရာဇီဒီလူမျိုးတွေကို ​IS ​တပ်ဖွဲ့က ​ကျွန်ပြုနေတယ်ဆိုတာကို ​အသေအခြာ ​သိလာကြတာပါ။

ရာဇီဒီ ​တွေဟာ ​အီရတ်နိုင်ငံ ​မြောက်ပိုင်းမှာ ​နေထိုင်သူတွေဖြစ်ပြီး ​IS ​အဖွဲ့က ​သူတို့ရဲ့ ​နယ်မြေထဲ ​ဝင်လာပြီးတဲ့နောက် ​တချို့ ​ထိန်းသိမ်းခံထားရသလို၊ ​တချို့ကတော့ ​အစုလိုက် ​အပြုံလိုက် ​သတ်ဖြတ်ခံခဲ့ရပါတယ်။

အခုလောလောဆယ် ​ရာဇီဒီ ​အမျိုးသမီးနဲ့ ​ကလေးငယ် ​ရာနဲ့ချီ ​ပျောက်ဆုံးနေဆဲဖြစ်ပြီး ​ဘာဖြစ်သွားသလဲ ​ဆိုတာ ​မသိရသေးပါဘူး။

သြဂုတ်လတုန်းကတော့ ​ရာဇီဒီတွေဟာ ​IS ​အဖွဲ့ရဲ့ ​ရန်ကို ​ကြောက်လို့ ​တောင်ကုန်းပေါ် ​ထွက်ပြေးတိမ်းရှောင်ရင်း ​ပိတ်မိနေခဲ့ရာက ​အမေရိကန်က ​ရဟတ်ယာဉ်တွေနဲ့ ​တောင်ပေါ်မှာ ​ကယ်ဆယ်မှု ​လုပ်ခဲ့ရပါတယ်။

IS ​အဖွဲ့ ​လက်ထဲကနေ ​လွတ်မြောက်လာသူ ​အသက် ​၁၅ ​နှစ်အရွယ် ​ရာဇီဒီ ​အမျိုးသမီးတစ်ဦးကတော့ ​ရာဇီဒီ ​မိန်းကလေး ​၂၀၀ ​လောက်ကို ​IS ​တပ်ဖွဲ့က ​ဘတ်စ်ကား ​လေးစီးပေါ် ​တင်ဆောင်ပြီး ​ဆီးရီးယားနိုင်ငံဘက် ​ပို့ဆောင်ခဲ့တယ်လို့ ​လူ့အခွင့်အရေးစောင့်ကြည့်ရေး ​အဖွဲ့ကို ​ပြောပြခဲ့ပါတယ်။

သူကိုယ်တိုင် ​ရောင်းစားခံခဲ့ရတာဖြစ်ပြီး ​IS ​အဖွဲ့ဝင် ​တစ်ဦးက ​သူနဲ့ ​သူ့ညီမကို ​ဝယ်ယူခဲ့တယ်လို့ပြောပါတယ်။

သူ့ညီမကို ​နောက်တစ်ယောက်ဆီ ​ရောင်းစားပြီး ​သူ့ကို ​ထိန်းသိမ်းထားပေမယ့် ​အခွင့်အရေးရတဲ့အချိန်မှာ ​ထွက်ပြေးလွတ်မြောက်လာတာ ​ဖြစ်တယ်လို့ ​အဆိုပါ ​အသက် ​၁၅ ​နှစ်အရွယ် ​ရာဇီဒီ ​အမျိုးသမီးက ​ပြောပြခဲ့ပါတယ်။



ှုIS အစ္စလာမ်မစ် စစ်သွေးကြွတွေရဲ့ ရန်ကို တိမ်းရှောင် ထွက်ပြေးလာကြသူ ရာဇီဒီများ


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ