Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, October 25, 2014

GPS စနစ်၌ အသေးစိတ် လမ်းညွှန်မြေပုံထည့် သွင်းထားသော ပြည်တွင်းရှိ မြို့ ကြီးများ အရေအတွက် တိုးမြင့်လာ

ရန်ကုန် ၊ ၂၄-၁၀-၂၀၁၄

Global Positioning System(GPS) စနစ်၌ အသေးစိတ် လမ်းညွှန်မြေပုံ ထည့်သွင်း အသုံးပြု ထားသော မြန်မာနိုင်ငံရှိ မြို့ကြီးများ အရေအတွက် သည် ယခင်ကထက် ပိုမိုများပြား လာပြီး ယခုအခါ မြို့ကြီး ၁ဝဝ နီးပါးအထိ ရှိလာပြီဖြစ်ကြောင်း Concordia International Co., Ltd. မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

'' GPS စနစ် ထည့်သွင်းလို့ ရတဲ့ မြို့အရေအတွက် ဟာ အရင်ကထက် စာရင် ပိုများလာတယ်။ ကျွန်တော်တို့ ကလည်း အမြဲတမ်း Upgrade လုပ်ပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံက မြို့ကြီး ၁ဝဝ နီးပါးလောက် အထိ အသေးစိတ် မြေပုံလမ်းညွှန် ပါတဲ့ GPS စနစ်ကို ထည့်သွင်း အသုံးပြုလို့ ရပါပြီ ... ''ဟု ၄င်းက ပြောသည်။

ယခင်က ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် အစရှိသော မြို့ကြီးများ အပါအဝင် စုစုပေါင်း ၂၅ မြို့ခန့်သာ GPS စနစ်တွင် အသေးစိတ် ထည့်သွင်း နိုင်ခဲ့ခြင်း ဖြစ်ပြီး ယခုအခါ အခြားသော လူစည်ကားရာ မြို့ကြီးများ၏ အသေးစိတ် မြေပုံများကိုပါ GPS စနစ်တွင် ထည့်သွင်းလာနိုင် ခြင်းဖြစ်ကြောင်း သိရသည်။

Concordia International Co., Ltd. အနေဖြင့် Upgrade လုပ်ထားသော GPS စနစ်မြေပုံ အသစ် ထည့်သွင်းလို သူများကို တစ်ဦးလျှင် ငွေကျပ် ခြောက်သောင်းနှုန်း ဖြင့် ထည့်သွင်း ပေးသွားမည် ဖြစ်ပြီး ယခင် ၂၅ မြို့ ပါသော မြေပုံထည့်သွင်း ထားသူများကို Software အခမဲ့ ထည့်သွင်း ပေးသွားမည် ဖြစ်ကြောင်း၊ Concordia International Co., Ltd. မှ အသေးစိတ် အသစ် ပြန်လည် မွမ်းမံထားသော GPS စနစ် မြေပုံအသစ် တွင် မိမိ သွားလိုသည့် နေရာကို အနီးဆုံး ဖြတ်လမ်း မှ သွား၍ရရန် စီစဉ် ပေးထားကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ GPS စနစ် အသုံးပြုမှုမှာ ယခုအခါ တဖြည်းဖြည်း မြင့်တက်လာခဲ့ပြီး ကုန်းလမ်းခရီး ၊ ရေကြောင်း နှင့် လေကြောင်း ခရီး သွားလာရေး ကဏ္ဍများ အပြင် ဆောက်လုပ်ရေး လုပ်ငန်း နှင့် နယ်မြေ ဧရိယာ တိုင်းတာ သတ်မှတ်သော လုပ်ငန်း အစရှိသော လုပ်ငန်းခွင်များ ၌လည်း အသုံးပြုမှု များပြား လာကြောင်း သိရှိရသည်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ