Kurdish တပ်ဖွဲ့ဝင်တွေက IS အစွန်းရောက်သမားတွေကို ရက်ပေါင်းများစွာ ခုခံ တိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံတကာ ညွန့်ပေါင်းတပ်က ဝေဟင်ကနေတဆင့် ကူညီတိုက်ခိုက်တာတွေ လုပ်တဲ့ကြားကပဲ IS အစွန်းရောက်သမားတွေက ကိုဘာနီ မြို့စွန်နားကို ရောက်ရှိလာတာပါ။
အခုဆိုရင် ကိုဘာနီမြို့ရဲ့ ဆင်ခြေဖုန်းမှာ IS အဖွဲ့ရဲ့ အလံတွေကို လွှင့်ထူထားပြီး ဒါဟာ IS အဖွဲ့အနေနဲ့ မြို့ထဲကို ရောက်လာပြီ ဆိုတာကို ပြသလိုက်တာ ဖြစ်ပါတယ်။
မြို့တွင်းမှာ ကျန်ရှိနေတဲ့ Kurdish ရဲ့ YPG တပ်သားတွေနဲ့ IS တပ်ဖွဲ့တွေ အနီးကပ် ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်နေတယ်ဆိုတဲ့ သင်းတွေလည်း ထွက်ပေါ်နေပြီး မကြာခင်မှာ ကိုဘာနီမြို့ဟာ IS တပ်ရဲ့ လက်ထဲ ကျရောက်တော့မယ့် အခြေအနေ ရှိနေတယ်လို့ Hayden Cooper က သတင်းပေးပို့ထားပါတယ်။
ကိုဘာနီမြို့ဟာ Kurd လူမျိုး အများစု နေထိုင်တဲ့ မြို့ ဖြစ်တဲ့အတွက် ဒီမြို့ သိမ်းပိုက်ခံရမယ်ဆိုရင် ပိတ်မိနေခဲ့တဲ့ မြို့ခံတွေ အစုလိုက် အပြုံလိုက် သတ်ပစ်ခံရနိုင်တယ်လို့လည်း စိုးရိမ်မကင်း ဖြစ်နေကြပါတယ်။
ကိုဘာနီအရေး စိုးရိမ်တဲ့ Kurd လူမျိုးတွေ နယ်သာလန်မှာ ဆန္ဒပြကြရင်း နယ်သာလန် ပါလီမန်ထဲဝင်ရောက်
ကိုဘာနီမြို့က IS အဖွဲ့ရဲ့ လက်ထဲမှာ ကျရောက်မှာကို စိုးရိမ်တဲ့ နယ်သာလန်နိုင်ငံက ရာနဲ့ချီတဲ့ Kurd လူမျိုးတွေဟာလည်း သူတို့လူမျိုးတွေရဲ့ ဖြစ်ရပ်ကို လူတွေ အာရုံစိုက်လာအောင် လုပ်ဆောင်တဲ့အနေနဲ့ နယ်သာလန် ပါလီမန်မှာ ဆန္ဒပြရင်း ပါလီမန်ထဲ ဝင်ရောက်တဲ့အထိ ဖြစ်ခဲ့ပါတယ်။
လုံထိန်းရဲ အယောက်ပေါင်း ရာနဲ့ချီက လုံခြုံရေး ယူခဲ့ရသလို ရဟတ်ယာဉ်တွေက အပေါ်ကနေ ပျံဝဲပြီး စောင့်ကြည့်မှုတွေ လုပ်ခဲ့ကြရတယ်လို့လည်း သိရပါတယ်။
IS အဖွဲ့ကို ဝေဟင်ကနေ တိုက်ခိုက်တဲ့အဖွဲ့ထဲမှာ သြစတြေးလျ ပါဝင်
IS အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့ကို ဝေဟင်ကနေ တိုက်ခိုက်ရာမှာ သြစတြေးလျကလည်း ပါဝင်နေပါပြီ။
နိုင်ငံတကာ မဟာမိတ်တပ်ကနေ ဝေဟင်ကနေ တိုက်ခိုက်တာ အကြိမ်ပေါင်း ၃၁၀ ရှိသွားပြီ ဖြစ်ပေမယ့် IS စစ်သွေးကြွတွေဟာ အီရတ်နိုင်ငံ ဘက်ခ်ဒက်မြို့ တဝိုက်မှာ လွတ်လွတ်လပ်လပ် သွားလာ လှုပ်ရှားနေသလို ဆီးရီးယားနိုင်ငံ ကိုဘာနီမြို့ကိုလည်း သိမ်းယူနေတဲ့ အနေအထား ရောက်ရှိနေတာ ဖြစ်ပါတယ်။
ဒါ့အပြင် လက်ဘနွန် နိုင်ငံဘက်ကိုလည်း ဝင်ရောက်တာမျိုးတွေရှိနေပြီး ပြီးခဲ့တဲ့ သတင်းပါတ်တွေကပဲ အီရတ်နိုင်ငံ စစ်စခန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
သြစတြေးလျ လေတပ်က IS တပ်ဖွဲ့ကို ဝေဟင်ကနေ တိုက်ခိုက်နေပေမယ့် အဲဒီ အတွက် ကုန်ကျစရိတ်ကို ကာမိအောင် ဘယ်လို လုပ်ဆောင်ကြမလဲ ဆိုတာကို သြစတြေးလျ နိုင်ငံရေး သမားတွေက စဉ်းစားနေကြပါတယ်။
သြစတြေးလျ အစိုးရက နိုင်ငံတော် အသုံးစရိတ် လျှော့ချဖို့ လုပ်ဆောင်နေချိန်မှာပဲ အခုလို ကိစ္စတွေ ပေါ်လာတာ ဖြစ်ပါတယ်။
အတိုက်အခံပါတီကတော့ လူလတ်တန်းစားတွေကို ပေးနေတဲ့ အစိုးရရဲ့ ထောက်ပံ့ကြေးကို ဖြတ်တောက်လိုက်ရင် ငွေတွေ ထွက်လာနိုင်တယ်လို့ ပြောဆိုထားပါတယ်။
![]() |
| ကိုဘာနီမြို့က လေးထပ်တိုက်ပေါ်မှာ IS အဖွဲ့ရဲ့ အလံမဲကို တွေ့ရစဉ် |




































No comments:
Post a Comment