Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, October 25, 2014

ISIS ကို ဆီးရီးယား အတိုက်အခံ Kurds နဲ့ ပေါင်း တိုက်မည်

ဆီးရီးယား နိုင်ငံ ကိုဘာနီမြို့ကို အစ္စလာမ္မစ် စစ်သွေးကြွတွေ လက်ထဲ ကျရောက်မယ့် အန္တရာယ်ကနေ ကာကွယ်ဖို့ အတွက် ဆီးရီးယား ကာဒ့်လူမျိုးတွေနဲ့ ဆီးရီးယား လွတ်မြောက်ရေး တပ်ဖွဲ့က တပ်သားတွေ ပူးပေါင်းလိုက်တယ်လို့ တူရကီ သမ္မတ က ပြောဆိုပါတယ်။  အနောက်အုပ်စုက ထောက်ခံထားတဲ့ သူပုန်တပ်ဖွဲ့ဝင် ၁၃၀၀ကို ဆီးရီးယား မြောက်ပိုင်း တူရကီ နယ်စပ်ကို ပို့ဆောင်ဖို့ အတွက် ကာဒ် တိုက်ခိုက်ရေး သမားတွေ အပြီးသတ် စီမံပြီးပြီလို့ တူရကီ သမ္မတ Recep Tayyip Erdogan က သောကြာနေ့မှာ သတင်းထောက်တွေ ကို ပြောခဲ့တာပါ။

ဆီးရီးယား နိုင်ငံတွင်းက ကိုဘာနီမြို့ကို ဆက်ပြီး ထိန်းချုပ်နိုင်ဖို့ အတွက် ကာဒ့်လူမျိုး တိုက်ခိုက်ရေး သမားတွေ တိုက်ခိုက်နေတာဟာ တလကျော် ၂ လတွင်း ကို ရောက်ရှိခဲ့ပါပြီ။ ISIS အစ္စလာမ္မစ် စစ်သွေးကြွတွေက စက်တင်ဘာလထဲမှာဘဲ တူရကီ နယ်စပ်နဲ့ သိပ်မဝေးလှတဲ့ ဒေသတွေမှာ စပြီး ထိုးစစ်ဆင်လာတာမို့ တူရကီ အစိုးရ ဟာလည်း ISIS ဆန့်ကျင် တိုက်ဖျက်ရေးမှာ ပါဝင်လာရပါတယ်။

ဒါပေမယ့်လို့လည်း အမေရိကန်တို့ ဦးဆောင်တဲ့ ISIS တွေကို လေကြောင်းကနေ တိုက်ခိုက်နေတဲ့ ပူးပေါင်းတိုက်ခိုက်နေမှုမှာတော့ တူရကီတို့ စစ်ရေး အရ ပါဝင်တာ မရှိသေးပါဘူး။ အီရတ် နိုင်ငံတွင်းမှာ ပြင်သစ်တို့ရဲ့ လေကြောင်းက တိုက်ခိုက်မှုက IS အစ္စလာမ္မစ် စစ်သွေးကြွတွေရဲ့ လက်နက် သိုလှောင်ရုံကို ဖျက်ဆီးခဲ့ပါတယ်။

ISIS အစ္စလာမ္မစ်တွေကို တိုက်ခိုက်နေတဲ့ ဒေသခံ မြေပြင် တပ်ဖွဲ့တွေကို အထောက်အကူပေးတဲ့ အနေနဲ့ အမေရိကန် ပြည်ထောင်စုက ဥရောပ နိုင်ငံတွေ၊ မဟာမိတ် အာရပ် နိုင်ငံတွေနဲ့ အတူ ပူးပေါင်းပြီး အီရတ်နဲ့ ဆီးရီးယား နိုင်ငံ တွင်းမှာ နေ့စဉ်ဆိုသလို လေကြောင်းကနေ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

အစ္စလာမ္မစ် စစ်သွေးကြွတွေ လက်ထဲ ကျရောက်နေတဲ့ အီရတ် နယ်မြေတွေ ပြန်သိမ်းရေး ထိုးစစ်ဆင်ဖို့  အီရတ် စစ်တပ်အနေနဲ့ လနဲ့ချီပြီး အချိန်ယူရဦးမယ်လို့ အမေရိကန် စစ်တပ်က ကြာသပတေးနေ့မှာ ပြောဆိုပါတယ်။


ISIS တပ်ဖွဲ့များ။


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ