ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, October 14, 2014

ISIS အစွန်းရောက် အပေါ်အမေရိကန်နဲ့ ဆော်ဒီ လေကြောင်း တိုက်ခိုက်မှု တိုး

ဆီးရီးယား နယ်စပ် ကိုဘာနီမြို့ အနီးမှာရှိတဲ့ IS အစ္စလာမ်မစ် စစ်သွေး ကြွတွေရဲ့ ပစ်မှတ်တွေကို တနင်္လာနေ့မှာ အမေရိကန်နဲ့ ဆော်ဒီအာရေး ဘီးယား နိုင်ငံတွေက လေကြောင်း ကနေ တိုက်ခိုက်ခဲ့ ကြပါတယ်။ တချိန်တည်းမှာပဲ မြေပြင်မှာလည်း ကားဒစ်ရှ် တိုက်ခိုက်ရေး သမားတွေနဲ့ စစ်သွေးကြွတွေဟာ  မြို့ကိုထိန်းချုပ်နိုင်ဖို့ အတွက်  အပြင်းအထန် တိုက်ခိုက် နေပါတယ်။

ကိုဘာနီမြို့ရဲ့ကောင်းကင်မှာ မီးခိုးလုံးကြီးတွေ တက်နေတာကို တူရကီနယ်စပ်ကနေ တွေ့မြင်နေရပါတယ်။ စစ်သွေးကြွတိုက်ခိုက်ရေးသမားတွေဟာ မြို့ကိုသုံးဖက်ကနေ ၀ိုင်းရံပြီး တိုက်ခိုက်နေကြတယ်လို့ ကိုဘာနီမြို့က တာဝန်ရှိသူတယောက်ကပြောပါတယ်။

မြောက်ဖက်အကျဆုံးနေရာဟာ တူရကီနယ်စပ်နဲ့ အနီးဆုံးနေရာမှာ ရှိပြီး စစ်သွေးကြွတွေကသာ ၀ိုင်းလိုက်မယ်ဆိုရင် မြို့နဲ့ အဆက်အသွယ် ပြတ်တောက် သွားလိမ့်မယ်ဆိုပြီး စိုးရိမ်တကြီး ပြောဆိုနေကြပါတယ်။

အမေရိကန်နဲ့ ဆော်ဒီအာရေးဘီးယား တိုက်လေယာဉ်တွေဟာ ကိုဘာနီမြို့ရဲ့ အနောက်တောင်ဖက်ခြမ်းကို လေးကြိမ်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး၊ IS တပ်တွေကို ထိမှန်ခဲ့ကြောင်း လက်နက်ကြီးတွေ ပစ်ခတ်နေတဲ့ နေရာတွေကို ဖျက်ဆီးပစ် ခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောပါတယ်။

နောက်ထပ်တခြား တိုက်ခိုက်မှု ၃ ခုပြုလုပ်ခဲ့ရာမှာ ခိုဘာနီမြို့ရဲ့ အရှေ့မြောက်ဖက်မှာရှိတဲ့ IS တွေရဲ့ ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီထဲမှာ ဂျီဟတ်တွေ ထိန်းချုပ်ထားတဲ့ အဆောက်အဦ ၂ ခုလည်းပါဝင်တယ်လို့ ဆိုပါတယ်။


တူရကီနိုင်ငံအတွင်းက ကာ့ဒ်လူမျိုးတွေ IS အစွန်းရောက်တွေက ဆီးရီးယား၊ ကိုဘန်နီမြို့ တိုက်ခိုက်မှုကို ဆန့်ကျင်ကန့်ကွက်မှု။


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ