Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, October 26, 2014

ကော်သူးလေ တပ်မတော် (KAF) ဖွဲ့စည်းသည့် ကိစ္စကို KNU က မူအားဖြင့် သဘောတူ

အောက်တိုဘာ - ၂၅ - ၂၀၁၄

ယနေ့ ဆက်လက်ပြု လုပ်နေသည့် ကရင်အမျိုးသား အစည်းအရုံး KNU အရေးပေါ် ဗဟိုကော်မတီ အစည်းအဝေးက ကော်သူးလေ တပ်မတော် (KAF) ဖွဲ့စည်းသည့် ကိစ္စနှင့် ပတ်သက်၍ မူအားဖြင့် သဘောတူကြောင်း ယနေ့တွင် ဆုံးဖြတ်ခဲ့ကြ သည်ဟု သိရှိရသည်။

ကော်သူးလေ တပ်မတော် ဖွဲ့စည်းခြင်း ဆိုင်ရာနှင့် ပတ်သက်၍ လာမည့်(၁၆)ကြိမ်မြောက် KNU ကွန်ဂရက်တွင် ဆွေးနွေး အတည်ပြု ဆုံးဖြတ်သွား မည်ဟုလည်း သိရသည်။

ကော်သူးလေ တပ်မတော် (KAF) ဖွဲ့စည်းကြောင်း ကရင်လက်နက်ကိုင်အဖွဲ့အစည်း ၄ ခု၏ ခေါင်းဆောင်များက ယခုလ ၁၃ ရက်နေ့တွင် ကြေညာချက်တစောင်ထုတ်ပြန်ခဲ့သည်။

သတ်မှတ်ရက်ထက် ကျော်လွန်သွားသည့် KNU အရေးပေါ် အစည်းအဝေးကို မနက်ဖြန်တွင် တရက်နားမည်ဖြစ်ပြီး လာမည့် တနင်္လာနေ့တွင် ဆက်လက်ပြုလုပ်သွား မည်ဖြစ်သည်။

မူလက သတ်မှတ်ထားသည့် KNU အရေးပေါ် အစည်းအဝေးမှာ ယခုလ ၂၃ - ၂၄ - ၂၅ နေ့ရက်များတွင်ဖြစ်သည်။

အဆိုပါအစည်းအဝေးကို ကရင်အမျိုးသား အစည်းအရုံး လက်အောက်ခံ ဘားအံခရိုင် လေးဝါးစခန်းတွင် ယခုလ ၂၃ နေ့က စတင်ကျင်းပနေခြင်း ဖြစ်ပြီး ဗဟိုကော်မတီ ၅၀ ဦးရှိသည့်အနက် ၄၈ ဦး တက်ရောက်ဆွေးနွေးလျှက်ရှိသည်။


ယမန်နေ့ စတင်ပြုလုပ်ခဲ့သည့် KNU အရေးပေါ် ဗဟိုကော်မတီ အစည်းအဝေးတွင် တွေ့ရသည့် စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးဂျော်နီနှင့် ဒုစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဘောကျော်ဟဲ။ 



ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ