Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, October 2, 2014

ကေအဲန်ယူတပ် KNLA နှင့် အစိုးရစစ်တပ် ပစ်ခတ်မှု ထပ်မံဖြစ်ပွား

အောက်တိုဘာ ၂ရက်၊ ၂၀၁၄ခုနှစ်။

ပဲခူးတိုင်းရှိ ကရင်အမျိုးသား အစည်းအရုံး(ကေအဲန်ယူ) ထိန်းချုပ်နယ်မြေ တပ်မဟာ(၃)၊ မုန်းမြို့နယ် မောနဲလမ်း၌ ယမန်နေ့နံနက် ၁၁နာရီခွဲတွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA) တပ်ရင်း(၈)မှ တပ်ဖွဲ့ဝင်အချို့နှင့် မြန်မာ အစိုးရစစ်တပ် တို့အကြား ပစ်ခတ်မှု တစ်ရပ် ထပ်မံ ဖြစ်ပွား ခဲ့သည်ဟု သိရသည်။

မြန်မာအစိုးရစစ်တပ် စစ်ကွပ်ကဲရေးဌာနချုပ်(စကခ-၁၀)လက်အောက်ခံ ခြေမြန်တပ်ရင်း(ခမရ-၅၉၈)မှ အင်အား ၂၀ကျော် လှုပ် ရှားနေသည့်အဖွဲ့နှင့် အင်အား ၃ဦးရှိ KNLA လှုပ်ရှားအဖွဲ့တို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း KNLA တပ်ရင်း(၈)၏ ဒုတပ်ရင်း မှူး ဒုဗိုလ်မှူးကြီးစောရေးဒို့က ကေအိုင်စီသို့ ပြောသည်။

“အစိုးရစစ်တပ်က တက်လာတာ ဘာမှအကြောင်းမကြားဘူး။ ကျနော်တို့ဘက်ကလည်း သွားလာရင်းနဲ့ ရုတ်တရက် ထိပ်တိုက် တိုးတော့ ပစ်ခတ်မှုဖြစ်တာပါ။ ကျနော်တို့ဖြစ်တာတော့ မိနစ်ပိုင်းလောက်ပါပဲ။ နှစ်ဖက်ထိခိုက်မှု ဘာမှမရှိပါဘူး”ဟု ဗိုလ်ကြီးစော ၀ါးဖြူးက ပြောဆိုသည်။

မုန်းမြို့နယ်အတွင်းရှိ လှုပ်ရှားနေသော မြန်မာအစိုးရစစ်တပ် ခမရ(၅၉၈)သည် ဒုဗိုလ်မှူးကြီးဇော်ဝင်းနိုင် ဦးဆောင်သော တပ်ရင်း ဖြစ်ကြောင်း သိရသည်။

ယခင်လ စက်တင်ဘာ ၂၇ရက်နေ့ကလည်း ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ မြန်မာအစိုးရစစ်တပ် စစ်ကွပ်ကဲရေးဌာန ချုပ်-စကခ(၁၀)၏ ခြေမြန်တပ်ရင်း(ခမရ-၃၆၁)မှ ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ ကရင်အမျိုးသားကာ ကွယ်ရေးအဖွဲ့(KNDO)ကို ပစ်ခတ်ခဲ့သဖြင့် ၁ဦးသေဆုံးကာ ၁ဦး ဒဏ်ရာရရှိခဲ့သည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ