Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, October 15, 2014

Kobani မြို့ ISIS အစွန်းရောက်လက်ထဲကျမှာ အိုဘားမား အထူးစိုးရိမ်

ဆီးရီးယားနယ်စပ်မြို့ဖြစ်တဲ့ Kobani မြို့ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ အလွန်အမင်း အထူးစိုးရိမ်ပူပန်တဲ့ အကြောင်း အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား က ပြောဆို လိုက်ပါတယ်။ အဲဒီမှာ မြို့ကို IS အစ္စလာမ်မစ် စစ်သွေးကြွတွေလက်ထဲ ကျမသွားရအောင် Kurdish တိုက်ခိုက်ရေး သမားတွေက အပြင်းအထန် ခုခံနေကြရပါတယ်။

စစ်သွေးကြွတွေကို နှိမ်နင်းရေးနဲ့ပတ်သက်ပြီး သမ္မတ အိုဘားမားဟာ နိုင်ငံခြားစစ်ဘက်ဆိုင်ရာ အကြီးအကဲ ၂၀ ကျော်နဲ့ ၀ါရှင်တန်မြို့ပြင်ရှိ အမေရိကန်လေတပ် အခြေစိုက်စခန်းတခုမှာ အင်္ဂါနေ့က ဆွေးနွေးခဲ့ပါတယ်။

Kobani မှာ ဖြစ်ပွားနေတဲ့ အခြေအနေဟာ ဆီးရီးယားနဲ့ အီရတ်နိုင်ငံတွေအပေါ် အစ္စလာမ်မစ် စစ်သွေးကြွတွေရဲ့ ခြိမ်းခြောက်မှုကို မီးမောင်းထိုးပြနေတာဖြစ်တယ်လို့ သမ္မတ က ပြောပါတယ်။

မဟာမိတ်ညွန့်ပေါင်းတပ်ဖွဲ့တွေအနေနဲ့ စစ်သွေးကြွတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်လက် ပြုလုပ်သွားမယ်လို့ သမ္မတ က ပြောဆိုပါတယ်။ IS စစ်သွေးကြွတွေကို အနိုင်ယူဖို့ ကြိုးပမ်းမှုဟာ စစ်ပွဲတခု ဆင်နွှဲတာမျိုးတင် မကပါဘဲ အစွန်းရောက်မှုကို ဆန့်ကျင် တိုက်ခိုက်တာလည်း ဖြစ်တယ်လို့ မစ္စတာ အိုဘားမားက ပြောပါတယ်။

တနင်္လာနဲ့ အင်္ဂါနေ့တွေအတွင်း အမေရိကန်နဲ့ ဆော်ဒီအာရေးဘီးယားနိုင်ငံတို့က တိုက်လေယာဉ်တွေဟာ IS စစ်သွေးကြွတွေကို လေကြောင်းကနေ တိုက်ခိုက်မှုပေါင်း ၂၁ ကြိမ် ပြုလုပ်ခဲ့ကြပြီး စစ်သွေးကြွတွေရဲ့ မြို့ကိုသိမ်းပိုက်ဖို့ ကြိုးပမ်းနေမှုကို နှေးကွေးအောင် လုပ်ပစ်နိုင်ခဲ့တယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က ပြောဆိုပါတယ်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ