Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, October 27, 2014

Kobani မြို့တိုက်ပွဲ ၈၀၀ ကျော်သေဆုံးပြီ

တူရကီနိုင်ငံအနီး ဆီးရီးယားနယ်စပ်ဖြစ်တဲ့ Kobani မြို့ကို ထိန်းချုပ်နိုင်ဖို့အတွက် IS အစ္စလာမ်မစ် စစ်သွေးကြွတွေနဲ့ ကာ့ဒ်လူမျိုးစု တိုက်ခိုက်ရေး သမားတွေကြား သီတင်း ၆ ပတ်ကြာ မြေပြင်တိုက်ခိုက်မှု တွေ အတွင်း လူပေါင်း ၈၀၀ ကျော် သေဆုံးခဲ့တယ်လို့ ဆီးရီးယား တက်ကြွလှုပ်ရှား သူတွေက ပြောပါတယ်။

သေဆုံးသူတွေထဲမှာ ဂျီဟာ့ဒ် အစွန်းရောက် စစ်သွေးကြွတွေ (၅၀၀) နီးပါးနဲ့ ခါ့ဒ် တိုက်ခိုက်ရေးသမား (၃၀၀) ကျော် ပါရှိတယ်လို့ ဗြိတိန်နိုင်ငံမှာ အခြေစိုက်တဲ့ ဆီးရီးယားလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။ နောက်ထက် ၅၅၀ ဒါမှမဟုတ် အဲဒီထက်ကျော်တဲ့ အရေအတွက်ကတော့ ပြီးခဲ့တဲ့လ အမေရိကန်ဦးဆောင်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း သေဆုံးခဲ့ကြရတာပါ။ အများစုဟာ အစ္စလာမ်မစ် စစ်သွေးကြွတွေဖြစ်ကြတယ်လို့ ဆိုပါတယ်။

မြေပြင်တိုက်ခိုက်မှုတွေအတွင်း အရပ်သား ၂၁ ဦးသေဆုံးပြီ၊ Kobani မြို့နေလူထုအများစုဟာ တူရကီနိုင်ငံမှာ ဖွင့်လှစ်ထားတဲ့ ဒုက္ခသည်စခန်းတွေဆီကို ထွက်ပြေးခဲ့ကြတယ်လို့ လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။ ဆီးရီးယားနိုင်ငံကနေ တူရကီကို ထွက်ပြေးကြတဲ့ ဒုက္ခသည်အရေတွက်ဟာ ၂ သိန်းကျော် ရှိတယ်လို့ ဆိုပါတယ်။

အမေရိကန်တိုက်လေယာဉ်တွေဟာ IS စစ်သွေးကြွတွေရဲ့ ပစ်မှတ်တွေကို ၅ ကြိမ်ထပ်မံတိုက်ခိုက်ခဲ့ပြီး တနင်္ဂနွေနေ့က Kobani မြို့ရဲ့ အပေါ်ထက် ကောင်းကင်ယံမှာ မီးခိုးလုံးကြီးတွေ တက်နေတာကို တွေ့နေရပါတယ်။

ဂျီဟာဒ်အစွန်းရောက် စစ်သွေးကြွတွေဟာ စတုတ္ထနေ့အဖြစ် တူရကီကနေ ဆီးရီးယားကိုဝင်တဲ့ နယ်စပ်တခုကို သိမ်းပိုက်ဖို့ ကြိုးစားခဲ့ပေမဲ့ ကာ့ဒ် တိုက်ခိုက်ရေးသမားတွေက ခုခံတိုက်ထုတ်နိုင်ခဲ့ကြပါတယ်။ အဲဒီနေရာဟာ တူရကီနိုင်ငံကို ဖြတ်ပြီး သေချာလေ့ကျင့်ထားတဲ့ PESHMERGA တိုက်ခိုက်ရေးသမား ၂၀၀ ကို Kobani ကို ပို့ပေးဖို့အတွက် အီရတ် ကာ့ဒ်တွေက ပြင်ဆင်ထားတဲ့ လမ်းကြောင်းဖြစ်ပါတယ်။



ကာ့ဒ် စစ်ဘေးဒုက္ခသည်တွေ ကိုဘန်နီမြို့တွင်းမှာ IS နဲ့ကာ့ဒ်တပ်ဖွဲ့ဝင်တွေကြား တိုက်ပွဲကို မြို့ပြင်တောင်ကုန်းပေါ်က စောင့်ကြည့်နေစဉ်။ (အောက်တိုဘာ ၂၆၊ ၂၀၁၄)


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ