Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, October 27, 2014

Obama ခရီးစဉ်အတွက် လုံခြုံရေးအစီအစဉ် စတင်

အရှေ့တောင် အာရှနိုင်ငံများ အသင်း အာဆီယံ ထိပ်သီး အစည်းအဝေးကို တက်ရောက်ဖို့ အတွက် အမေရိကန်သမ္မတ Mr Obama ဟာ နေပြည်တော် ကို ရှေ့လအတွင်းမှာ လာရောက်မှာဖြစ်တဲ့ အတွက် နေပြည်တော် ဟိုတယ်တွေမှာ လုံခြုံရေး အပြည့်အဝ စတင် ဆောင်ရွက်ထားပြီလို့ နယ်မြေခံ လုံခြုံရေးတာဝန်ကျသူ တစ်ဦးက RFA ကို ပြောပါတယ်။

သမ္မတအိုဘားမားဟာ လာမယ့်နိုဝင်ဘာလ ၉ ရက်ကနေ ၁၃ ရက်အထိ နေပြည်တော်မှာ ကျင်းပမယ့် ၂၅ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို လာရောက်မှာဖြစ်ပါတယ်။

သမ္မတအိုဘားမား တည်းခိုမယ့်ဟိုတယ်ကို လုံခြုံရေးအရ ကြိုတင်အသိပေးမထားပေမယ့် တည်းခိုမယ်လို့ သတင်းထွက်ပေါ်နေတဲ့ ကမ်ပင်စကီ ဟိုတယ် Kempinski Hotel ရဲ့ အထွေထွေမန်နေဂျာ Mr. Franck Droin ကို RFA ကမေးမြန်းရာမှာ ဧည့်သည်တွေရဲ့ လုံခြုံရေးအတွက် ထုတ်ဖော်ပြောခွင့်မရှိဘူးလို့ ပြောပါတယ်။

သမ္မတအိုဘားမား တည်းခိုဖို့အတွက် သက်ဆိုင်ရာက ကြယ်ငါးပွင့်အဆင့် ဟိုတယ်သုံးလုံးကို လျာထားပြီး မန်းမြန်မာဟိုတယ်ကိုတော့ အမေရိကန်သမ္မတရဲ့ ဝန်ထမ်းတွေ တည်းခိုဖို့ အခန်းပေါင်းတစ်ရာကျော်ရှိတဲ့ ဟိုတယ်တခုလုံးကို ငှားရမ်းထားပြီး ဖြစ်တယ်လို့ဆိုပါတယ်။

အာဆီယံထိပ်သီးအစည်းအဝေးနဲ့ အမေရိကန် သမ္မတအိုဘားမား ခရီးစဉ်အတွက် အမြင့်ဆုံး လုံခြုံရေး အဆင့် သတ်မှတ်ထားပြီး နိုင်ငံတကာရဲတပ်ဖွဲ့၊ အာဆီယံရဲတပ်ဖွဲ့ အကူအညီအပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရဲတပ်ဖွဲ့ အင်အားနှစ်သောင်းကျော်နဲ့ လုံခြုံရေးတာဝန် ယူသွားမယ်လို့ သိရပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ