Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, October 2, 2014

SSPP/SSA နှင့်အစိုးရတပ်မတော် စစ်ရေးပြန်လည်တင်းမာ

သျှမ်းပြည်တပ်မတော် SSPP/SSA ဌာနချုပ် အနီးဝန်းကျင်သို့ အစိုးရတပ် တထောင်ခန့် အင်အားတိုး ဖြည့်လာသောကြောင့် နှစ်ဘက်တပ်ကြား အထူးတင်းမာနေသည်ဟု SSA ရှေ့တန်း တပ်မှူး ကပြော သည်။

အစိုးရ၏ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး စိုးဝင်း ၏ အမိန့်ဟုဆိုကာ အောက်တိုဘာ ၁ ရက်နေ့ နံနက် ၁၁ နာရီနောက်ဆုံးထားပြီး သျှမ်းပြည် တပ်မတော် SSPP/SSA က တာ့ဖာဆောင်တံတားတပ်စခန်းမှ တပ်ဆုတ်ပေးမည် မဆုတ်ပေးမည် ( yes/ no အဖြေတခုသာ ပေးရန်) အကြောင်းပြန်ရန် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုနိုင်က သျှမ်းပြည်တပ် SSPP/SSA ထံပြောကြားလာ သည်ဟု ဆိုပါသည်။

ထို့ကြောင့်ယမန်နေ့မှ ယနေ့ (၁၊၁၀၊၂၀၁၄ ) ညနေအထိ အစိုးရတပ် များ တာ့ဖာ ဆောင် တပ်စခန်း ဘက်သို့ အင်အားတိုးဖြည့်လာနေ ကြောင်း၊ ခုခံတိုက်ခိုက်ရန် သျှမ်းပြည် တပ်မ တော်ဘက်က လည်း စစ်ရေးအသင့် အနေအထားရှိ နေကြောင်း ရှေ့တန်းစစ်မျက်နှာ တပ်မှူးတဦး ကပြောသည်။

“နိုင်ငံတော် သမ္မတက နှစ်ဘက်တပ်တွေဆုတ်ဖို့ပြော တယ်။ မြန်မာ့ တပ်မတော် က အစိုးရတပ်ဘဲ။ အရင်ဆုတ်ရမှာပေါ့။ ဒီကိစ္စ ကျနော်တို့ အတွေ့အကြုံရှိ တယ်။ နမ့်လောင်း၊ ဇစ်လတ် (၇ မိုင်) တပ်စခန်း ပြဿနာတုန်း ကလဲ နှစ်ဘက်စလုံး မနေရဘူးလို့ ပြောတယ်။ ငြိမ်းချမ်းရေးကို မျှော်ကိုးပြီး ကျနော်တို့ တပ်ထွက် ခွါတော့ အစိုးရတပ်က လာနေတယ်။ ခုထက်ထိဘဲ။ ဒါ့ကြောင့် အခုကျနော်တို့ မဆုတ်နိုင်ဘူး။ ဒါကျနော်တို့ နေတဲ့နေရာဘဲ။” - ဟု ပြောသည်။

ကျေးသီးမြို့နယ် မိုင်းနောင်မြို့နယ်ခွဲ ဝမ့်ဇင်းဘက်မှ စစ်ကား ၁၀ စီးကျော်၊ မိုင်းစံ - မိုင်းရှူး မှ တဆင့် စစ်ယာဉ်တန်းများ၊ လားရှိုး - မိုင်းရယ်ဘက်မှ စစ်အင်အားများ ဝမ့်ဟိုင်းဌာနချုပ်အနီး တာ့ဖာဆောင် တပ်စခန်းဘက် ယနေ့ထပ်မံ ဦးတည် လာနေ သည်ဟု ဒေသခံများကပြောသည်။

တန့်ယန်းမြို့နယ် မန့်ကတ် နှင့် ကျိုင်းတောင်းမြို့ တပ်စခန်းသိမ်းသင်တန်းတို့မှ သင်တန်းဆင်းခါစ စစ်အင်အား ၅ ဗျူဟာခန့်စစ်သည်များဖြစ်ကြောင်း၊ လက်တွေ့ဆင်းရန်အတွက် ဖြစ်နိုင်ကြောင်း ဝမ့်ဟိုင်းဌာနချုပ်က အရာရှိတဦးကလည်းပြောပါသည်။

“တာ့ဖာဆောင်စခန်းက တပ်မတော် လိုအပ်ချက်ထဲက အသေးအမွှားလောက်ပဲ လို့မြင်မိတယ်။ ဝ ဒေသအနောက်ကြော သံလွင်မြစ်အနောက်ခြမ်းမှာ ရှိတဲ့ အချက်အခြာကျတောင်ကုန်းတပ်စခန်းတွေကို သိမ်းပိုက်ဖို့က အဓိက စီမံချက် ဘဲလို့ယူဆတယ်။ ဒီတခေါက် သေနတ်သံထပ်ပေါက်ရင်တော့ တည် ဆောက် နေ တဲ့ ငြိမ်းချမ်းရေးကို ထိခိုက်စေနိုင်တယ်။ စစ်ရေးနည်းနဲ့ လာရင်တော့ စစ်ရေးနည်းနဲ့ ဘဲဖြေရှင်းရတော့မှာပေါ့ ” - ဟု ပြောသည်။

သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် အစိုးရ တပ်မတော်ကြား စစ်ရေး တင်းမာနေချိန် မြန်မာ့တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှာ ကိုးရီးယား နိုင်ငံတွင်ရောက်ရှိနေပါသည်။

သျှမ်းပြည်တပ်မတော် SSPP/SSA သည် မြန်မာအစိုးရ နှင့် ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေး လက်မှတ် ရေးထိုးထားသည်မှာ သုံးနှစ်ခန့် ရှိပြီဖြစ်ပါသည်။ အပစ်ရပ်စဉ်က ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်း ဖေါ်ဆောင်ရေးကော်မတီ ဒုတိယ ဥက္ကဌ ဦးသိန်းဇော်က SSPP/SSA နယ်မြေအတွင်း တပ်စခန်း ချထား သည့် တပ်မတော် စစ်ကြောင်းများ ၅ ရက် အတွင်း တပ်ဆုတ်ပေးမည် ဟု နှုတ်ကတိပေး ထားခဲ့ဖူးသည်။ သို့သော် တပ်ဆုတ်ပေးခြင်းမရှိသည့်အပြင် အင်အားဖြည့်ခြိမ်းခြောက်မှုများကြောင့် နှစ်ဦးနှစ်ဘက် ကြား တိုက်ပွဲပေါင်း ရာဂဏန်းဖြစ်ပွားနေရပါသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ