Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, October 4, 2014

SSPP/SSA တပ်စခန်းအား အစိုးရတပ်လက်နက်ကြီးဖြင့် မရပ်မနားပစ်ခတ်

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း အစိုးရတပ်မတော်က လေယာဉ်ပစ် ပွိုင့်ဖိုက် ၊ ၁၂၀ မမ ဖြင့် မရပ်မနားပစ်ခတ်သဖြင့် တိုက်ပွဲများ ပျံ့နှံ့လာနေသည်ဟု ဒေသအတွင်းသတင်းရပ်ကွက်က ပြောသည်။

အောက်တိုဘာ ၃ ရက် ယနေ့ နံနက် ၈ နာရီဝန်းကျင်အချိန်မှစ၍ ဝမ့်ဟိုင်းအနောက်တောင်ဘက် နောင်ဆွမ်း ကျေးရွာအနီး၊ ပန်ဝိုးကျေးရွာအနီးဘက်တွင်လည်း တိုက်ပွဲများဖြစ်ပွားနေဆဲဖြစ်သည်ဟု ဆိုသည်။

အောက်တိုဘာ၂ ရက် နံနက် ၅.၄၅ နာရီ မှ ညသန်းခေါင် ၁၁ နာရီကျော်သည့်အထိ လက်နက်ကြီးမိုး ရွာသွန်းသည့် အလား သျှမ်းပြည်တပ်မတော်၏ တာ့ဖါဆောင်တပ်စခန်းအား မရပ်မနားပစ်ခတ်ကြောင်း၊ ကျေးသီးမြို့နယ် နောင်ဆွမ်း၊ ပန်ဝိုးဘက်ပျံ့နှံ့သွားကြောင်း ဆိုသည်။

“ကျနော်တို့က လူအားနဲ့သယ်တယ်။ သူတို့က ကားနဲ့လာချတယ်။ နောက်ပြီး စိန်ပြောင်းကြီးတွေနဲ့ နံနက် မိုးမလင်းခင်ကနေ ည သန်းခေါင်ထိ တိုက်တာ။ ဒီနေ့လဲ လက်နက် ကြီးနဲ့ ထပ်ထုနေတုန်း” - ဟု ရှေ့တန်းရောက်တပ်မှူးကပြောသည်။

တာ့ဖာဆောင်တပ်စခန်းအား သျှမ်းပြည်တပ်မတော်မှ နယ်ကျွံတပ်စွဲထားသည်ဟု အစိုးရအာဘော် သတင်းများက ရေးသားသည်။

“ဒီစခန်းက အပစ်ရပ်ပြီးမှ လာနေတာမဟုတ်ဘူး။ တိုက်ပွဲမစခင် ၂၀၁၁ ခု မတိုင်စခင်ကတည်းက ကျနော်တို့နေတယ်။ လူထုအတွက် တံတားဆောက်ပေးတယ်။ ဒါကို အစိုးရတပ်က ၂၀၁၂ ခုနှစ်က ကျနော်တို့ကိုလာတိုက်တယ်။ တံတားကိုလဲ မီးရှို့တယ်။ အပစ်ရပ်တော့ ကျနော်တို့က တံတား အသစ်ပြန်ဆောက်ပေးတယ်။ ကျနော်တို့နေရာဟောင်းကို ကျနော်တို့ပြန်နေတယ်။ ဒါကို သူတို့က နယ်ကျွံတယ်တဲ့လား” - ဌာနချုပ် အရာရှိတဦးကပြောသည်။

သီးခြားအတည်ပြုချက်မရသေးသည့်သတင်းအရ တာ့ဖာဆောင်တပ်စခန်းအား သျှမ်းပြည် တပ်မတော် မှ ယနေ့ စခန်းဆုတ်ပေးလိုက်ရသည်ဟုဆိုသည်။

သျှမ်းပြည်တပ်မတော်နှင့် မြန်မာစိုးရတို့သည်ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးလက်မှတ်ရေးထိုး ထားသည့်တပ်ဖွဲ့ဖြစ်သည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ