Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, August 10, 2014

ထီးမပါတဲ့သူ လက်မခံနဲ့နော်

လူတစ်ယောက် ဘုရားသခင်ထံသို့ သူဧ။်အပြစ်ကို ၀န်ချတောင်းပန်သည်။
ဘုရားသခင်။     ။ မင်းမှာဘာအပြစ်ရှိလို့လဲ။
လူ။     ။ ကျွန်တော်အရင်တစ်ပတ်က ကျွန်တော့်သူငယ်ချင်းအိမ်ကို
သွားလည်တယ်။ သူ့အိမ်ရောက်တော့ သူကမရှိဘူး။ အိမ်မှာသူ့မိန်းမပဲရှိတယ်။

အဲဒါနဲ့ကျွန်တော်ပြန်မယ် လုပ်တော့ .. မိုးက ၀ုန်းကနဲဆို
ရွာချရော။ ထီးကလည်းမပါဘူး။ ဒါနဲ့ပဲ သူငယ်ချင်းမိန်းမက
မိုးခိုရင်းကော်ဖီသောက်လိုက်ဆိုပြီး

ကော်ဖီဖျော်တိုက်တယ်။ အဲ … မိုးကလည်းတော်တော်နဲ့ မဆဲဘူး။
အဲဒါနဲ့ပဲ မထိန်းနိုင်ဖြစ်ပြီး သူငယ်ချင်းမိန်းမ နဲ့မှားသွားမိတယ်။
အဲဒါကြောင့် ခွင့်လွှတ်ပါ။
ဘုရားသခင်။     ။ ရပါတယ်။ ဒါကလူတိုင်းဖြစ်နိုင်တာပဲ။ ခွင့်လွှတ်ပါတယ်။
လူ။     ။ မပြီးသေးဘူး။ လွန်ခဲ့တဲ့သုံးရက်လောက် ကကျွန်တော်
ယောက္ခမအိမ်ကို သွားလည်တယ်။ မိန်းမကလည်း မအားလို့မလိုက်တော့ဘူးတဲ့။ ယောက္ခမ
အိမ်ရောက်တော့
သူမရှိဘူး။ Party သွားတယ်တဲ့။ ကျွန်တော့်ခယ်မ
တစ်ယောက်ပဲအိမ်မှာရှိတယ်။ အဲဒါနဲ့ မကောင်းပါဘူးလေ ဆိုပြီး
ပြန်မယ်လုပ်တော့ မိုးကရွာကော။ ထီးမပါလာပြန်ဘူး။
ဒါနဲ့ခယ်မကလည်း ကော်ဖီဖျော်တိုက်တယ်။
မိုးကလည်းတော်တော်နဲ့မတိတ်ဘူး။ အဲဒီ့မှာပဲ မထိန်းနိုင်ပဲ
မှားသွားမိသေးတယ်။
ဘုရားသခင်။     ။ အင်း……… နည်းနည်းတရားလွန်ပေမယ့် ခွင့်လွှတ်လိုက်ပါတယ်။
လူ။     ။ နောက်တစ်ခုကျန်သေးတယ်။ မနေ့က ကျွန်တော့်အဒေါ်အိမ်သွားတယ်။
အဒေါ်ဆိုတာ အဖွားရဲ့မွေးစားသမီးပါ။ ကျွန်တော်နဲ့တော့ ဘာမှမတော်ပါဘူး။
သူကလည်းအိမ်မှာမရှိဘူး။ သူ့ရဲ့သားပဲအိမ်မှာရှိတယ် ။
ကျွန်တော်ပြန်မယ်လုပ်တော့ မိုးကသဲသဲမဲမဲ ကိုချတော့တာပဲ။
အဲဒါနဲ့သူ့ရဲ့သားက ကော်ဖီဖျော်တိုက်တယ်။
ထီးမပါတော့ပြန်လို့မရဘူးပေါ့။ အဲဒီ့မှာပေါ့ …
အဒေါ့်သားကနည်းနည်းနွဲ့နွဲ့လေး ဆိုတော့ကျွန်တော်လည်း ………………..
ဘုရားသခင်။     ။ တော်တော် .. ဆက်မပြောနဲ့တော့။
ငါအကုန်လုံးကိုခွင့်လွှတ်တယ်။ ပြီးပြီမဟုတ်လား။ မင်း မင်း…
မြန်မြန်ပြန်တော့။ မင်းဒီကိုလာတာထီးလည်းမပါဘူး။
အခုအပြင်မှာမိုးအုံ့နေပြီ။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ