Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, August 24, 2014

ဆံပင်ကျွတ်ခြင်းကို ကာကွယ်နည်း

ဆံပင်ကျွတ်ခြင်းအတွက် ကုသမှုစရိတ် များစွာအကုန်အကျခံစရာ မလိုသည့် နည်းလမ်းများကို ဖော်ပြပေးလိုက်ပါသည်။
ဆံပင်ရေစိုနေစဉ် ခေါင်းမဖြီးပါနှင့်။ ရေစိုနေစဉ် ခေါင်းဖြီးပါက ဆံပင်ပြတ်ထွက်နိုင်ခြေပိုများသည်။ ဆံပင်ခြောက်အောင် စောင့်ပြီး မှ ခေါင်းဖြီးပါ။

ဆံပင်ကို တဘက်ဖြင့် ညင်ညင်သာသာသုတ်ပါ။ ဆံပင်ကိုပွတ် သုတ်ခြင်းမှာ မလိုလားအပ်သော ဆံပင်ပြတ်ထွက်မှုများ ဖြစ်စေနိုင် သည်။ ဘီးကျဲအသုံးပြု၍ ဆံပင်ဖြီးပါ။ ဘီးကျဲဖြင့်ဖြီးပါက ဆံပင်ရှုပ်ထွေးမှုကို ညင်ညင်သာသာဖြင့် ရှင်းသွားစေပြီး ဆံပင်ပြတ် ထွက်မှု  လျော့ကျစေနိုင်သည်။
ဘီးကို သန့်ရှင်းအောင်ထားပြီး ဆံပင်ပုံမှန်ဖြီးပါ။ ဆံပင်ညစ် ပတ်လာပါကလည်း ဆံပင်ကျွတ်ခြင်းဖြစ်စေနိုင်သည်။ ဆံပင်ကို ဆီပုံမှန်လိမ်းပါ။ ဦးခေါင်းအရေပြားကျန်းမာနေစေရန် ဆီနွေးနွေးဖြင့် တစ်ပတ်တစ်ကြိမ် ကုသမှုခံယူပါ။ ယင်းကဲ့သို့ ကုသမှုခံယူခြင်းဖြင့် ဆံပင်ကျွတ်ခြင်းကို ကာကွယ်နိုင်သည်။
သင်အသုံးပြုသော ခေါင်းလျှော်ရည်ကြောင့် ဆံပင်ကို ကြမ်းတမ်း စေနိုင်သောကြောင့် ပိုနူးညံ့သော ခေါင်းလျှော်ရည်ကို ပြောင်းသုံးကြည့်ပါ။ ဓာတုပစ္စည်းများပါဝင်သော ခေါင်းလျှော်ရည်ကြောင့် သင့်ဦးခေါင်း အရေပြားရှိသဘာဝအဆီများကို ပြောင်ရှင်းသွားနိုင် သဖြင့် ဆံပင်ပြတ်ထွက်နိုင်သည်။
ဆံပင်ကိုတင်းတင်းကြီး  မစည်းနှောင်ပါနှင့်  (သို့မဟုတ်) စတိုင် မကြာခဏမပြောင်းပါနှင့်။ ဆံကေသာအတွက် ထုတ်ကုန်ပစ္စည်းများကြောင့်လည်း သင့်ဆံပင်ကို ပျက်စီးစေနိုင်သည်။ အချို့သော ဆံပင်ပုံစံများကြောင့် ဆံပင်၏အမြစ်များကို အားလျော့စေနိုင်သည်။ သားရေကွင်း (သို့မဟုတ်) မျှော့ကြိုးများ သုံးခြင်းရှောင်ပါ။
မျှတသော ဓာတ်စာများ စားခြင်းမှာ ဆံကေသာကျန်းမာရေးအ တွက် အဓိကကျသည်။ ဆံပင်ကျွတ်ခြင်းမှာ သင့်ခန္ဓာကိုယ်အတွက် လိုအပ်သော အာဟာရဓာတ်များ မရရှိနိုင်သည့် လက္ခဏာတစ်ခု ဖြစ်နိုင်သည်။ ထို့ကြောင့် ပရိုတိန်းပါဝင်သော အစားအစာများ၊ သံဓာတ်၊ ဇင့်ဓာတ်ကြွယ်ဝသော အစားအစာများ၊ ဗီတာမင်အေ၊ ဘီ၊ စီနှင့် အိုမီဂါ သရီးဖက်တီး အက်စစ်များ သောက်သုံးပါ။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ