Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, August 11, 2014

ကျွန်တော်သိထားသော လူ့ဘ၀ အစိတ်အပိုင်းလေး တစ်ခုပါ

လူ့ဘ၀ဆိုတာ အလွန်တိုတောင်းလွန်းလှပါတယ်၊ အိမ်မက် မက်နေသလိုပါဘဲ၊ မရောက်သေးခင် အချိန်မှာတော့ ကြိုတင်တွေးပြီး စိုးရိမ်၊ ကြောက်လန့်၊ ပျော်ရွှင်ကြည်နူး နေမိတယ်၊ ရောက်ပြီး အချိန်တွေကျော်လွန်သွားတော့လဲ အမှတ်ရစ၇ာ သတိရစ၇ာ ၊ ပျော်ရွှင် ဆင်းရဲ၊ ချစ်ခြင်း မုန်းတီးမှုတွေ မျိုးစုံနဲ့ ပြီးဆုံးသွားခဲ့တယ်။
ဒီလိုနဲ့ စက္ကန့်၊ မိနစ်၊ နာရီ ကနေ နေ့ရက်တွေ လပေါင်းများစွာ ကို ဖြတ်သန်းရင်း အသက်တွေလဲတဖြည်းဖြည်းလဲ ကြီးရင့်ခဲ့ပါပြီ။ မကြာမှီ အချိန်အတွင်းမှာ အိုမင်း လာကြပြီ၊ နောက် သေဆုံးကြရတော့မယ်။ နိဗန် မရောက်မှီအချိန်မှာတော့ လူ့ဘ၀ဆိုတာ သံသရာလည်နေအုန်းမှာပါဘဲ ၊ နောင်ဘ၀အတွက် ယခုအချိန်ကစပြီး စတင်ပြင်ဆင်ရတော့မယ်၊ နောင်ဘ၀အတွက် ယူဆောင်သွားလို့ရမှာတွေကတော့ ဒါန၊ သီလ ၊ ဘာဝနာ ဆိုတဲ့ အရာတွေပါဘဲ ၊ သင်ကော ဘာတွေယူထားပြီးပြီလဲ၊ တရားသဘောနဲ့ စဉ်းစားကြည့်ရအောင် ၊ ကမ္ဘာပေါ်တွင် နေထိုင်ကြကုန်သော လူသားအပေါင်းတို့သည် စား ၀တ် နေ ရေး အတွက် တစ်ချိန်လုံး ရုန်းကန်လှုပ်ရှားနေကြသည်။ နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်အောင် အစွမ်းကုန်ကြိုးစားနေကြသည်။ တစ်ရောက်ထက်တစ်ရောက်သာ အောင်သင်တန်းမျိုးစုံတွေတက် နိုင်ငံခြား ဘာသာစကားတွေ အမျိုးမျိုးသင်ပြီး အလုပ်ကောင်းကောင်း ၀င်ငွေကောင်းကောင်း ရအောင် ဘ၀တစ်ဝက်ကျော်ကျော်နီးပါး လုံးပန်းနေကြရတယ်။အဲဒါတွေက နောင်ဘ၀အထိပါအောင် ယူလို့မရဘူးဆိုတာ လူတိုင်းသိမှာပါ။ ဒါန၊ သီလ ၊ ဘာဝနာဆိုလို့ နည်းနည်းလောက်ပြောချင်ပါတယ်၊ လူတော်တော်များများကတော့ နောင်ဘ၀အတွက် ချမ်းသာအောင်ဆိုပြီး ဒါန ပြုကြတာတော့ တော်တော်များပါတယ်၊ အဓိကပြောချင်တာကတော့ ယခုကျွန်တော်တို့ ရှေ့မှာတင်ပင် အလွန်ချမ်းသာပြီး ဆိုးသွမ်းနေကြသော လူအမျိုးမျိုးရှိနေပါတယ်၊ အရင်ဘ၀က ကုသိုလ် ဒါန အကြိုးဆက်ကြောင့် ယခုဘ၀တွင် ချမ်းသာကြသော်လည်း သီလ၊ဘာဝနာ မပါသော အကြိုးဆက်ကြောင့် ချမ်းသာစွာနေနိုင်ကြသော်လည်း ဆိုးသွမ်း မိုက်မဲနေကြသူများ၊ ချမ်းသာသော်လည်း အနာရောဂါထူသောလူများ၊ ချမ်းသာသော်လည်း စိတ်ဆင်းရဲပင်းပန်းစွာနေကြသူများ များစွာရှိကြသည်။ ထို့ကြောင့် ယခုဘ၀တွင် ချမ်းသာသော်လည်း နောင်ဘ၀အတွက်တော့ ဒုံရင်းဒုံးရင်း အတိုင်း ပြန်ဖြစ်ပြီး ဘာမှအကြိုးမရှိဘဲ ဘ၀သံသရာလည်နေအုန်းမှာပါ။ ထိုကြောင့် ကျွန်တော်တို့ ယခုဘ၀တွင် ဒါန ကုသိုလ်ကောင်းမှု ပြုလုပ်ရုံတင်မဟုတ်ဘဲ သီလ စောင့်ထိန်းခြင်း၊ ဘာဝနာ တရားထိုင်းခြင်းတို့ကို တတ်နိုင်သလောက် ပြုလုပ်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။ တိုးတက် လာတာနဲ့ အညီ နိုင်ငံခြား ယဉ်ကျေးမှုတွေကလဲ ခေတ်စားလာကြတယ်၊အတုခိုးလာကြတယ်၊ အကြိုးဆက်ကတော့ စိတ်ဓာတ်ပိုင်းတွေပျက်စီးလာကြတယ် ၊ အိမ်ထောင်ရေးဖောက်ပြန်လာကြတယ်၊ ၀င်ချင်စားချင်ကြတော့ ကိုယ့်ကိုကို ဖျက်ဆီးလာကြတယ်၊ ပိုက်ဆံ သုံးချင်ဆွဲချင်ကြတော့ ဘာကိုမှ ဂရုမစိုက်တော့ဘဲ လုပ်ချင်ရာလုပ်လာကြတယ်၊ သစ္စာတွေ ၊ မေတ္တာတွေ ၊ရိုးသားမှုတွေ ၊ ယဉ်ကျေးမှုတွေ ဘာမှ လဲ မရှိတော့သလို ဘာမှလဲ နားမလည်တော့ဘူး။ လူ့ဘ၀ အရာရာတိုင်းဟာ ချိန်ခွင် တစ်ခုလို ခံစားမိပါတယ်၊ ဘက်ညီမျှနေမှ အဆင်ပြေနေမှာပါ၊ တစ်ဘက်ဘက်မှာအလေးပိုသာသွားရင် ကျန်တစ်ဖက်မှာ ဘေးထွက်ဆိုးကြိုး ဆုတ်ရုတ်မှုတွေ ရှိလာနိုင်ပါတယ်။
အမှားပါရင် ခွင့်လွတ်ပေးကြပါ၊ ဆရာကြီးလုပ်ပြီး လျှောက်ရေးထားတာလို့ မထင်ပါနဲ့နော်၊ သိသမျှ ၊ကြားဖူးသမျှကို အားအားရားရား စိတ်ကူးပေါ်ရာရေးခဲမိတာပါ။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ