ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုကြောင့်
 ကမ္ဘာပေါ်တွင်နှစ်စဉ် ကလေးပေါင်းတစ်သန်းကျော် အသက် ဆုံး ရှုံးနေရလျက်ရှိသည်။ 
ဝမ်းပျက်ဝမ်းလျှောရောဂါသည် လူ့ခန္ဓ္ဓာကိုယ်အရည်ဓါတ်ခမ်းခြောက်ခြင်းနှင့်
 အာဟာရဓါတ်ချို့တဲ့ခြင်းတို့ဖြစ်စေပြီးရောဂါဖြစ်ပွားသော ကလေး(၂၀၀)ဦးလျင် 
တစ်ဦးနှုန်း အသက်ဆုံး 
ရှုံးနိုင်သည်။ရောဂါကူးစက်ဖြစ်ပွားလျင်ကလေးများသည်အရည်ဓါတ်ခမ်းခြောက်မှုလျင်မြန်စွာဖြစ်ပေါ်စေသောကြောင့်လူကြီးများထက်
 အသက်ဆုံးရှုံးမှု ပိုမိုများပြားရခြင်းဖြစ်သည်၊
ပါးစပ်မှတဆင့် ၀မ်းတွင်းသို့ရောက်သွားသော ရောဂါပိုးကြောင့် 
ဖြစ်ပွားရခြင်းဖြစ်သည်၊၊ ၀မ်းရောဂါပိုးသည် မစင်တွင် ပါဝင် သဖြင့် 
မစင်ကိုစနစ်တကျ မစွန့်ပစ်လျင် ၀မ်းရောဂါဖြစ်ပွားရန် 
အခွင့်အလမ်းပိုမိုများပြားသည်၊ တစ်ကိုယ် ရေသန့်ရှင်းရေးကိုဂရုမစိုက်ခြင်း၊ 
ရေကောင်းရေသန့် မသုံးစွဲခြင်းနှင့် တစ်နှစ်အောက် ကလေးများ ကို မိခင်နို့ရည်
 မတိုက်ကျွေးခဲ့လျင် ၀မ်းရောဂါ ဖြစ်နိုင်သည်၊ ကလေးငယ်များကို မိခင်နို့ရည်
 တစ်မျိုးတည်း သာ တိုက်ကျွေးလျင် ၀မ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်ခဲ့ပါသည်။ 
မိသားစု အချင်းချင်း ဖြစ်စေ၊ ပြည်သူလူထု တရပ်လုံး ပူးပေါင်း၍ဖြစ်စေ 
ဝမ်းပျက်ဝမ်းလျှောရောဂါကို ကာကွယ်နိုင်သော နည်းလမ်း အများအပြား ရှိပါသည်။
လူတိုင်း ၀မ်းပျက်ဝမ်းလျောရောဂါနှင့် ပါတ်သက်၍ သိထားသင့်သော အချက်အလက်များ
၁. ၀မ်းပျက်ဝမ်းလျှောရောဂါသည် ကလေးများ၏ ခန္ဓ္ဓာကိုယ်မှ
 အရည်ဓါတ်များ ခမ်းခြောက်သွားခြင်းကြောင့် အသက်ကို ဆုံးရှုံးစေတတ်ပါသည်။ 
ရောဂါစဖြစ်သည်နှင့် ကလေးကို အရည်များပိုတိုက်ကျွေးရန် အဓိကလို အပ်ပြီး 
စားရိုးစားစဉ် အစားအစာနှင့် အရည်များကိုလည်း တိုး၍ တိုက်ကျွေးရပါမည်။
၂. ကလေးသည် တစ်နာရီအတွင်း အရည်ဝမ်းများ မကြာခဏသွား၍ ကလေး၏မစင်တွင်သွေးများပါလျင် အန္ဓာရာယ်ရှိပါသည်။ ကျန်းမာရေးဝန်ထမ်းများထံ အလျင်အမြန်သတင်းပို့၍ အကူအညီချက်ခြင်းရယူရန် လိုအပ်သည်၊
၃.
 တစ်နှစ်အောက်ကလေးများအား မိခင်နို့ရည်များများတိုက်ကျွေးခြင်းသည် 
ဝမ်းပျက်ဝမ်းလျှောကို သက် သာစေပြီး ၀မ်းသွားသည့် အကြိမ်အရေအတွက်ကို 
လျော့နည်းစေမည် ဖြစ်ပါသည်၊၊
၎.
ဆက်လက်စားရန် လိုအပ် ပြီး ပြန်ကောင်းလာသည့် အခါ အစားအစာကို 
နှစ်ပတ်ခန့်ပိုကျွေးရန် လိုအပ်ပါသည်၊၊
၅.
 အလွန်အကျွှံ ၀မ်းပျက်ဝမ်းလျှောဖြစ်ပြီး အရည်ဓါတ်ခမ်းခြောက်လျင် ဓါတ်ဆားရည် 
သို့မဟုတ် ကျန်း မာရေးဝန်ထမ်းက ညွန်းသောဆေးကိုသာ သုံးစွဲသင့်ပါသည်။ 
အခြားဝမ်းပျက်ဝမ်းလျောဆေးများ သည် ယေဘူယျအားဖြင့် ထိရောက်မှုမရှိဘဲ 
ကလေးကိုပင် ထိခိုက်စေနိုင် ပါသည်၊၊
၆. ၀မ်းပျက်ဝမ်းလျှောခြင်းကိုကာကွယ်ရန် မစင်အညစ်အကြေးကို အိမ်သာတွင်းစွန့်ပစ်ခြင်းသို့မဟုတ် မမြှုပ် ပစ်ခြင်း ပြုလုပ်ရပါ မည်၊၊
၇.
 တစ်ကိုယ်ရေသန့်ရှင်းရေးကိုဂရုစိုက်လျင် ၀မ်းပျက်ဝမ်းလျှောရောဂါကိုကြိုတင် 
ကာကွယ်ရာရောက် ပါသည်၊ မစင်၊ အညစ်အကြေး စွန့်ပြီးသောအခါတိုင်း 
အစားအစာမကိုင်တွယ်မီ သို့မဟုတ် ကလေးများကို အစားအစာ မကျွေးမှီတွင် 
လက်ကိုသန့်စင်စွာဆေးရပါမည်၊၊
အထောက်အကူပြု အချက်အလက်များ
၁၊
 ကလေးတစ်ယောက်သည် တစ်ရက်အတွင်း အရည်ဝမ်းများသုံးကြိမ် (သို့မဟုတ်) 
ထိုထက်မက ပိုသွား လျင် ၀မ်းပျက်ဝမ်းလျှောဖြစ်နေပြီဖြစ်သည်၊၊ 
အရည်ဝမ်းများများသွားလျင် အန္ဓာရယ် ပိုများသည်၊ အချို့ လူများက 
အရည်များများသောက်ခြင်းသည် ၀မ်းပျက်ဝမ်းလျှောကို ပိုဆိုးစေသည်ဟု 
ထင်မြင်ယူဆတတ် ကြပါသည်။ ဤအယူအဆမှာ မမှန်ကန်ပါ၊ ၀မ်းပျက်ဝမ်းလျော 
ဖြစ်နေသောသူကို ၀မ်းရပ်သွားသည် အထိ အရည်များမကြာခဏ တိုက်နိုင်သမျှ 
တိုက်ရမည်၊ အရည်များများသောက်ခြင်းသည် ၀မ်းပျက် ၀မ်းလျှောခြင်းကြောင့် 
ဆုံးရှုံးသွားသော အရည်များကို ပြန်လည်ဖြည့်တင်း ပေးနိုင်သည်၊
ဝမ်းပျက်ဝမ်းလျှောဖြစ်နေသော ကလေးအတွက် သင့်လျော်သည့်အရည်များမှာ-
•        မိခင်နို့ရည် (မိခင်အနေဖြင့် မိခင်နို့ရည်ကို ပုံမှန်ထက်ပို၍ မကြာခဏ တိုက်ပေးရမည်၊)
•        စွပ်ပြုတ်ရည်များ၊ ထမင်းရည်၊ လတ်ဆတ်သောသစ်သီးဖျော်ရည်များ၊
•        သကြားနည်းနည်းသာပါသော လက်ဘက်ရည်အပျော့စား၊ အုန်းရေ၊
•        စိတ်ချရသော ရေကောင်းရေသန့်၊ (သန့်ရှင်းသည်ဟု မယုံကြည်ရလျင် ရေကိုကျိုချက်ရမည်)
•        ဓါတ်ဆားထုပ်ကို ရေသန့်ဖြင့် အချိုးကျကျ ရောက်စပ်ရပါမည်၊
၅နှစ်အထက် ကလေးများဝမ်းလျှာပါက အရည်များကို အောက်ပါအတိုင်း ၀မ်းသွားတိုင်း တိုက်ပေးရပါမည်၊၊
• အသက်နှစ်နှစ်အောက် ကလေးကို ခွက်ကြီးတစ်ဝက် သို့မဟုတ် လေးပုံတစ်ပုံ
• အသက်နှစ်နှစ်နှင့် အထက်ကလေးကို ခွက်ကြီးတစ်ဝက် သို့မဟုတ် တစ်ခွက်အပြည့်၊၊ 
•
 အရည်တိုက်သည့်ခွက်သည် သန့်ရှင်းရပါမည်၊ နို့ဘူးကိုမည်သည့်အခါမျှ 
မသုံးပါနှင့်၊ နို့ဘူးများသည် လုံးဝ သန့်ရှင်းအောင် ဆေးကြောရန်မလွယ်ပါ၊ 
နို့ဘူးများမသန့်ရှင်းလျင် ၀မ်းပျက်ဝမ်းလျှောကို ပိုမိုဆိုး ၀ါးစေနိုင် 
ပါသည်၊၊ 
•
 အကယ်၍ ကလေးအော့အန်လျင် ပြုစုစောင့်ရှောက်သူအနေဖြင့် ၁၀မိနစ်ခန့် 
စောင့်ကြည့် ရပါမည်၊ ထို့နောက်ကလေးကို ဖြည်းဖြည်းချင်း ပြန်စတိုက်ရပါမည်၊၊ 
တစ်ကြိမ်တိုက်လျင် အနည်းငယ်သာ တိုက် ရပါမည်၊၊
•
 ကလေးကို ၀မ်းပျက်ဝမ်းလျှောရပ်သွားသည်အထိ အရည်များပိုတိုက်ကျွေးရပါမည်၊ 
ဝမ်းပျက်ဝမ်းလျှော သည် ၃-၄ရက် ကြာလျင် ရပ်သွားလေ့ရှိပါသည်၊၊ တစ်ပတ်ထက်ပို၍ 
ကြာလျင် ကျန်းမာရေး ၀န်ထမ်းနှင့် ပြသရပါမည်၊၊
၂၊ မိဘများသည် အောက်ပါခြေအနေများအတိုင်း ကလေးဖြစ်ပွားနေလျင် ကျန်းမာရေးဝန်ထမ်းနှင့် ချက်ခြင်းပြရပါမည်၊၊
•        တစ်နာရီ သို့မဟုတ် နှစ်နာရီအတွင်း အရည်ဝမ်းများ မကြာခဏ သွားလျင်၊
•        မစင်တွင်သွေးများပါလျင်၊ မကြာခဏအော့အန်လျင်၊
•        ကိုယ်ပူရှိန်ရှိလျင်၊ အလွန်အကျဤံရေငတ်လျင်၊
•        အရည်သောက်လိုစိတ်မရှိလျင်၊ အစာမစားလျင်၊
•        မျက်တွင်းချိုင့်ဝင်လျင်၊ အားမရှိဟုထင်ရလျင် (သို့မဟုတ်) နုံးခွေနေလျင်၊
•
 တစ်ပတ်ထက်ကျော်ပြီးဝမ်းပျက်ဝမ်းလျှောနေလျင်၊ ဤလက္ခဏာများ 
ကလေးတွင်ဖြစ်ပေါ်ပါက ကျန်းမာရေးဝန်ထမ်းထံမှ ချက်ချင်းအကူအညီရယူရမည်၊၊ အကူအညီ
 မရမှီစပ်ကြား ဓါတ်ဆားရည် (သို့) အခြားအရည်များတိုက်ကျွှေး ထားရမည်၊ အကယ်၍ 
ကလေးသည် တစ်နာရီအတွင်း အရည်ဝမ်းများ မကြာခဏာသွားပြီး အော့အန်လျင် 
အထူးဂရုစိုက်ရန် လိုအပ်ပါသည်၊၊ ယင်းသည် ကာလ ၀မ်းရောဂါ ဖြစ်နိုင် သည့် 
လက္ခဏာများဖြစ်သည်၊၊ ကာလ၀မ်းရောဂါသည် ကလေးကို နာရီပိုင်းအတွင်း 
အသက်ဆုံးရှုံးစေ သည်၊၊ ဆေးဝါး ကုသမှု ချက်ချင်းရယူရန်လိုအပ်ပါသည်၊
•
 ကာလ၀မ်းရောဂါပိုးသည် အစားအစာနှင့် ရေများတွင် ပါဝင်နိုင်ပြီး 
ပြည်သူလုထုအတွင်း အလျင် အမြန်ပြန့်ပွား သွားနိုင်သည်၊၊ ကာလ၀မ်းရောဂါသည် 
ပတ်ဝန်းကျင်သန့်ရှင်းရေး ညံ့ဖျင်းလျင် သို့မဟုတ် လူစုလူဝေးအလွန်များလျင် 
ဖြစ်လေ့ရှိသည်၊၊
• လေ၀မ်းရောဂါ သို့မဟုတ် ၀မ်းပျက်ဝမ်းလျှောရောဂါ မပြန့်ပွားစေရန် လုပ်ဆောင်ရမည် အဆင့်(၄)ဆင့် ရှိပါသည်၊၊
          က၊၊ မစင်များအားလုံးကို အိမ်သာတွင်း စွန့်ပစ်ခြင်း၊ သို့မဟုတ် မြေမြုပ်ပစ်ခြင်း၊
          ခ၊၊ မစင်အညစ်အကြေး သန့်စင်ပြီးလျင် လက်ကိုဆပ်ပြာဖြင့်ဆေးခြင်း၊
          ဂ၊၊ သန့်ရှင်းသောရေကို သောက်သုံးခြင်း၊
          ဃ၊၊အစားအစာအားလုံးကို ဆေးကြောခြင်း၊ အခွံနွှာခြင်း သို့မဟုတ် ချက်ပြုတ်ခြင်း တို့ဖြစ်ပါသည်၊၊
၃၊၊
အကောင်း ဆုံးနေရာမှာ မိခင်နို့ရည်ဖြစ်ပါသည်၊၊ မိခင်နို့ရည်သည် 
အာဟာရဓါတ်ပြည့်ဝပြီး နာမကျန်း ခြင်းနှင့် ရောဂါပိုကူးစက်ခြင်းတို့ကို ခုခံ 
တိုက်ဖျက်ပေးသည်၊၊ မိခင်နို့ရည်တစ်မျိုးတည်း တိုက်ကျွှေးသော တစ်နှစ်အောက် 
ကလေးသည် ၀မ်းပျက်ဝမ်းလျှောဖြစ်ခဲပါသည်၊ မိခင်နို့ရည်သည် 
အရည်ဓါတ်ခမ်းခြောက်ခြင်း၊ အာဟာရဓါတ်ချို့တက်ခြင်းတို့ကို ကာကွယ်ပေးပြီး 
ဆုံးရှုံးသွားသော အရည် များပြန်လည်ဖြည့်တင်းပေးပါသည်၊၊ 
ကလေးဝမ်းပျက်ဝမ်းလျှောဖြစ်နေလျင် မိခင်နို့ ရည်ကိုလျှော့တိုက်ရန်  
မိခင်များအချင်းချင်း ရံဖန်ရံခါ အကြံပေးတတ်ကြသည်၊၊ ဤအကြံပြုချက်သည် 
မှားယွင်းပါသည်၊၊ ကလေးငယ်သည် ၀မ်းပျက်ဝမ်းလျှောဖြစ်နေလျင် မိခင်နို့ရည်ကို 
ပုံမှန်ထက် အကြိမ်ပို၍တိုက်ရပါမည်၊၊
၎၊
အာဟာရဓါတ်ချို့တဲ့မှု လျင်မြန် စွာဖြစ်နိုင်ပါသည်၊၊ ရောဂါခံစားရသော ကလေးအား
 စားသောက်နိုင်သမျအရည်နှင့် အစားအစာ အားလုံးကို 
တိုက်ကျွှေးရန်လိုအပ်ပါသည်၊၊ အစားအစာသည် ၀မ်းပျက်ဝမ်းလျှောခြင်းကို 
ရပ်စေနိုင်ပြီး အလျင်အမြန်ပြန် ၍  နေကောင်းစေပါသည်၊၊ 
သို့မဟုတ်အော့ အန်နိုင်ပါသည်၊ ထို့ကြောင့် အစားအစာကျွှေးရာတွင် 
အခက်အခဲရှိပါမည်၊၊ အကယ်၍ ကလေးသည်ခြောက် လသားအရွယ် သို့မဟုတ် ပိုကြီးသည့် 
ကလေးဖြစ်လျင် မိဘများနှင့် ပြုစုစောင့်ရှောက် သူများက ကလေးကို 
အစားအစာမကြာခဏ စားနိုင်သမျှစားရန် တိုက်တွန်း အားပေးရ ပါမည်၊၊ 
ပျော့ပြောင်းပြီးချေထားသော အစားအစာအနည်းငယ် သို့မဟုတ် ကလေးကြိုက်တတ်သော 
အစား အစာများကျွှေးရပါမည်၊၊
 ကလေးအတွက်ကျွှေးသင့်သော အစားအစာများမှာ ကျေ ညက်အောင်ချေ ထားသော ပဲ၊ 
ငါးများအား ကျက်အောင်ချက်ထားသော အသားနှင့် အသီးများ ဖြစ်ပါသည်၊၊ 
ဆန်ပြုတ်နှင့် အသီးအရွက်များတွင်  ဆီတစ်ဇွန်း သို့မဟုတ် 
နှစ်ဇွန်းထည့်နိုင်ပါသည်၊၊ အစားအစာများကို လတ်လတ် 
ဆတ်ဆတ်ပြင်ဆင်ချက်ပြုတ်ပြီး ကလေးကိုတစ်နေ့လျင် ငါးကြိမ် သို့မဟုတ် 
ခြောက်ကြိမ်ကျွေးရပါမည်၊၊ 
 အပြည့်အ၀ ပြန်လည်ကောင်းလာစေရန် အစားအစာများ ပို၍ကျွှေးရန် အရေးကြီးပါသည်၊ 
ဤအချိန်တွင် ကလေးသည်နေ့စဉ်အစာပိုစားရန် လိုအပ် 
ပါသည်။နေ့တိုင်းမိခင်နို့ကိုပို၍ တိုက်ကျွှေးရပါမည်၊၊ 
ဤသို့ပြုလုပ်ခြင်းဖြင့် ၀မ်းပျက်ဝမ်းလျှောကြာင့်  ကလေးတွင် 
လျှော့ပါးသွားသော အားအင်များနှင့် အာဟာရဓါတ်များကို ပြန်လည်ဖြည့် 
တင်းပေးနိုင်ပါသည်၊၊ ကလေးသည် ၀မ်းပျက်ဝမ်းလျှောမဖြစ်မီက ရှိနေသော 
ကိုယ်အလေးချိန်သို့ပြန်မရောက်မချင်း အပြည့်အ၀ ပြန်ကောင်း လာပြီဟု 
မဆိုနိုင်ပါ၊၊
 ဗီတာမင်အေ
 ဆေးတောင့်နှင့် ဗီတာမင်အေပါသော အစားအစာများသည် ကလေးကိုဝမ်းပျက် 
ဝမ်းလျှောဖြစ်ရာမှ ပြန်လည်ကောင်းမွန်လာစေပါသည်၊၊ ဗီတာမင်အေ ပါသည့် 
အစားအစာများမှာ မိခင်နို့ရည်၊ အသည်း၊ ငါး၊ နို့ထွက်ပစဏည်းများ၊ လိမျွော်သီး
 သို့မဟုတ် အ၀ါရောင်အသီးနှင့် ဟင်းသီး ဟင်းရွက်များ 
အစိမ်းရောင်ဟင်းသီးဟင်းရွက်များ ဖြစ်ပါသည်၊၊
၅၊
အလိုလိုပျောက်ကင်းသွားပါသည်၊၊ အဓိကစိုးရိမ်ရ သည်မှာ ကလေးခန္ဓာကိုယ်တွင်းမှ 
ဆုံးရှုံးသွားသည့် အရည်နှင့် အာဟာရဓါတ်များ ဖြစ်ပါသည်၊၊ ယင်းဆုံးရှုံးမှုသည် 
အရည်ဓါတ် ခမ်းခြောက်ခြင်းနှင့် အာဟာရဓါတ် ချို့တဲ့ခြင်းတို့ 
ဖြစ်စေနိုင်ပါသည်၊၊ ၀မ်းပျက်ဝမ်းလျှောဖြစ်နေသောကလေးကို ပဠိဇီဝဆေး သို့မဟုတ်
 အခြားဆေးများ မတိုက်ကျွှေးပါနှင့်၊၊    ကျန်းမာရေးဝန်ထမ်းက ညွန်ကြားမှသာ 
တိုက်ရပါမည်၊၊ 
 အကောင်းဆုံးကုသမှုမှာ အရည်အများအပြားသောက်ခြင်းနှင့် ဓါတ်ဆားထုပ်ကို 
ရေဖြင့် အချိုးကျ ကျရော၍ သောက်ခြင်းပင်ဖြစ်ပါသည်၊၊ ဓါတ်ဆားရည်ထုပ်မရခဲ့လျင်
 အရည်ခမ်းခြောက် ခြင်းကို ကိုယ် တိုင်ဖျော်သည့် ဖျော်ရည်ဖြင့် 
တိုက်ကျွှေးကုသနိုင်ပါသည်၊၊ သကြား လက်ဘက်ရည်ဇွန်း လေးဇွန်းနှင့် 
ဆားလက်ဘက်ရည်ဇွန်းတစ်ဝက်ကို သန့်ရှင်းသောရေ တစ်လီတာဖြင့် ရော၍ဖျော်ရ 
ပါမည်၊၊ ပျော်ဝင်သည် အထိဖျော်ရပါမည်၊ ဖျော်စပ်ရာတွင် 
အချိုးအစားမှန်ကန်ရပါမည်၊၊ သကြားများလွန်းလျင် ၀မ်းပျက် ၀မ်းလျှော ကို 
ပို၍ဆိုးဝါးစေပါသည်၊၊ ဆားပိုများလျင်လည်း ကလေးကိုထိခိုက်စေပါသည်၊၊ 
ကလေးများကို ၀က်သက် ကာကွယ်ဆေးထိုးထားလျင်  ၀က်သက်ကြောင့်ဖြစ်သော 
ဝမ်းပျက်ဝမ်လျှောကို ကာ ကွယ်နိုင်ပါသည်၊၊
၆၊၊
နားခဲ့မိသော ယင်ကောင်များသည် အိမ်ထောင်စုသုံး  သောက်ရေခွက်၊ အစားအစာ၊ 
အိုးခွက်ပန်းကန်များ ပြင်ဆင်ထားသော အစားအစာ မျက်နှာပြင်များနှင့် 
ထိတွေ့ခဲ့လျှင်ရောဂါပိုးကျန်ခဲ့နိုင်ပါသည်၊၊ ၄င်းမှတဆင့် လူကြီး၊ကလေးပါ 
မျိုချမိနိုင်သည်၊ အစားအစာများနှင့် သောက်ရေများကို ဖုံးအုပ်ထားလျင် 
ယင်ကောင်နားခြင်းကို ကာကွယ်နိုင်ပါသည်၊၊ 
 တစ်နှစ်အောက်ကလေးများ၏ မစင်အပါအ၀င် မစင်အားလုံးသည် ရောဂါပိုးများကို 
သယ်ဆောင်နိုင်သောကြောင့် အန္ဓာရာယ်ရှိပါသည်၊၊ အကယ်၍ ကလေးများသည် 
အိမ်သာမသုံးဘဲ မစင် စွန့်ခဲ့လျင် ထိုမစင်များကို ချက်ခြင်းသန့်စင်၍ 
အိမ်သာတွင်းပစ်ချခြင်း သို့မဟုတ်မြေမြုပ်ခြင်း လုပ်ရပါမည်၊၊ 
အိမ်သာများထားရှိခြင်းဖြင့်ရောဂါပိုးများပျံ့နှံ့ခြင်းကို ကာကွယ် 
နိုင်ပါသည်၊၊ 
 အိမ်သာမရှိလျင်
 လူကြီးနှင့်ကလေးများသည် အိမ်များနှင့်ဝေးရာတွင် မစင်စွန့်ရပါမည်၊၊ 
လူသွားလမ်းများရေထွက်ပင်ရင်းနှင့်ရေရရှိနေရာများ၊ ကလေးများ ကစားနေရာတို့မှ 
လည်း ဝေးကွာ သည့် နေရာတွင် မစင်စွန့်သင့်ပါ၊၊ စွန့်ပြီးမစင်ကို 
မြေမြုပ်ပစ်ရ ပါမည်၊၊ အိမ်သာမရှိသော ရပ်ရွာများတွင် 
စုပေါင်း၍အိမ်သာဆောက်လုပ်ကြရန် စဉ်စားသင့်ပါသည်၊၊ ရေထွက်ပင်ရင်းများကို 
လူနှင့် တိရိစ္ဆာန်မစင် များဖြင့်  မထိတွေ့စေဘဲ သန့်ရှင်းစွာထားရပါမည်၊၊
၇၊
 မစင်စွန့်ပြီးလျင် လက်ကိုဆပ်ပြာနှင့် ရေတို့ဖြင့် ဆေးရပါမည်၊၊ 
ကလေးအညစ်အကြေး သန့်စင်ပြီး သည့်အခါ လက်ဆေးရပါမည်၊၊ ကလေးကိုအစားအစာမကျွှေးမီ
 အစားအသောက် မကိုင်တွယ်မီနှင့် အစာမစားမီတွင်လည်း လက်ကိုဆေးရပါမည်၊၊
 ကလေးငယ်များသည်
 သူတို့.လက်များကို ပါးစပ်အတွင်း မကြာခဏထည့်တတ်ကြပါသည်၊၊ ထို့ကြောင့် 
အိမ်ပတ်ဝန်းကျင်ကို သန့်ရှင်းစွာထားရန်နှင့် ကလေးများ.လက်ကို ဆပ်ပြာ 
သို့မဟုတ် ပြာနှင့်ရေတို့ဖြင့် မကြာမကြာ ဆေးကြောပေးရန်အရေး ကြီးပါသည်၊၊ 
အထူးသဖြင့် ကလေးများကို အစားအစာမကျွှေးမီ ကလေးတို့.လက်ကိုဆေးပေးရမည်။ 
အခြားတစ်ကိုယ်ရည် သန့်ရှင်းများသည် ၀မ်းပျက်ဝမ်းလျှောဖြစ်ခြင်းကို 
ကာကွယ်ပေးသည်။
•
 အစာမစားမီ အစားအစာကိုပြင်ဆင်ပြီး သေချာစွာချက်ပြုတ်ရမည်၊၊ ချက်ပြုတ်ပြီသော
 အစားအစာများကို မစားသေဘဲ ထားထားပါက ၀မ်းပျက်ဝမ်းလျှောဖြစ်စေသော 
ရောဂါပိုးများ တွယ်ကာနိုင်သည်၊၊ အစားအစာ များသည် ချက်ပြုတ်ပြီး 
နှစ်နာရီကြာသည့်အခါတွင် အလွန်ပူနွေးစွာ ထားခဲ့ခြင်း သို့မဟုတ် အလွန်အေးစွာ 
ထားခဲ့ခြင်း မရှိခဲ့လျင် စားသုံးရန်မသင့်တော့ပါ၊၊ 
•
 စွန့်ပစ်အမှိုက်အားလုံးကို မြေမြုပ်ပစ်ရမည်၊၊ မီးရှို့ခြင်း သို့မဟုတ် 
သေချာစွာစွန့်ပစ်ခဲ့လျင် ယင်ကောင် များမှတဆင့် ကူးစက်တတ်သည့်ရောဂါ 
မဖြစ်နိုင်ရန် ကာကွယ်နိုင်ပါသည်၊၊
No comments:
Post a Comment