Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, August 10, 2014

မိခင်မေတ္တာ

ကယ်ဆယ်ရေး လုပ်သားတွေက သူ့ကိုတွေ့တဲ့ အချိန်မှာ သူသေနေခဲ့ပြီ။ပြိုကျလာတဲ့ အိမ်ပိမိပြီး သူသေသွားတာ။အပျက်အစီးတွေကြားကနေသေဆုံးနေတဲ့ သူ့ပုံစံကို လှမ်းမြင်နေရတယ်။ဒူးကွေးပြီး ရှေ့ ကိုကိုင်းနေတဲ့

ကိုယ်ခန္ဓာကိုယ်နဲ့ လက်နှစ်ချောင်းကို အားပြုထောက်ထားတဲ့ သူ့ပုံစံက ဘုရား
ဝတ်ပြုနေတဲ့ ပုံနဲ့တူနေတယ်။ဒါပေမဲ့ အသက်ရှင်မရှင် ပိုသေချာအောင်
ကယ်ဆယ်ရေးလုပ်သားတွေက သူ့ကို စမ်းသပ်ကြည့်ကြတယ်။ကယ်ဆယ်ရေး
အလုပ်သမားတဦးက ဦးခိုက်ချသေနေတဲ့ သူ့ခန္ဓာကိုယ်ထဲ ခဲရာခဲဆစ် လက်-
-
ကိုထိုးထည့်ပြီး ၀မ်းသာအားရ လှမ်းအော်လိုက်တယ်။လူရှိတယ်။
ကလေးတစ်ယောက်ရှိတယ်၊အသက်ရှင်လျက်ပဲလို့ထအော်လိုက်တယ်။ရှိသမျှ
ခွန်အားတွေနဲ့ သူ့ကိုယ်ပေါ်မှာ ဖိကပ်နေတဲ့ အုတ်ပုံတွေကို ရှင်းလင်းလိုက်ကြတယ်။
သူ့ခန္ဓာကိုယ်ကို ထောင်မတ်လိုက်တယ်ဆိုရင်ပဲ အိပ်ပျော်နေတဲ့ သုံး၊လေးလသားအရွယ်
ကလေးတစ်ယောက်ကို သွားတွေ့မိတယ်။ကလေးကိုစစ်ဆေးဖို့ ဆရာဝန်တစ်ဦးက
ပွေ့ချီလိုက်တယ်ဆိုရင်ပဲ ကလေးကျောပိုးစထဲကနေ ဖုံးတစ်လုံးထွက်ကျလာတယ်။
ဆရာဝန်က ဖုံးကိုကြည့်လိုက်တော့ message တိုလေးတစ်ကြောင်းကို တွေ့လိုက်ရတယ်

သားလေးရေတကယ်လို့များ သားလေးအသက်ရှင်ခဲ့မယ်ဆိုရင် သားကိုအမေ
အရမ်းချစ်တယ်ဆိုတာကို သေသေချာချာ မှတ်ထားပေးပါနော်။တဲ့။
သေသူပေါင်းများစွာကို တွေ့ဖူးတဲ့ ဆရာဝန်ရဲ့ ပါးပြင်ပေါ်ကို မျက်ရည်တွေ
စီးကျလာခဲ့တယ်။

တယောက်လက်ကို တယောက်ကမ်းလိုက်တဲ့ ဖုံးထဲက message ကို ဖတ်မိသူတိုင်း
ရင်ထဲဆို့နင့်သွားတဲ့ ဒီခံစားချက်က ဘာနဲ့မှ နှိုင်းပြလို့မရနိုင်ခဲ့ဘူး။မုချသေရတော့မယ်
ဆိုတာ သိလိုက်ရတဲ့ အမေတစ်ယောက်ဟာ နောက်ဆုံးအချိန်ထိ သူ့ရင်သွေးအတွက်
ပေးဆပ်သွားခဲ့တာ….သြော်မိခင်တွေမိခင်တွေ……

ps: ဒီpostလေးဟာ ပုံပြင် မဟုတ်ပါဘူး။၂၀၀၈၊မေလ၁၂ရက်နေ့က
တရုတ်နိုင်ငံ စီချွမ်ပြည်နယ်မှာ လှုပ်ခဲ့တဲ့ ငလျင်ရဲ့ ဖြစ်ရပ်မှန်လေးပါ..

မေမေ ရေ ဘယ်နေရာကိုများရောက်နေသလဲ အမေရယ် ဒီရင်မှာမီးတောက်မတတ်ကိုခံစားနေရပြီဗျာ
သားဘ၀မှာ အမေ တစ်ခုသားတစ်ခုဘဲရိုခဲ.တာ ပါ ဘာကြောင့်များ သား ကိုဒီလိုမျိုးရက်ရက်စက်စက်ခွဲရက်တာလဲအမေရယ်
ကုန်လွန်ခဲ့တဲ့အချိန်တွေကိုသားလေပြန်လိုချင်တယ်အမေ သားတို့မိသားစုမှာမေမေရယ် သားရယနှစ်ယောက်ထဲရိုခဲ့တဲ့အချိန်တွေကိုလေ သားအရမ်းလွမ်းတယ်အမေ အချိန်တွေဘယ်လိုပြောင်းနေပေမယ့်သား၇င်ထဲမှာမေမေ့ကိုဘယ်သောအခါမှမမေ့ဘူးမေမေ
ကောင်းကင်ပြင်မှာမိုးတွေမဲမှောင်နေပြီးတော့ ပြိုတော့မယ့်မိုးလိုဘဲ လျှပ်စည်းတွေကတစ်လျှပ်လျှပ်နဲ့ မိုးချိန်းသံကျယ်လောင်စွာနဲ့ တစ်ချက်ကြားလိုက်၇တယ် မေမမေ နဲ့သားနဲ့အဲ့ဒီနေ့ညက စကားတွေကိုမရေတွက်နိုင်အောင်ကိုပြောခဲ့ကြတယ်နော် သားမှတ်မိနေတယ် မေမေပြောတဲ့စကားတွေကိုသားမှတ်ထားပေမယ့် အဲ့ဒီစကားသံတွေဟာ သားအတွက်တော.နောက်ဆုံးဖြစ်နေနိုင်တယ်လို့မထင်ခဲ့ မိဘူးမေမေ ဘာကြောင့်လဲဆိုတော့ သားနဲ့မေမေ ရဲ့ကြားမှာ အဲ့ဒီလောက်လွယ်လွယ်ကူကူ ခွဲသွားစရာဘာအကြောင်းမှမရိုဘူးလို့ထင်ခဲ့တယ်မေမေ ရယ်
ကံတရားကအဲ့ဒီလောက်၇က်စက်မယ်ဆိုတာ ကိုကြိုတင်သိရင်တော့သားလေ မေမေနဲ.တူတူရိုနေမယ်.အချိန်တွေကိုဆွဲဆန့်ထားချင်တယ်မေမေရယ် ဖခင်ဆိုတာကိုမသိခဲ့ဘူးတဲ့ သားကို အဖေ လိုတစ်မျိုး အမေ လိုတစ်မျိုးနဲ. မျက်နှာမငယ်ရအောင်ထားခဲ့တ့  သားမေမေ့ ကိုသားဘာနဲ့ များကျေးဇူးဆပ်ခွင့်ရနိုင်မလဲမေမေ
မေမေကပြောခဲ့တယ်နော် လောကမှာ ကိုကလိုဘက်တွေများနေရင်လည်းမကောင်းဘူး အဲ့ဒိလိုဘဲ ကိုကချီးဘဲပေးနေရရင်လည်းမကောင်းဘူးအရာရာကို ဘက်မျှအောင်တွေးမြင်တတ်မူ စိတ်ချမ်းသာမယ် လို့မေမေ ပြောဘူးတယ်နော်
ဘယ်နေရာ ကိုရောက်ရောက်သားဟာ မေမေ့ ရဲ့လမ်းပြမူ့အောက်မှာကောင်းမွန်စွာနဲ့နေနိုင်ခဲ့ပြီမေမေရယ်
ကိုယ့်ကိုကို ယုံကြည်မူ့အားနည်းခဲ့တဲ့ သားအပေါ်မှာလည်း ရေု့ကနေမားမား မတ်မတ် ရပ်တည် အကာအကွယ်ပေးခဲ့တယ်နော်
အမှားကိုလည်းအမှားမှန်းသိအောင်လမ်းပြနိုင်ခဲ့တဲ့ မေမေ ရယ် ဒီနေ့ ဒီအချိနမှာသားဒီလိုနေရာမှာနေနိုင် လူတွေရဲ့ အထင်ကြီးလေးစားမူ့တွေကို လက်ခံနေနိုင်တာဟာ မေမေ့ ရဲ့ကြီးမားလှတဲ့ကျေးဇူးကြောင့်ပါမေမေ

မေမေ ဟာ လူ့လောကမှာမရိုတော့ပေမယ့် သားရဲ့ အမြင် သားရဲ့ ဘ၀မှာဘယ်တော့မှပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး
သားဘ၀မှာဘယ်တော့မှမေ့မရတဲ့ မေမေ့ အတွက်သား ကဗျာတစ်ပုဒ်နဲ့ ကျေးဇူး ဆပ်ချင်တယ်မေမေရယ်

တစ်ဘ၀မှာတစ်ခါ တစ်ခါမှာတစ်ကြိမ်
မွေးဖွားလာတို့တစ်တေမှာ လူတွေသာဖြစ်လာကြ
ကျေးဇူးတော် ဆပ်မကုန်ပါ မေမေ့ စေတနာ
ရင်ထဲမှာ အစဉ်သိ အတွေးထဲမှာ ရိုနေခဲ့
ဘယ်သောအခါပျောက်ကွယ်မသွားပါဘူး
အချစ်တွေသာရငမှာတိုးလာခဲ့
မေ့မရတဲ့ သားရဲ့ မေမေ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ