Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, August 25, 2014

လေယာဉ်ပျံသန်းနေစဉ် လေယာဉ်၏ရှေ့ဝဲဘက်မှန် အက်ကွဲမှုဖြစ်ပေါ်


စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့သို့ ရန်ကုန်မှ ပျံသန်းလာသည့် မြန်မာ့လေကြောင်းပိုင် လေယာဉ်တစ် စီးသည် သြဂုတ်လ ၂၂ ရက်နေ့ မနက် ၉ နာရီ ၄၅ မိနစ်အချိန်က လေယာဉ်ပျံသန်းနေစဉ် အချိန်ကာလ၌ လေယာဉ်၏ရှေ့ဝဲဘက် လေကာမှန်မှာ ရုတ်တရက် အက်ကွဲမှုဖြစ်ပေါ်ခဲ့ကြောင်း အဆိုပါ လေယာဉ်ပေါ် တွင် လိုက်ပါစီးနင်းခဲ့သူ ခရီးသွားပြည်သူတစ်ဦးက ပြောကြားသည်။

“ အဲ့ဒီလေယာဉ်က ရွှေဇေယျာ အများပိုင်လေကြောင်းလိုင်းက လေယာဉ်ဖြစ်ပါတယ်..။ မုံရွာလေဆိပ်ကို ခရီးသည် အမျိုးသမီး(၂)နဲ့ ဆိုက်ရောက်ခဲ့ပါတယ်။ နောက်ပြီး မုံရွာလေဆိပ်ကနေ ခရီးသည် အမျိုးသား (၁၄)ဦး ၊ အမျိုးသမီး(၈)ဦး စီးနင်းလိုက်ပါပြီး ပြန်လည်ထွက်ခွာသွားခဲ့ပါ တယ် ..” ဟု မုံရွာလေဆိပ် လုံခြုံ ရေး တာဝန်ထမ်းဆောင်နေသူ ရဲအရာရှိတစ်ဦးမှ ပြောပြသည်။
လေယာဉ်ပျံသန်းနေစဉ် ဝေဟင်ထဲ၌ လေယာဉ်၏ ရှေ့ဝဲဘက်မှန် အက်ကွဲမှုဖြစ်ပေါ်ခဲ့သည့်လေယာဉ်မှာ လေယာဉ်အမှတ် XY – AEZ လေယာဉ်အမျိုးအစား ATR – 12 ဖြစ်သည်။ အဆိုပါ လေယာဉ်သည် ရန်ကုန် မှ ဟုမ္မလင်းမြို့သို့ မြန်မာ့လေကြောင်း ခရီးစဉ်အမှတ် UB – 663 အရ ရန်ကုန် – မန္တလေး – ဟုမ္မလင်း ခရီး စဉ်များသို့ ခရီးသည် (၆၅)ဦးအား တင်ဆောင်ပျံသန်းလာခဲ့ခြင်းဖြစ်သည်။
ထိုသို့ ပျံသန်းလာစဉ် ဟုမ္မလင်းမြို့ လေဆိပ်သို့ ဆိုက်ရောက်ရန်(၆၅)မိုင်ခန့်အလို ကောင်းကင်းယံ ဝေ ဟင်ထဲ၌ လေယာဉ်၏ ရှေ့ဝဲဘက်မှန် ရုတ်တရက် အက်ကွဲမှုများဖြစ်ပေါ်ခဲ့သော်လည်း ဟုမ္မလင်းလေဆိပ် သို့ ကောင်းမွန်စွာဆင်းသက်နိုင်ခဲ့ပြီး ခရီးသည်များကို ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း ဟုမ္မလင်းလေဆိပ် လုံခြုံ ရေးအဖွဲ့၊ ဟုမ္မလင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးသို့ အရေးပေါ်ထူးခြားဖြစ် စဉ်တစ်ရပ်အဖြစ် တင်ပြထားကြောင်း သိရသည်။
“ လေယာဉ်မှန်အက်ကွဲသွားရခြင်းအကြောင်းကို စီစစ်သွားမှာပါ..။ လေယာဉ်ရှေ့မှာရှိတဲ့ လေကာမှန်အက် ကွဲသွားပြီဆိုပေမဲ့ လေယာဉ်စီးခရီးသည်တွေကို တာရိုက်အန္တရာယ်မဖြစ်ပေါ်စေနိုင်ပါဘူး။ ဘာကြောင့်လည်း ဆိုတော့ ပိုင်းလော့အခန်းနဲ့ ခရီးသည်အခန်းကြားက တံခါးတချပ်ရှိနေလို့ပါဘဲ..” ဟု ဟုမ္မလင်းလေဆိပ်တွင် တာဝန်ထမ်းဆောင်နေသူ လုံခြုံရေးအဖွဲ့ဝင်တစ်ဦးမှ ပြောပြသည်။
လေကာမှန်များ အက်ကွဲမှုဖြစ်ပေါ်ခဲ့သည့် အဆိုပါ လေယာဉ်သည် ဟုမ္မလင်းမြို့မှ မန္တလေးမြို့သို့ စီးနင်း လိုက်ပါမည့် ခရီးသည်များကို တင်ဆောင်ခြင်းမပြုတော့ဘဲ လေယာဉ်မောင်း ကပ္ပတိန် ဦးထွန်းထွန်း အပါအ ၀င် လူ(၅)ဦး၊ Our Conpany Service (OCS) (၂)ဦးတို့ဖြင့် မနက် ၁၀ နာရီ ၄၅ မိနစ်အချိန်တွင် ဟုမ္မလင်း လေဆိပ်မှ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ