လူတစ်ယောက် ဘဏ်ထဲကို ဝင်လာပြီး ငွေသွင်းဖို့ တန်းစီနေတဲ့လူတန်ြး
 မီနစ်၂၀ လောက်ကြာတော့ စိတ် မရှည်တော့ဘဲ ကောင်တာ စာရေးမဆီ တန်းသွားပြီး ပြောတယ်....
 
 "ဟဲ့ကောင်မ...ငါ ငွေသွင်းဖို့စောင့်နေတာ ကြာလှပြီ
 
 "လူကြီးမင်းရှင့်၊ ကျေးဇူးပြုပြီး ရုန်းရင်းကြမ်းတမ်းတဲ့ စကားတွေ ဒီဘဏ်ထဲမှာ
 ပြောလို့မရပါဘူးရှင့်"
 
 "ကောင်းပါပြီဗျာ၊ ဒါဆိုကျေးဇူးပြုပြီး ငါ့ကိုလမ်းညွန်စမ်းပါ၊ ဒီ သောက်ချက်လက်မှတ်ကို ဘယ်လိုလုပ်ရမလဲဆိုတာ"
 
 "တောင်းပန်ပါတယ် လူကြီးမင်းရှင့်၊ ကျမအဲလို စကားကြမ်းကြမ်းတွေ နားမထောင်နိုင်ပါဘူးရှင့်"
 
 "အာ..ဒီကောင်မ နာတော့မယ်၊ ကဲ ဒါဆိုလဲ နင်တို့ သောက်မန်နေဂျာကို ခေါ်လိုက်စမ်း၊ သူနဲ့ရှင်းမယ်"
 
 ...ဆိုတော့ မန်နေဂျာကို ခေါ်လိုက်တယ်။ မန်နေဂျာရောက်လာပြီး စာရေးမကိုမေးတယ်...
 
 "ဘာဖြစ်သလဲ စာရေးမ"
 
 "ဒီကလုကြီးမင်းက ကျမကို မိုက်ရိုင်းတဲ့စကားတွေနဲ့ လာစော်ကားနေလို့ ဆရာ"
 
 မန်နေဂျာ က အဲဒီလူဘက်လှည့်ပြီး မေးတယ်...
 
 "ဘာပြသနာများရှိလဲ ခင်ဗျာ၊ ကျနော်ဘာများအကူအညီပေးရမလဲ"
 
 "ငါ့ ဒီသောက်ချက်လက်မှတ်က ငွေကို မင်းတို့ရဲ့သောက်ဘဏ်မှာ အပ်မလို့ကွ"
 
 မန်နေဂျာ မျက်နှာမဲ့သွားတယ်၊ ဒေါသလဲနည်းနည်းထွက်သွားပုံရတယ်.
 အပ်ငွေပမာဏ ဒေါ်လာ ၁၅ သန်း တဲ့...
 မန်နေဂျာက အဲဒီလူဘက်လှည့်ရင်းပြောတယ်...
 
 "စိတ်မရှိပါနဲ့ခင်ဗျာ၊ ဒီသောက်ကမြင်းမတွေက ဘာမှကို သောက်သုံးကျတာ မဟုတ်ဘူး.."...တဲ့
 
.jpg) 
 
No comments:
Post a Comment