Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, August 11, 2014

ရေဘေးကြုံနေသည့် ဒေသလေးခုတွင် နေရာကွက်၍ မိုးကြီးနိုင်

ရေဘေးကြုံတွေ့နေရ သည့် ပဲခူးတိုင်းဒေသကြီး အပါအ ၀င် တိုင်းဒေသကြီးနှင့် ပြည်နယ် လေးခုတွင် နေရာကွက်၍မိုးကြီး နိုင်ပြီး သံလွင်မြစ်ရေသည်လည်း သြဂုတ်လ ၁၀ရက်မှ စတင်ကာ စိုး ရိမ်ရေမှတ်အထက်သို့ရောက်ရှိ နေကြောင်း မိုး/ဇလဌာနကသ တင်းထုတ်ပြန်ထားသည်။

ယခုရက်ပိုင်းအတွင်း ပဲခူး တိုင်းဒေသကြီးနှင့် မွန်ပြည်နယ်မြို့နယ်အချို့တွင် ရေဘေးအန္တ ရာယ်အဆိုးရွားဆုံးရင်ဆိုင်နေရ ကာ အဆိုပါဒေသနှစ်ခုတွင်လူဦး ရေသုံးသောင်းနီးပါးကယ်ဆယ် ရေးစခန်းများတွင် ခိုလှုံနေရပြီး လူသေဆုံးမှုအချို့လည်း ရှိနေ သည်။ လယ်ဧကများစွာ ရေနစ် မြုပ်နေပြီးအစိုးရနှင့် လူမှုရေး အဖွဲ့အစည်းများက ကယ်ဆယ် ရေးလုပ်ငန်းများလုပ်ဆောင်နေရ သည်။
မွန်ပြည်နယ်ရေဘေးတွင်သ ထုံနှင့် ကျိုက်ထိုမြို့မှ ဒေသခံလေး ဦးရေဘေးကြောင့်သေဆုံးခဲ့ရပြီး  ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နှင့်ဝေါ မြို့တို့တွင်လည်း လူလေးဦးသေဆုံးခဲ့ပြီးတိုင်းလူကယ်ပြန်ဌာနကရေဘေးနှင့်တိုက်ရိုက်မသက်ဆိုင် ကြောင်းပြောသည်။
ကရင်ပြည်နယ်တွင် သံလွင် မြစ်သည် ဘားအံမြို့၏ စိုးရိမ်ရေ မှတ်အထက်သို့ ရောက်ရှိနေပြီး ရေနစ်မြုပ်ခြင်း မရှိသေးသော် လည်း ကယ်ဆယ်ရေးစခန်းများ အဆင်သင့်ပြင်ဆင်ထားကြောင်း ပြည်နယ်လူကယ်ပြန်ဌာနမှတာ ၀န်ရှိသူတစ်ဦးကပြောသည်။ ပြီး ခဲ့သည့် ငါးရက်ခန့်ကမူ ဘားအံ နှင့် လှိုင်းဘွဲ့မြို့များတွင်မြေနိမ့် ရပ်ကွက်များ ရေနစ်မြုပ်ခဲ့သော ကြောင့် လူဦးရေ ခုနစ်ရာနီးပါး ကယ်ဆယ်ရေးစခန်းများ၌ ခိုလှုံခဲ့ရသည်။
မိုး/ဇလဌာနက ရန်ကုန် တိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်၊ ရခိုင်နှင့် မွန်ပြည်နယ်တို့တွင် နေ ရာကွက်၍ မိုးကြီးနိုင်ပြီး စစ် တောင်းမြစ်၊ ပဲခူးမြစ်၊ ရွှေကျင် မြစ်နှင့် င၀န်မြစ်များသည် စိုးရိမ် ရေမှတ်တွင်ရှိနေကြောင်းသတင်း ထုတ်ပြန်ထားသည်။
ယခုရက်ပိုင်းအတွင်း လူ ပြောများနေသည့် စူပါမွန်းဖြစ်စဉ် ကြောင့် ဆူနာမီငလျင်ကဲ့သို့ သ ဘာဝဘေးအန္တရာယ်ကျရောက် နိုင်သည်ဟူသော ကောလာဟလ များပျံ့နှံ့နေပြီး ဒေသအနှံ့တွင် အစိုးရပိုင်းမှ သတိပေးကြေညာ ချက်များပြုလုပ်နေသလို ဒေသခံ များကလည်းနေရာရွှေ့ပြောင်းမှု များပြုလုပ်လျက်ရှိသည်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ