Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, August 7, 2014

(၁၀)-ဗီဇာစည်းကမ်းချိုးဖေါက်သည်ဟုဆိုကာ ဦးမောင်မောင်တင်အားပြည်နှင်းဒဏ်ပေး

ရှစ်လေးလုံးအရေးတော်ပုံတွင် ပါဝင်လှုပ်ရှားခဲ့သူ တစ်ဦးဖြစ်သည့် မြန်မာနိုင်ငံဖွား အမေရိကန်သားခံယူထားသူ အင်္ဂလိပ်စာဆရာ ဦးမောင်မောင်ဝမ်းကို ဗီဇာစည်းကမ်းဖောက်ဖျက်မှုဖြင့် ပြည်နှင်ဒဏ်ပေးလိုက်ကြောင်းရေနံချောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ သတင်းရရှိသည်။
ဦးမောင်မောင်ဝမ်းသည် မြန်မာနိုင်ငံသို့ ဇူလိုင်လဆန်းက တည်းကပင် ရောက်ရှိနေခြင်းဖြစ် ပြီး ရေနံချောင်းမြို့နယ်တွင် သြ ဂုတ် ၄ ရက်မှစ၍ အင်္ဂလိပ်စာ ပညာဒါနသင်ကြားပေးနေခြင်း ဖြစ်သည်ဟု ရေနံချောင်းမြို့ခံများ ကပြောကြားသည်။
ကျောင်းသား၊ ကျောင်းသူ ၂၅၀ ခန့် တက်ရောက်သော အဆိုပါသင်တန်းကို ပို့ချသည့် ဦး မောင်မောင်ဝမ်းသည် လူမှုရေး ဗီဇာဖြင့် လာရောက်သည့်အ တွက် စာသင်ကြားခွင့်မရှိဟုဆို ကာ မြို့နယ် လ.၀.က ဦးစီးမှူးက သြဂုတ် ၄ ရက် ညနေက လာ ရောက်တားမြစ်ခဲ့ကြောင်း သိရ သည်။
‘‘၅ ရက်နေ့ မနက်မှာ လက် ဖက်ရည်ဆိုင်မှာ ထိုင်နေရင်းနဲ့ ကိုမောင်မောင်ဝမ်းက မသင် တော့ဘူး၊ သင်ဖို့ ခံစားချက်မရှိ တော့ဘူးလို့ပြောတယ်။ ဒါပေမဲ့ကျောင်းသားတွေကို နှုတ်ဆက် ချင်သေးလို့ စာမသင်တော့ဘူးဆို တာ မကြေညာသေးဖို့မှာတယ်။ ဒါပေမဲ့ နှုတ်ဆက်ရင်းနဲ့ အရှိန် ပါသွားပြီး စာသင်ဖြစ်သွားတယ်’’ ဟု ဦးမောင်မောင်ဝမ်း ရေနံ ချောင်းမြို့တွင် နေထိုင်စဉ် အနီး ကပ်ရှိခဲ့သူ ဦးမင်းနိုင်က ပြော သည်။
သြဂုတ် ၄ ရက် ၈ နာရီခွဲခန့် တွင် မြို့နယ် လ.၀.က အရာရှိက ပြည်နှင်ဒဏ် ပေးလိုက်သည်ဟု လာရောက်ပြောကြားခဲ့ပြီး ည ၁၁ နာရီခွဲခန့်တွင် ရဲတပ်ဖွဲ့မှ ဒုရဲ အုပ်တစ်ဦး နယ်ထိန်းတစ်ဦးလိုက် ပါလျက် ရန်ကုန်မြို့သို့ ပို့ဆောင် လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ဦးမောင်မောင်ဝမ်းသည် လူမှုရေးဗီဇာသာ ကိုင်ဆောင်သူ ဖြစ်ပြီး အဆိုပါဗီဇာဖြင့် မိဘဆွေ မျိုးများ တွေ့ဆုံခြင်းမှအပ စာ သင်ရန် လုပ်ဆောင်ခွင့်မရှိသည့် အတွက် ပြည်နှင်ဒဏ်ပေးအရေး ယူခြင်းဖြစ်ကြောင်း ရေနံချောင်း မြို့နယ် လ.၀.က မှ အရာရှိတစ် ဦးကပြောကြားသည်။
 ဦးမောင်မောင်ဝမ်းသည် ရေနံချောင်းမြို့သို့ မရောက်မီ ရန်ကုန်မြို့တွင်လည်း စာသင် ကြားခဲ့သည်။ သို့သော် မည်သို့မှ တားမြစ်ခြင်းမခံရဘဲ ရေနံချောင်း မြို့တွင် တားမြစ်ခြင်းခံရသည်မှာ ယခင်က ရှစ်လေးလုံးအရေးတော်ပုံတွင် လှုပ်ရှားသူခေါင်းဆောင် ဟောင်းတစ်ဦးဖြစ်သောကြောင့် အရေးတော်ပုံစတင်ခဲ့သည့် ရေနံ ချောင်းမြို့တွင် သြဂုတ် ၆ ရက်၌ ရှစ်လေးလုံးအထိမ်းအမှတ်အခမ်းအနား မပြုလုပ်မီ ကြိုတင်တားမြစ်ခြင်းဖြစ်နိုင်ကြောင်း ရေနံချောင်း ဒေသခံတစ်ဦးဖြစ်သူ ဦးမင်းနိုင်က သုံးသပ်ပြောကြားသည်။ ဗီဇာ စည်းကမ်းချက်အရ စည်းကမ်းချက်တစ်ခု ချိုး ဖောက်လျှင် လက်မှတ်ရသူကို နိုင်ငံမှ နှင်ထုတ်စေရန် နိုင်ငံတော် သမ္မတက ညွှန်ကြားပါက နှင် ထုတ်ခြင်းခံရမည်ဟု ဖော်ပြထား သည့်အတွက် ဦးမောင်မောင်ဝမ်း က ‘‘အခု ကျွန်တော့်ကို နှင်ထုတ်ဖို့ ညွှန်ကြားသူမှာ မကွေးတိုင်းအစိုး ရမှ ၀န်ကြီးချုပ်(ဦးဖုန်းမော်ရွှေ) ဖြစ်သည်ဆိုလျှင် ယင်းဝန်ကြီးချုပ် သည် သမ္မတ အခွင့်အာဏာကို လုပ်ပိုင်ခွင့်ရှိ၊ မရှိ သိချင်ပါတယ်’’ ဟု သူ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ တွင် ရေးသားထားသည်။
ပြည်ထောင်စုဝန်ကြီးတစ်ဦး က ထိုင်းနိုင်ငံတွင် ဗီဇာတင်ပါက ပြန်လာခွင့်ပြုမည်ဟု ပြောကြား သော်လည်း အမေရိကန်နိုင်ငံသို့ သာ ပြန်မည်ဖြစ်ပြီး ယင်းဖြစ်ရပ် ကို အမေရိကန်အစိုးရနှင့် နိုင်ငံ တကာအစိုးရသိရန် ကြိုးစားမည် ဟုလည်း ဦးမောင်မောင်ဝမ်းက ရေးသားထားသည်။
 ဦးမောင်မောင်ဝမ်းသည် သြဂုတ် ၆ ရက်တွင် ထိုင်းနိုင်ငံသို့ ရောက်ရှိသွားပြီဖြစ်ပြီး ထိုင်းနိုင်ငံ တွင် အင်္ဂလပ်စာအခမဲ့သင်ကြား ပေးရန်စီစဉ်နေကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ