ကမ္ဘာ့အလှမယ်ပြိုင်ပွဲ များတွင် အကြီးကျယ်ဆုံးပြိုင်ပွဲ တစ်ခုဖြစ်သည့်
မယ်ကမ္ဘာပြိုင်ပွဲ သို့ သွားရောက်ယှဉ်ပြိုင်ရန်
နိုင်ငံကိုယ်စားပြုအလှမယ်ရွေး ချယ်ပွဲကို ပထမဆုံးအကြိမ်ပြု
လုပ်သွားမည်ဖြစ်ကြောင်း ပွဲဖြစ် မြောက်ရေးတာဝန်ယူထားသည့် Forever BEC-Tero
မှကိုစိုးသူရ ကပြောသည်။
ယင်းပြိုင်ပွဲတွင် ပါဝင်ရန် ယှဉ်ပြိုင်လိုသူများ၏လျှောက် လွှာများကို သြဂုတ် ၁၈ ရက်မှ ၂၂ ရက်အထိ လက်ခံပေးသွား မည်ဖြစ်ပြီး သြဂုတ် ၂၅ရက်တွင် ပြိုင်ပွဲဝင်ဆန်ခါတင် ၂၀ဦးကို ရွေးချယ်သွားမည်ဟု ၎င်းကပြောသည်။
ဆန်ခါတင် ၂၀ ဦးရွေးချယ်ပြီးပါက ပရဟိတလှုပ်ရှားမှု အစီအစဉ်များအဖြစ် ခဝဲခြံမျက်မမြင်ကျောင်းနှင့် နှင်းဆီကုန်းဘိုးဘွားရိပ်သာတွင်ပြုလုပ်သွားရန် စီစဉ်ထားပြီး ခရီးစဉ်အနေဖြင့် ထိုင်းနိုင်ငံဖူးခက်နှင့် စင်ကာပူနိုင်ငံများသို့ သွားရောက်ရန် စီစဉ်ထားကြောင်း ကိုစိုးသူရကပြောသည်။
‘‘ဆန်ခါတင်ရွေးပြီး တစ် လအကြာစက်တင်ဘာ ၂၇ ရက်မှာ နောက်ဆုံးပြိုင်ပွဲကြီးလုပ်ဖို့ရည် ရွယ်ထားတယ်’’ဟု ၎င်းကပြော သည်။
မယ်ကမ္ဘာပြိုင်ပွဲသို့သွား ရောက်ယှဉ်ပြိုင်နိုင်ရန် ပထမဆုံး အကြိမ်ပြုလုပ်ခြင်းဖြစ်ပြီး ဆုရရှိ သူသည် ဒီဇင်ဘာအတွင်း လန် ဒန်မြို့သို့သွားရောက်ယှဉ်ပြိုင်ရ မည်ဖြစ်သည်။
ပြိုင်ပွဲဝင်လိုသူများအနေ ဖြင့် တက္ကသိုလ်ရိပ်သာလမ်းရှိ VINO DI ZANOTTI စားသောက် ဆိုင်တွင် သြဂုတ် ၂၂ ရက်နောက် ဆုံးထား၍ လျှောက်လွှာရယူ လျှောက်ထားနိုင်မည်ဖြစ်သည်။

၂၀၁၃ မယ်ကမ္ဘာပြိုင်ပွဲတွင် ဖိလစ်ပိုင်မယ်အား သရဖူဆုချီးမြှင့်နေစဉ် MADE NAGI/EPA

No comments:
Post a Comment