Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, August 24, 2014

iPhone ကြောင့် မြေအောက် ရထားဘူတာထဲတွင် ထူးထူးခြားခြား ရန်ဖြစ်ခဲ့ကြသည့် တရုတ်စုံတွဲ

အလွန်စိတ်ဆိုးနေသော မိန်းကလေးတစ်ဦးက အမျိုးသားတစ်ဦးကို တရွတ်ဆွဲသွားသည့် မြင်ကွင်းမျိုးသည် တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်၏ မြေအောက်ရထား စင်္ကြံပေါ်တွင် တွေ့နေမြင်နေကျ အခြေအနေမျိုး မဟုတ်နိုင်ပေ။ iPhone ကို မျက်စိမခွာစတမ်း ဂိမ်းကစားနေသည့် အမျိုးသားအပေါ် အလွန်ဒေါသထွက်နေသည့် ချစ်သူ မိန်းကလေးက အကြမ်းနည်းဖြင့် တုံ့ပြန်ပုံမှာ မျက်မြင်များအတွက် အံ့ဩစရာ ဖြစ်ခဲ့ရသည်။


မိန်းကလေးသည် iPhone ကို အသုံးမပြုရန် သူမ၏ ချစ်သူကို ပြောကြားခဲ့သည်။ ၎င်းက နားမထောင်ဘဲ ဂိမ်းကိုသာ သည်းသည်းမည်းမည်း ဆက်ကစားနေရာ မိန်းကလေးက အလွန်အမင်းစိတ်ဆိုးသွားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ စုံတွဲသည် မြေအောက်ရထားတွဲတစ်ခုပေါ်သို့ တက်လာရာမှ အခြေအတင် ဖြစ်ခဲ့ခြင်းဟု ဆိုသည်။ ပြဿနာ စခဲ့ပြီးနောက် မိန်းကလေးက အမျိုးသားကို ၎င်း၏ ခုံပေါ်မှ အတင်းဆွဲချပြီး လက်ထဲမှ ဖုန်းကို လုသည်။ အမျိုးသားကလည်း ၎င်းတန်ဖိုးထားသည့် အီလက်ထရောနစ် ကိရိယာကို လုံးဝ လက်လွတ်မခံဘဲ ငြင်းဆိုနေသည်။
ထို့နောက်တွင်မူ ထိန်းမနိုင် သိမ်းမရ ဒေါသပေါက်ကွဲနေသည့် မိန်းကလေးက သူမ၏ ချစ်သူကို ရထားတွဲပေါ်မှ ဆွဲချကာ ဘူတာစင်္ကြံတစ်လျှောက် တရွတ်ဆွဲသွားခြင်း ဖြစ်သည်။ အမျိုးသားသည် ထိုမျှ အကျပ်အတည်း ဆိုက်ရောက်နေသည့် အခြေအနေတွင်ပင် ဖုန်း၏ Screen ကို လှမ်းကြည့်နေဆဲ ရှိသည်ကို တွေ့ရသည်။

အစောပိုင်းတွင် အနီးအနားရှိ လူအများက ယင်းဖြစ်ရပ်မှာ မိုဘိုင်းဖုန်း ကုမ္ပဏီ တစ်ခုခု၏ ကြော်ငြာစတန့်ထွင်မှု တစ်ခုဟု အထင်မှားခဲ့သေးသည်။ ထို့နောက်ပိုင်းတွင်မှ အခြေအနေ ဆူပွက်လာကြောင်း သတိထားမိလာကြသလို ဖြစ်ရပ်ကိုလည်း ဓာတ်ပုံများ ရိုက်ယူထားခဲ့သည်။ တစ်ကြိမ်တွင် မိန်းကလေးသည် အမျိုးသား၏ မေးရိုးကို ခြေထောက်ဖြင့် တွန်းကန်ရင်း လက်ထဲမှ ဖုန်းကို ဆွဲလုနေသည်ကိုပင် တွေ့ရသည်။
မျက်မြင်တစ်ဦးဖြစ်သည့် ယွမ်ဖန်းက “တော်တော်ဆိုးတဲ့ အခြေအနေပဲ။ သူတို့စုံတွဲ အော်ကြီးဟစ်ကျယ် အပြန်အလှန် ပြောနေတာကို ကြောက်လန့်ပြီး ကလေးတစ်ယောက် ထငိုတာတောင် တွေ့လိုက်သေးတယ်။ နောက်တော့ မိန်းကလေးက ဖုန်းကိုလုဖို့ ကြိုးစားရင်း အခြေအနေတွေ ဆိုးကုန်တော့တာပဲ”ဟု ပြောကြားခဲ့သည်။ သူမက “ကောင်လေးက နောက်ကလိုက်လာတာ။ ကောင်မလေးက ရုတ်တရက်လှည့်ပြီး ဖုန်းကို လုတော့တာပဲ။ ဘူတာမှာ ရထားတံခါး ပြန်မပိတ်ခင် စင်္ကြံပေါ် ပြန်ရောက်သွားကြတယ်။ ကောင်မလေးက ဖုန်းကိုလွှတ်ဖို့ချည်း အော်ပြောနေတယ်လေ။ အဖြစ်ကတော့ အစတည်းက တော်တော်ကြမ်းတယ်”ဟုလည်း မှတ်ချက်ပြုခဲ့သည်။

နောက်ပိုင်းတွင် မိန်းကလေးမှာ အတန်ငယ် စိတ်လျှော့လိုက်ဟန်ရှိပြီး အမျိုးသားကို အခြားလူစီးတွဲ တစ်ခုပေါ် ပြန်ဆွဲတင်လာခဲ့သည်ကို တွေ့ရသည်။ သူမက ချစ်သူကို ချိုင်းကြားမှ လက်လျှိုကာ ဆွဲတင်သွားချိန်ထိ အမျိုးသားက iPhone ကို မျက်ခြေပြတ်မခံဘဲ ကြည့်နေသည်ကိုလည်း တွေ့ရှိရသည်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ