Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, August 6, 2014

(၆)-“စင်္ကာပူအလုပ်သမားဝန်ကြီးဌာနမှ S-pass, EP အခြေခံလစာများ တိုးတက် ပြောင်းလဲသတ်မှတ်”

ယခုနှစ် ဂျူလိုင်မှစတင်၍ စင်္ကာပူအလုပ်သမားဝန်ကြီး အနေဖြင့် နိုင်ငံတကာကျွမ်း ကျင်လုပ်သား များ အပါအ၀င်၊ ပြည်တွင်း (အချိန်ပြည့်) လုပ်သားများ၏ အခြေခံလာစာများကို တိုးမြှင့်သတ်မှတ် လိုက် ကြောင်းသိရသည်၊၊

နိုင်ငံတကာအလုပ်သမားများအတွက် အလုပ်ရှင်များမှပေးဆောင်ရမည့် levy ကြေးမြှင့်တင်လိုက်ပြီးမကြာခင် ယခုကဲ့သို့  အခြေခံလစာများတိုးမြှင့် သတ်မှတ် လိုက်ခြင်းဖြစ်သည်၊၊
စင်္ကာပူနိုင်ငံရှိလုပ်ငန်းရှင်များ၏ အဆိုအရ စီးပွားရေးအကျပ်အတဲကာလမှ လွန်မြောက်ပြီး၊ စီးပွားရေးလုပ်ငန်းများတိုးတက် ကောင်းမွန်လာကြောင်းနှင့် လုပ်သား လိုအပ် ချက်များပါ ရှိလာကြောင်း၊ ယခုသတင်းထုပ်ပြန်ချက်ပါ Levy ကြေးများ တိုး မြှင့်ခြင်းနှင့် နိုင်ငံတကာလုပ်သားများ၊ ပြည့်တွင်းအချိန်ပြည့် လုပ်သားများ ၏ အ ခြေခံလုပ်ခလစာများ တိုးတက်ပြောင်း လဲသတ်မှတ်ခြင်းသည် စင်္ကာပူရှိလုပ်ငန်းရှင်များအား ကျွမ်းကျင်လုပ်သားများကို စနစ်တစ်ကျ ရှာဖွေခန့် အပ်ရန်၊ တွန်း အား ပေးခြင်းတစ်မျိုးဖြစ်ကြောင်း စင်္ကာပူအလုပ်သမားရေးရာကျွမ်းကျင်သူများက သုံးသပ်ပြောကြားသည်၊၊
ယခုကဲ့သို့ အခြေခံလစာများတိုးမြှင့်ရာတွင်၊ ပြည့်တွင်းအလုပ်သမားများ၏ လစာကို S$ 650 မှ S$ 850 သို့ ၎င်း၊ S-pass ကိုင်ဆောင်သူများအတွက် မူလ အခြေခံ လစာ S$ 1800 မှ S$ 2000 သို့ လည်းကောင်း၊ Employment Pass ကိုင်ဆောင် ထား သူများတွင် EP အမျိုးအစားအလိုက် Q1 Type အတွက် လစာ S$ 2500 မှ S$ 2800 သို့  ၄င်း၊ P2 အမျိုးအစားအတွက် လစာ  S$ 3500 မှ S$ 4000 သို့ ၎င်း၊ P1 အဆင့် လျောက်ထားသူများအတွက် ယခင်လစာ S$ 7000 မှ S$ 8000 သို့ အသီးသီး တိုးမြှင့်သတ်မှတ်လိုက်ကြောင်းသိရသည်၊၊
စင်္ကာပူအလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောကြားရာတွင်၊ စင်္ကာပူနိုင်ငံသား၊ ကော်လာဖြူ အလုပ်သမား များ၊ ပရော်ဖက်ရှင်နယ်များ၊ မန်နေဂျာများ၊ အမှုဆောင်အရာရှိများ၊ အင်ဂျင်နီယာများအနေဖြင့်၊ အလုပ်အကိုင် နေရာများ အတွက် နိုင်ငံတကာမှ ကျွမ်းကျင်သူလုပ်သားများနှင့် ယှဉ်ပြိုင်နေရသည်မှာ မှန်သော် လည်း၊ စင်္ကာပူနိုင်ငံအနေနှင့်အဆိုပါ နိုင်ငံတကာကျွမ်းကျင်လုပ်သားများကို တံခါးပိတ်ထား၍ မရနိုင်ကြောင်း ထည့်သွင်းပြောကြားသွားခဲ့ပါသည်၊၊
“အခုလို S-pass အခြေခံလစာတွေ တိုးမြှင့်လိုက်တယ် ဆိုပေမယ့် Supply နဲ့  Demand သဘောတရားအရ လက်တွေမှ လစ နှိမ့်ပြီးရနေကြတဲ့ အဖြစ်အပျက် တွေကတော့ရှိ နေနိင်ပါသေးတယ်၊၊ ဥမပာ S-pass လစာ S$ 1800 တုန်းကလည်း၊ အလုပ်အရှင်အနေနဲ့  အရည်အချင်းတူ လစာ S$ 1500 နဲ့ လုပ်နိုင်တဲ့သူတွေက တန်းစီနေတော့ Contract ကို S$ 1800 နဲ့ ထိုးပြီး၊ ပေးတော့ S$ 1500- 1600 ပေးတာမျိုးတွေရှိနေပါတယ်၊၊”
“ဆိုလိုတာက အခြေခံလစာ S$ 2000 လို့  သတ်မှတ် လိုက်သော်လည်း၊ တကယ့်ဥပဒေကို လိုက်နာမဲ့ ကုမ္မဏီကြီးတွေက တော့ သူတို့  S$ 2000 ပေးနိုင်တဲ့ သူကိုပဲ ရှာခန့် အပ်ပါလိမ့်မယ်၊၊ SME လို့ ခေါ်တဲ့  Small and Median Enterprise တွေကတော့ လုပ်ခပေါပေါနဲ့  လုပ်နိုင်တဲ့သူတွေကိုပဲဦးစားပေးနေနိင်ပါသေးတယ်၊၊”
ကျွန်တော်တို့မြန်မာနိုင်ငံကခလေးတွေကိုရှင်းပြခြင်တာက၊ သူတို့ အလုပ်အကိုင်လိုခြင်တာကို ကိုယ်ခြင်းစာပါတယ်၊၊ ဒါပေမဲ့ သိပ်ပြီးလုပ်ခဈေးပေါပေါတွေနဲ့ တော့ ဘယ်နေရပြီးရောဆိုပြီးမတိုက်တွန်းခြင်ပါဘူး၊၊ တကယ်ဆိုရင် လစာသိပ် နည်းရင်၊ သူတို့  အတွက်လည်းပင်ပန်းတာမဲ့အဖတ်တင်မှာစိုးပါတယ်၊၊

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ