Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, September 12, 2014

9/11 အောက်မေ့ဖွယ် အမေရိကန်နိုင်ငံတဝှမ်း ကျင်းပ








အမေရိကန်ပြည်ထောင်စုကို ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့က အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရတဲ့ ၁၃ နှစ်မြောက် ၀မ်းနည်းဖွယ် အထိမ်းအမှတ် နှစ်ပတ်လည် အခမ်းအနားကို အမေရိကန်နိုင်ငံသားတွေ ကြာသ ပတေးနေ့က ကျင်းပခဲ့ကြပါတယ်။

နယူးယောက်မြို့က ကမ္ဘာ့ကုန်သွယ်ရေး ဌာန WTC တည်ရှိခဲ့ရာနေရာ၊ ပင်တဂွန် စစ်ဌာနချုပ်နဲ့ Pennsylvania ပြည်နယ်၊ Shanksville မြို့တို့မှာ သေဆုံးသွားကြတဲ့ လူပေါင်း ၃၀၀၀ လောက်ရဲ့ မိသားစုဝင်တွေ၊ အသိမိတ်ဆွေတွေ စုဝေးပြီး သူတို့ရဲ့ နံမည်တွေကို ရွတ်ဖတ်ခဲ့ပါတယ်။

နယူးယောက်မြို့ ကမ္ဘာ့ကုန်သွယ်ရေးဌာန အဆောက်အဦး နှစ်ခုထဲက တခုကို၊ ပြန်ပေးဆွဲခံရတဲ့ ပထမ ခရီးသည်တင် လေယာဉ်နဲ့ ၀င်တိုက်ခဲ့တဲ့အချိန်နဲ့ အချိန်ကိုက် ပြုလုပ်တဲ့ အောက်မေ့ဘွယ် အခမ်းအနားကို သမ္မတ Barack Obama နဲ့ သမ္မတကတော် Michelle Obama တို့က ဦးဆောင်ပြီး သမ္မတအိမ်ဖြူတော်
တောင်ဘက်မြက်ခင်းပြင်မှာ ကျင်းပခဲ့ပါတယ်။

ပြန်ပေးဆွဲခံခဲ့ရတဲ့ တတိယလေယာဉ်နဲ့ ၀င်တိုက်ခံခဲ့ရတဲ့ အမေရိကန် စစ်ဌာနချုပ် ပင်တဂွန်မှာ ကျင်းပတဲ့
အောက်မေ့ဘွယ် အခမ်းအနားကိုလည်း သမ္မတ အိုဘားမား တက်ရောက်ခဲ့ပါတယ်။ ပင်တဂွန် တိုက်ခိုက်မှု အတွင်း လူပေါင်း ရာနဲ့ချီ သေဆုံးခဲ့ရ တာလည်း ဖြစ်ပါတယ်။

ကမ္ဘာ့ကုန်သွယ်ရေးဌာန တိုက်ခိုက်ခံရတုန်းက ရိုက်ကူးထားတဲ့ မှတ်တမ်း ဓါတ်ပုံတွေ၊ ပစ္စည်း အပိုင်းစတွေ ကို ပြသထားတဲ့ September 11 ပြတိုက်ဖွင့်ပြီးတဲ့နောက် 9/11 နှစ်ပတ်လည်ပွဲကို နယူးယောက်မြို့မှာ ပထမ ဆုံးအကြိမ် ကျင်းပခြင်းလည်း ဖြစ်ပါတယ်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ