Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, September 12, 2014

ရုပ်​ရှင်​၊ဗီဒီယို ဆင်​ဆာစနစ်​ဖျက်​သိမ်းမည်




၂၀၁၅ ခုနှစ် ဇန်နဝါရီ၁ရက်မှစ၍ ရုပ် ရှင်၊ ဗွီဒီယိုဇာတ်ကားများနှင့် သက်ဆိုင်သည့် လုပ်ငန်းများ အားလုံး ဆင်ဆာတင်ရန်လုံးဝ မလိုအပ်တော့ကြောင်း သိရ သည်။

ယခင်က မြန်မာဗွီဒီယိုနှင့် ရုပ်ရှင် ဇာတ်ကား များ၊ ယင်းတို့ နှင့် သက်ဆိုင်သောကြော်ငြာ၊ ပိုစတာ၊ ကာဗာဓာတ်ပုံများ၊ ဒီဇိုင်းများ အစရှိသည်တို့အား အများပြည်သူသို့ ဖော်ပြရန်အ တွက်လုပ်ဆောင်ရာ တွင် မြန်မာ နိုင်ငံ ဆင်ဆာအဖွဲ့သို့တင်ပြ၍ ခွင့်ပြုချက်ရယူနေရခြင်းအား ၂၀၁၄ ခုနှစ် ဇန်နဝါရီ၁ရက်မှ စတင်ကာ ဖြေလျှော့ လိုက်ပြီဖြစ် ကြောင်း မြန်မာ့ ရုပ်ရှင်လုပ်ငန်း မှ ညွှန်ကြားရေးမှူး ဦးသိန်းထွန်း အောင်က ပြောသည်။

''ဆင်ဆာနဲ့ပတ်သက်ပြီး တော့ ကျွန်တော်တို့ဘက်ကို လုံးဝတင်ပြစရာ မလိုတော့ပါ ဘူး။ အဲဒီလိုတင်ပြစရာမလိုအပ် တော့တာကိုလဲ မြန်မာ့ရုပ်ရှင် လုပ်ငန်းကနေပြီးတော့ တရား ဝင် သတင်းထုတ်ပြန်သွားဖို့ရှိ ပါတယ်''ဟု ယင်းကဆိုသည်။

၂၀၁၄ခုနှစ်မှ စတင်ကာ ရုပ်ရှင်ဗွီဒီယိုဇာတ် ကားများနှင့်ပတ်သက်၍ ဆင်ဆာတင်ပြရခြင်း၊ ဆင်ဆာထောက်ညွှန်ခြင်းများ လုံးဝပြုလုပ်တော့ မည် မဟုတ်တော့သောကြောင့် ယင်းကာလမှ စတင်ကာပုံနှိပ်ထုတ်ဝေခြင်းနှင့် သက်ဆိုင်သော ဥပဒေ၊ ဓာတ်ပုံပိုင်ဆိုင်ခွင့်၊ အမြင်မသင့်တော် သောကိစ္စရပ်များနှင့်ပတ်သက်၍ ဖြစ်ပေါ်လာ မည့်ကိစ္စရပ်များ ရုပ်ရှင်၊ ဂီတအစည်းအရုံးများ မှ ကြိုတင်ညှိနှိုင်းဆောင်ရွက်ရန်လိုအပ်ကြောင်း နှင့် ရုပ်ရှင်ဇာတ်ကားများထုတ်လုပ်ဖြန့်ချိသော ထုတ်လုပ်သူများမှ ဖြစ်ပေါ်လာမည့်ကိစ္စအဝဝတို့ အား တာဝန်ယူဖြေရှင်းပေးရမည်ဖြစ်ကြောင်း သိရသည်။

ယခင်က ဗွီဒီယိုဇာတ်ကားများ ရိုက်ကူးပြီး စီးပါကဗွီဒီယိုဆင်ဆာအဖွဲ့သို့ တင်ပြ၍ ဆင် ဆာအဖွဲ့၏ထောက်ပြချက်များအား ပြင်ဆင်ခြင်း၊ ဖြတ်တောက်ခြင်း၊ ပြန်လည်ရိုက်ကူးခြင်းအစ ရှိသော လုပ်ငန်းဆောင်တာ များကိုထုတ် လုပ်သူ များနှင့် ဒါရိုက်တာအစရှိသောတာဝန်ရှိသူ များ တိုင်ပင်၍ ပြင်ဆင်ရကြောင်း သိရသည်။ ဗွီဒီယိုဆင်ဆာအဖွဲ့မှ ဦးမျိုးဇော်အောင် က ''ဆင်ဆာမကြည့်တာ တော်တော်ကြာပြီ။ ဘာဖြစ်လို့ မကြည့်တာလဲဆိုတဲ့ အကြောင်းပြ ချက်ကတော့ အများ ကြီး ရှိတယ်။ ဆင်ဆာမကြည့် ရသေးဘဲနဲ့ သူတို့ ဘာသာသူတို့ အခွေဖြန့်မယ် ဆိုရင်လဲ ရတယ်။ ဒါပေမဲ့ ဖြစ်လာသမျှတာဝန် အားလုံးကို သူတို့ဘာသာသူတို့ဖြေရှင်းကြလေ။ ဒီဘက်ကလုံးဝဖြေရှင်းပေးမှာ မဟုတ်ဘူး။ ဆင် ဆာမ ကြည့် ဘူးဆို ပေမယ့် ထုတ်လုပ်ရေးက ဒီဇာတ်ကားဖြန့်ပါတော့မယ်ဆိုပြီးတော့ လာပြရင် သူတို့ကို ဘယ်အခန်းကတော့မသင့်တော်ဘူး ဆိုတာမျိုးကိုပြောတယ်။ စာပို့တယ်၊ သူတို့ကရပြီ ဖြန့်တော့မယ်ဆိုရင်ရတယ်။ ခံဝန်ထိုး လက်မှတ် ထိုးပြီး ရင်ဖြန့်လို့ရပြီ။ ကျန်တဲ့ဖြစ်လာသမျှ ပြဿနာအားလုံးကတော့ သူတို့တာဝန်ယူရမှာ ပဲ''ဟု ရှင်းပြသည်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတွင် ယခင် ကဆင်ဆာဖြတ်တောက်ရန်အတွက် ပြင်ဆင် ရမည့်အချက်များအား ပြင်ဆင်စေရန်အတွက် တရားဝင် ထုတ်ပြန်ကြော်ငြာချက်များရှိသော် လည်း ယခုအခါတွင် တရားဝင်ထုတ်ပြန်ခြင်း များမရှိတော့ ကြောင်း သိရသည်။

''ကျွန်တော်တို့လောကသားတွေမှာ အခြေ အနေအမျိုးမျိုးရှိပါတယ်။ ဗွီဒီယိုတစ်ကားထွက် ဖို့အတွက် ခက်ခက်ခဲခဲထုတ်လုပ်ရတာတွေရှိ တယ်။ အဲဒီလိုအချိန်မျိုးမှာ ဆင်ဆာအဖွဲ့က ပြည်သူလူထုကို ပြသခွင့်မရှိဆိုတဲ့ထောက်ညွှန် ချက်မျိုး ဖြစ်လာ ရင် အစည်းအရုံးကနေကြားဝင် ပြီး ထုတ်လုပ်ရေးနဲ့ နှစ်ဖက်ခေါ်ဆွေးနွေးမယ်။ သူတို့ဘက်က ဒီလိုမျိုးဖြတ်တောက်ပေးနိုင်မယ် ဆိုရင်လဲဖြတ်ပေးမယ်။ မဖြတ်ပေးနိုင်ဘူး ဆိုရင်လဲ ကျွန်တော်တို့ဘက်ကပဲ အတတ်နိုင်ဆုံး ကြားဝင် ဆောင်ရွက် ပေးမယ်။ ဆင်ဆာဖြတ်တောက်မှု ရှိနေတာကို မနှစ်သက်တဲ့အထဲမှာ ကျွန်တော် လဲပါပါတယ်''ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံးဥက္ကဋ္ဌ သရုပ်ဆောင်လူမင်းက ပြောသည်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ